♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 18, 2016

" ထန်းပင်ပေါ်ရှိ ငြမ်းစင်ပေါ်တွင် ထန်းရည်တက်သောက်ရာက ပြုတ်ကျ၍ သေဆုံး "

မူးတဲ့အရာကို အမြင့်တက်သောက်တော့ မဖြစ်သင့်တာတွေဖြစ်ကြရတော့တာပဲ..

နေပြည်တော်၊ ဧပြီ ၁၇
၂၀၁၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ပါးပြင်းကျေးရွာအုပ်ချုပ်ရေးမှူးမှ လူတစ်ဦးထန်းပင်ပေါ်က ပြုတ်ကျသဖြင့် သေဆုံးသွားကြောင်း အကြောင်းကြားချက်အရ ထီးလင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ပါးပြင်းကျေးရွာနေ ဦးကျော်ဝင်း(ခ) ငဝင်း(၄၇)နှစ်သည် နေအိမ်ဝန်းအတွင်း အမြင့်(၂၅)ပေခန့် ထန်းပင်ပေါ်ရှိ ငြမ်းစင်ပေါ်တက်၍ ထန်းရည်သောက်ရာက ငြမ်းစင်ယာဘက်တွင်ချည်ထားသော ဝါးနှီးကြိုးပျက်ကျသဖြင့် ငြမ်းစင် စောင်းသွားစဉ် ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့်
ထီးလင်းမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၆)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်‬
 
 

No comments:

Subscribe

လာလည်သူများ

free counters