♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 20, 2016

" နေ့တိုင်း လုပ်သင့်တဲ့ လေ့ကျင့်ခန်း(၃)မျိုး "

နေပုံထိုင်ပုံမမှန်လို့ လည်ပင်း၊ ပုခုံးနဲ့ နောက်ကျောတွေ နာကျင်နေပါသလား။ ဒါမှမဟုတ် ဂိမ်းကစားတာ၊ အင်တာနက်
သုံးတာတွေကြောင့် အထိုင်များနေပါသလား။ အခုဖော်ပြထားတဲ့ လေ့ကျင့်ခန်းသုံးခုကို နေ့တိုင်းလုပ်ဆောင်ကြည့်
သင့်ပါတယ်။

12109275_1640128869584718_5490292510137905084_n
 လေ့ကျင့်ခန်း(၃)မျိုးပုံ

လေ့ကျင့်ခန်း () – နံရံကပ်လက်မြှောက်ခြင်း
နံရံတစ်ခုကို ကျောမှီပြီး ဒူးကိုအနည်းငယ်ကွေးညွတ်ပြီး ရပ်လိုက်ပါ။ ပြီးတော့ လက်မောင်းတွေကို ဆန့်တန်းထားပြီး လက်တွေကို နံရံနဲ့ထိကပ်ပြီးထောင်ထားပါ။ ပြီးရင်တော့ လက်တွေကို ဆန့်ထုတ်ပြီး မြှောက်ပေးပါ။ သင်ထိုင်တဲ့အခါမှာ ထိုင်တဲ့ပုံစံမှန်တယ်ဆိုရင် ဒီလေ့ကျင့်ခန်းလုပ်တဲအခါမှာ သင့်ရဲ့ ရင်အုပ်က အရမ်းကြီးကြွတက်လာမှာ မဟုတ်ပါဘူး။ ထိုင်တဲ့ပုံစံမမှန်ဘူးဆိုရင်တော့ ရင်အုပ်ကအတော်ကို ကြွတက်လာမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ် ထိုင်ရင်သတိထားပြီး မတ်မတ်ထိုင်ဖို့လိုပါတယ်။
ဒီလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ပုခုံးနဲ့ နောက်ကျောပိုင်းမှာ သက်တောင့်သက်သာရှိစေမှာ ဖြစ်ပါတယ်။ အကောင်းဆုံးရလဒ်ရရှိဖို့အတွက် တစ်နေ့ကို ၁၀ ကြိမ် ဒါမှမဟုတ် ၁၅ ကြိမ် သုံးခါ လုပ်ပေးသင့်ပါတယ်။

လေ့ကျင့်ခန်း() – ခြေတစ်ဖက်ထောင်ပြီး တင်ပါးပင့်မြှောက်ခြင်း
အထိုင်များခြင်းဟာ သင့်ရဲ့ကိုယ်နေဟန်ထားကို ပုံပျက်စေပါတယ်။ တောက်လျှောက်ကြီးအထိုင်များတဲ့အခါမှာ
တင်ပါးအရှေ့ပိုင်းက ကြွက်သားတွေက ကျုံ့ပြီးတင်းလာပါတယ်။ ဒါ့အပြင်တင်ပါးကြွက်သားတွေက ပြေလျော့ လွန်းသွားတတ်ပါတယ်။ ဒါ့ကြောင့် တင်ပါးပင့်မြှောက်တဲ့လေ့ကျင့်ခန်းကို လုပ်ဆောင်သင့်ပါတယ်။
ကြမ်းပြင်မှာ ကျောခင်းပြီးလှဲလိုက်ပါ။ ဒူးတွေကိုအနေတော်ကွေးပြီးထောင်ထားပါ။ ပြီးရင်တော့ ခြေထောက်ကို ကွေးလျှက် မတင်ပြီး ဒူးနေရာလောက်ကနေ လက်နှစ်ဖက်နဲ့သိုင်းကိုင်ထားပါ။ ပြီးမှ သင့်တင်ပါးတွေကို ပင့်မြှောက်ပေးပြီး မြှောက်လျှက်သားအတိုင်း ()စက္ကန့်လောက် ငြိမ်နေပါ။ ပြန်ချပါ။ ဒီလေ့ကျင့်ခန်းဟာ ပေါင်ကြွက်သားတွေနဲ့ အားနည်းနေတဲ့ နောက်ပိုင်း ကြွက်သားတွေကို သန်မာတောင့်တင်းလာစေနိုင်ပါတယ်။ တစ်ဖက်ကို ငါးခါစီလောက်လုပ်ပေးဖို့လိုအပ်ပါတယ်။

လေ့ကျင့်ခန်း() – ခါးအထက်ပိုင်းလှည့်ခြင်း
ဒီလေ့ကျင့်ခန်းဟာလည်း သင့်ခန္ဓာကိုယ်အထက်ပိုင်း အနေအထားမှန်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ အထိုင်များတဲ့လူတွေဟာ လက်ပြင်ကုန်းလာတတ်ကြပါတယ်။ ဒီလို လက်ပြင်ကုန်းနေတဲ့ ကိုယ်နေဟန်ကို ပြုပြင်ဖို့ ကိုယ်အထက်ပိုင်းလှည့်လေ့ကျင့်ခန်းကို လုပ်ဆောင်ပေးသင့်ပါတယ်။ ကြမ်းပြင်မှာ ဒူးထောက်လိုက်ပါ။ ပြီးရင် ရှေ့ကိုကုန်းပြီး လက်မောင်းတွေကို ဆန့်တန်းထားပြီး သက်တောင့်သက်သာဖြစ်သလောက် လေးဘက်ထောက်လိုက်ပါ။ ခါးကို ပုံမှန်အတိုင်းဆန့်နေပါစေ။ ညာဖက်လက်နဲ့ ညာဖက်နားထင်ကို ထိထားပြီး ညာဖက်တံတောင်ဆစ်ကို ဘယ်ဖက်တံတောင်ဆစ်နဲ့ ထိပါ။ ပြီးရင် အပေါ်ဖက်ကို တတ်နိုင်သလောက် အနေအထားအထိ မတင်ပြီးလှည့်ပါ။ ခေါင်းကိုပါ လိုက်လှည့်ပေးရမှာ ဖြစ်ပါတယ်။ တဖက်ကို (၁၀)ကြိမ်စီ လောက် လုပ်ပေးရုံနဲ့ တောင့်တောင့်ဖြောင့်ဖြောင့်ကိုယ်ဟန်အနေအထားကို ရရှိမှာဖြစ်ပါတယ်။


No comments:

Subscribe

လာလည်သူများ

free counters