♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 22, 2016

" ဆယ်ဖီဓါတ်ပုံထဲမှာ ကိုယ်အလေးချိန် ၁၅ ပေါင်လျှော့ချပေးမယ့် အက်ပလီကေးရှင်း "

 
Susan Green နဲ့ Robin J. Phillips ဆိုသူတွေဟာ ကိုယ်အလေးချိန် ၁၅ ပေါင် ကို ကင်မရာက လျှော့ချပေးနိုင်မယ့် အိုင်ဒီယာ ကို အခြေခံပြီး SkinneePix ဆိုတဲ့ အက်ပလီကေးရှင်း တစ်ခုကို ဖန်တီးထုတ်လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် သင့်ရဲ့  iPhone သို့မဟုတ် Android ဖုန်းမှာ ပြီးပြည့်စုံတဲ့ သင့်ရဲ့  မျက်နှာကို ရိုက်ကူးထားတဲ့ ဆယ်လ်ဖီဓါတ်ပုံတွေအတွက် ဒေါ်လာ ၉၉ ပြားတော့ အကုန်ကျခံရပါလိမ့်မယ်။

Pretty Smart Women ဆိုတဲ့ ကုမ္မဏီ ကို တွဲဖက်တည်ထောင်ခဲ့ကြတဲ့ Green နဲ့ Phillips တို့ဟာ ဓါတ်ပုံတွေက ကျွန်ုပ်တို့ရဲ့  တိကျတဲ့ ကိုယ်စားပြုမှုကို အမြဲတမ်း မပြသ နိုင်ဘူးဆိုတာကို မီးမောင်းထိုးပြခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့  ဓါတ်ပုံတွေဟာ အပြင်ဘ၀မှာထက် ပိုမို ၀နေတယ်လို့ ထင်ရပြီး ရှုထောင့်အယူအဆ အမှားတွေနဲ့ အလင်းအမှောင်တွေက အဲဒီလို ဖြစ်လာအောင် ဖန်တီးလိုက်တယ်လို့ သူတို့ ၂ ယောက်က ယုံကြည်ထားပါတယ်။

“ဒါဟာ အကယ်၍သင် အစားကောင်းကောင်း စားမယ် ၊ လှုပ်ရှားမှုများများ လုပ်မယ် ၊ ကျန်းမာအောင်နေမယ်ဆိုင် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ပြသမှာပါ။” လို့ Phillips က The Guardian သတင်းဌာနကို ပြောပြခဲ့ပါတယ်။ဒါပေမယ့်လည်း ဒီလို အကောင်းမြင် လှုံ့ဆောင်မှုတွေဟာ အစစ်အမှန် မဟုတ်တဲ့ ဆယ်လ်ဖီ ဖြစ်နေမှန်း သင်သိသွားတဲ့အခါမှာ သင့်အနေနဲ့ နည်းနည်းတော့ အာရုံနောက်လာမိမှာပါ။ ဘာလို့လည်း ဆိုတော့ ထို ဓါတ်ပုံထဲက သင်ဟာ အပြင်ဘ၀က သင်နဲ့ မတူညီလို့ပါ။

ဒီ အက်ပလီကေးရှင်းရဲ့  လုပ်ဆောင်ချက်တွေဟာ လက်ရှိမှာ ၀ နေပြီး ပိန်ချင်နေသူတွေအတွက် အသုံးဝင်နိုင်ပေမယ့် အစားအသောက် ပျက်နေသူတွေဟာ ဒီ အက်ပလီကေးရှင်းကို ကျန်းမာရေး နဲ့ ညီညွတ် စေမယ့် လုပ်ဆောင်ချက် တစ်ခုအနေနဲ့ အသုံးပြုချင်မှာ မဟုတ်ပါဘူး။ အစားအသောက်ပျက်နေသူတွေနဲ့ ပတ်သက်ပြီး ထူးချွန်တဲ့ စိတ်ပညာ ကုသသူ
Fulvio ရဲ့  ပြောကြားချက်အရတော့ အစားအသောက်ပျက်နေတဲ့ မိန်းကလေးတွေဟာ သူတို့ရဲ့  မျက်နှာတွေကိုပဲ အထူးအာရုံစိုက်နေကြတဲ့အတွက် အစစ်အမှန်မဟုတ်တဲ့ ရလဒ်တွေဟာ သူတို့အတွက် ကြီးမားတဲ့ ပြဿနာ တစ်ရပ်
 ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။
Ref:yourtango

Credit : http://www.aungsanlin.com/2016/02/blog-post_432.html

No comments:

Subscribe

လာလည်သူများ

free counters