♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 18, 2016

" သမီးနဲ့ အဖေလားလို့ ခဏခဏအထင်ခံနေရတဲ့ စုံတွဲ "





အချစ်မှာ မျက်စိမရှိဘူးဆိုတာကို ဗြိတိန်နိုင်ငံက စုံတွဲတစ်တွဲကတော့ သက်သေပြလိုက်ပါပြီ။ သမီးနဲ့ အဖေလို့ ထင်ရလောက်အောင်ကို အသက်ကွာခြားပေမယ့်လည်း သူတို့နှစ်ယောက်ကတော့ အချစ်စစ်တွေနဲ့ သူတို့တကယ်မေတ္တာမျှနေတယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။



အသက် ၂၆ နှစ်အရွယ် နယူးကာဆယ်သူ Samantha Moloney နဲ့ အသက် ၄၀ ရှိပြီဖြစ်တဲ့ David Milburn တို့ဟာဆိုရင်တော့ သူတို့ သူငယ်ချင်းတစ်ယောက်ရဲ့ ပါတီတစ်ခုမှာ တွေ့ခဲ့ပြီးတော့ ချစ်ကျွမ်းဝင်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်ဟာ တွဲပြီး အစပိုင်းလအနည်းငယ်မှာတော့ လူတွေရဲ့ ဝေဖန်သံတွေကို ကြောက်ရွံ့ခဲ့ပြီး ပေါ်ပေါ်ထင်ထင်လည်း မတွဲရဲခဲ့ကြပါဘူး။ လူတွေအလယ်သွားရင်လည်း သားအဖလို့ပဲ အထင်ခံခဲ့ရပါတယ်။


အခုဆိုရင်တော့ သူတို့နှစ်ယောက်ဟာ ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက်တော့ဘဲ ပတ်ဝန်းကျင်ရဲ့ ဝေဖန်သံတွေကို လျစ်လျူရှုထားလိုက်ပြီလို့ ရင်ဖွင့်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပထမဆုံး ရင်သွေးလေးကိုလည်း လွယ်ထားရပြီး မိသားစုဝင်တစ်ယောက်တိုးလာတော့မှာကို ရင်ခုန်နေတယ်လို့လည်း ပြောပါတယ်။



" ကျွန်မတို့ ပုန်းလျှိုးနေမှာမဟုတ်တော့ဘူး။ ကျွန်မတို့ကို ဟာသအမြင်လို လာကြည့်နေကြတဲ့ လူတွေကိုလည်း ဂရုမစိုက်နိုင်တော့ပါဘူး။ ကျွန်မ မိဘတစ်ယောက်ဖြစ်လာမှာကိုအရမ်းရင်ခုန်နေပြီ။ အသက် ၂၅ နှစ်ပြည့်ပြီးတဲ့နောက်မှာ မိခင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ပြီလို့ ကိုယ့်ကိုကိုယ် ယုံကြည်နေတယ် " လို့  ကိုယ်ဝန်ဆောင်ချိန် ၁၅ ပတ် ရှိနေပြီဖြစ်တဲ့ Samantha Moloney က ပြောပါတယ်။





( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail

Credit : http://knowledge.thithtoolwin.com/2016/01/blog-post_55.html

No comments:

Subscribe

လာလည်သူများ

free counters