♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 21, 2016

" ထိုင်းကိုသွားမယ်ဆိုရင် ဒါတွေရှောင်ပါ "

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မြန်မာလုပ်သား သိန်းချီသွားရောက်လုပ်ကိုင်ရာ နေရာဖြစ်ပါတယ်။ ဒါကို အချို့က လုပ်အားယိုစိမ့်မှုလို့ အဓိပ္ပါယ်သတ်မှက်ကြပြီး တကယ်လည်း ဒေသတွင်းလုပ်အားခ နည်းပါးခြင်း၊ အလုပ်အကိုင် ရှားပါးခြင်း၊ ကုန်စည်ဈေးနှုန်းကြီးမြင့်ခြင်း စတဲ့အားနည်းချက်တွေကြောင့်ဖြစ်တယ်လို့ သုံးသပ်ရပါတယ်။ ထိုင်းနိုင်ငံကို မလွှဲမသွေသွားရောက်ရတာမျိုးရှိရင်လည်း အောက်မှာ ရှောင်ကြဉ်စရာ (၈)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မည်သည့်အခြေအနေမှာဖြစ်ဖြစ် တားမြစ်မူးယစ်ဆေးသုံးစွဲခြင်/ ပက်သက်မှု ရှောင်ကြဉ်ပါ၊

မူးယစ်ဆေးသုံးစွဲဖို့ မဆိုထားနဲ့ သုံးစွဲသူတွေအနားမှာ ယောင်လည်လည်လုပ်နေမိလို့ ရဲနဲ့ကွိရင် အနိမ့်ဆုံး ထောင်ဒဏ် (၈)နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

(၂) သားရိုင်းတိရစ္ဆာန်များကို ခွင့်ပြုချက်မဲ့ ဓာတ်ပုံမရိုက်ရ ( သားရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်လိုပါတယ်)

သိလို့ဖြစ်စေ မသိဘဲဖြစ်စေ သားရိုင်းတိရစ္ဆာန်များကို ခွင့်ပြုချက်မဲ့ ဓာတ်ပုံရိုက်မိလို့ သက်ဆိုင်ရာက တွေ့သွားရင် ဒဏ်ငွေဆောင်ရနိုင်ပါတယ်။

(၃) ဆင်သွားလမ်းကို (အကူအညီမပေးဘဲ) မလုရ/ ဆင်သွားလမ်းကို မပိတ်ရ

ဒါကလည်း ဥပဒေအရ တားမြစ်ထားပြီး ဆင်ဟာ ၎င်းတို့နိုင်ငံရဲ့ လာဘ်တိရစ္ဆာန်ဖြစ်သလို၊ လူတွေတိုင်းက အထွဋ်အမြတ်ထားပါတယ်။ ဆင်တွေကို အကူအညီတစ်စုံတရာ မပေးနိုင်ဘဲ ဆင်သွားလမ်းကို ပိတ်ရင်လည်းဒဏ်ငွေ ဆောင်ရမှာပါ။

(၄) အရာဝတ္ထုတွေကို ခြေထောက်နဲ့ ညွှန်မပြရ/ညွှန်ပြတဲ့ သဘောမသက်ရောက်စေရ

ဒါကတော့ ယဉ်ကျေးမှုအရ တားမြစ်ထားတာဖြစ်ပြီး အခြားဘာရာဇ၀တ်မှုမှ မရှိပေမယ့် မြန်မာနိုင်ငံမှာလည်း အရာဝတ္ထုတွေကို ခြေထောက်နဲ့ ညွှန်ပြရင် ရိုင်းတယ်လို့ ယူစကြပါတယ်။

(၅) Patpong လမ်းရဲ့ အပေါ်ထပ် Bar တွေကို မ၀င်ပါနဲ့

Patpong လမ်းဟာ ခရီးသွားတွေ ဆွဲဆောင်ရာ နေရာဖြစ်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အပေါ်ထပ်မှာ ဖွင့်ထားတဲ့
Bar တွေဟာ ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်လှပြီး ဒုက္ခရောက်သွားနိုင်ပါတယ်။

(၆) ယာဉ်စီးခအတွက် တက္ကစီဆရာကို ညှိနှိုင်းမှု မပြုပါနဲ့

ကြိုက်သလောက် သွား၊ ကျသလောက်ရှင်း စနစ်ဖြစ်ပါတယ်။ ပိုက်ဆံမပါလို့ ဘာညာ ညှိနှိုင်းလို့ မရပါဘူး။ မှန်ကန်တဲ့ မီတာစနစ်နဲ့ မောင်းတာဖြစ်တဲ့အတွက် ဘယ်သွားသွား ဈေးနှုန်းသင့်ပါတယ်။ တစ်ခုရှိတာက မီတာကို မယုံကြည်ဘူးဆိုရင် အနီးဆုံးရဲစခန်းမှာ တိုင်ကြားနိုင်ပါတယ်။

(၇) ဘာသာရေးအဆောက်ဦတွေမှာ လျှော့တိလျှော့ရဲ၊ မလုံမခြုံမ၀တ်ဆင်ရ

ဒါကလည်း မြန်မာနိုင်ငံနဲ့ နည်းနည်းဆင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ရွှေတိဂုံကဲ့သို့သော နေရာတွေမှာ စကပ်တို ဘောင်းဘီတိုနဲ့ သွားရင် ဂေါပကအဖွဲ့က ထဘီစသည်ထုတ်ပေးပေမယ့် ထိုင်းမှာကတော့ ဒဏ်ငွေဖြစ်ပြီး ရောက်တဲ့နေရာကနေ ဆွဲထုတ်ခံရနိုင်ပါတယ်။

(၈) ထိုင်းဘုရင်မင်းမြတ်နဲ့ အနွယ်တော်တွေကို စော်ကားခြင်း/စော်ကားသည်ဟု ယူစခံရခြင်း မဖြစ်အောင် ရှောင်ကြဉ်ပါ

ထိုင်းနိုင်ငံမှာတော့ အကြီးလေးဆုံးရာဇ၀တ်မှုတွေထဲမှာ ပါဝင်ပါတယ်။ ထိုင်းဘုရင်မင်းမြတ်နဲ့ အနွယ်တော်တွေကို စော်ကားရင် အနိမ့်ဆုံး ထောင်ဒဏ် (၁၀)နှစ်မှ အမြင့်ဆုံး နှစ်(၂၀)ကျော်အထိ ကျခံရနိုင်ပါတယ်။ စော်ကားသည်ဟု သံသယရှိခဲ့ရင်လည်း ချက်ချင်း(မဆိုင်းမတွ) အရေးယူခံရပြီး တရားရင်ဆိုင်ရတဲ့ ကာလဟာ သက်တမ်းတစ်ဝက်လောက်အထိ ရှိတယ်လို့-ဆိုပါတယ်။

နတ်စည်တော် (Shwemom)
Credit : http://www.lwinpyin.com/2016/04/blog-post_297.html

No comments:

Subscribe

လာလည်သူများ

free counters