♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 17, 2016

" သစ္စာမရှိခြင်းက vasopressin ဟော်မုန်းနဲ့ ဦးနှောက်ထဲက ဗီဇဆဲလ်များကြောင့်ဟုဆို "

 
လူတွေဘာကြောင့် ဖောက်ပြန်ကြသလဲဆိုတာ သိနိုင်ဖို့အတွက် အမေရိကန်နိုင်ငံမှ အိမ်ထောင်ရေးနှင့်မိသားစုရေးရာ ကုထုံး ဂျာနယ်တစ်စောင်ဖြစ်တဲ့ the Independent မှ သုတေသနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သုတေသနလုပ်ရာမှာ ပါဝင်တဲ့ အမျိုးသား၅၇% နဲ့ အမျိုးသမီး ၅၄%က အနည်းဆုံး တစ်ကြိမ်ခန့် ဖောက်ပြန်ဖူးတယ်လို့ ဝန်ခံခဲ့ပါတယ်။
 
ကုထုံးပညာရှင်များနဲ့ စိတ်ရောဂါ ကျွမ်းကျင် ပညာရှင်များက သစ္စာမရှိရခြင်း အကြောင်းရင်းကို သိပ္ပံနည်းကျ ရှာဖွေဖို့ ကြိုးစားတဲ့အခါမှာ ဦးနှောက်အတွင်းမှာရှိတဲ့ ဓာတုပစ္စည်းများကြောင့်လို့ တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုအရ စေတနာ့ ဝန်ထမ်း ၂၀၀ နီးပါးရဲ့ ဦးနှောက်အတွင်းမှ သာယာမှုကို ထိန်းချုပ်တဲ့ အာရုံကြောလှုံဆော်ဆဲလ် dopamine D4 ရဲ့ အရှည်ကို တိုင်းတာခဲ့ပါတယ်။ ၄င်းဆဲလ်ရှည်လျားတဲ့ လူတွေက ပိုတိုတဲ့ သူတွေထက် ဖောက်ပြန်တာကို တွေ့ရှိခဲ့ရပါတယ်။
 
နောက်ထပ် ဖောက်ပြန်မှုနဲ့ဆိုင်တဲ့ သိပ္ပံနည်းကျ အချက်တစ်ချက်လည်းရှိပါသေးတယ်။ ဒါကတော့ vasopressin ဟော်မုန်း ဖြစ်ပါတယ်။ဒီဟော်မုန်းက လိင်ဆက်ဆံတဲ့ အချိန်အတွင်းမှာထွက်တဲ့ oxytonin ဟော်မုန်းလိုပဲဖြစ်ပြီး ၄င်းဟော်မုန်း ပုံမှန်ရှိသင့်တဲ့ ပမာဏထက် နိမ့်နေတဲ့ သူတွေက ပိုပြီးဖောက်ပြန်တာကို တွေ့ရှိခဲ့ပါတယ်လို့ သုတေသန စစ်တမ်းအရ လေ့လာ တွေ့ရှိခဲ့ပါတယ်။
 
Ref:timesofindia.indiatimes

No comments:

Subscribe

လာလည်သူများ

free counters