♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 1, 2015

" ပုလဲလေးလို သွားကမဖြူ မီးခဲလေးလို နီနီရဲပ ပျို့ချစ်သူ"

လူတိုင်းလူတိုင်းက သွားလေတွေကို ပုလဲဥလေးတွေလို ဖြူဖွေးဝင်းလက်နေတာကိုဘဲ တွေ့ချင်
ကြတယ်...ပိုင်ဆိုင်ချင်ကြတယ်....သွားဖြူအောင် ဆေးအမျိုးမျိုးနှင့် တိုက်ချွတ်ကြတယ်...သွား
ဖွေးဖွေါ်နှင့် မမလေးတွေကိုတွေ့ရင် ရင်ထဲက လှိုင်းတံပိုးတွေ ထန်လာပြီး စိတ်ကမ်းခြေကနှလုံး
သား အပင်ရိုင်းလေးတွေရဲ့ အကိုင်းအခက်တွေလည်း လူးလွန့် လှုပ်ရှားလားပြီး..ဆိုင်းဝိုင်းမှာ
ပတ္တလားတွေ တီးနေသလားအောင့်မေ့ရအောင် ဖြစ်သွားတတ်တာပါဘဲ.....သွားဖြူဖြူ မယား ဖြူ
ဖြူ...သင်းကြူကြူ ပါးပြင်မှာ...သနပ်ခါးလေးလူးပေးမယ်....ဘယ်တလှည့် ညာတလှည့် ဆယ်ခါစီ
နမ်းမယ်....ရောရောသမလို့ ပါးကွက်လေးကွက်ကာ ရောသမဘလော့ဂ်ထဲ ဝင်လာကွယ်...အဲ
လေ ဘာတွေဖြစ်ကုန်ပြီလဲ? သြော်..သွားဖြူဖြူလေးတွေနှင့် နှိုင်းစာရင် သူတို့လေးတွေကိုကော
ကြည့်လို့ရနိုင်ပါ့မလား....ချစ်လို့ကောဝနိုင်ပါ့မလား....



" ဒေါ်ဒေါ်က ဒီလိုရီပြီးမှ ကွမ်းဝါးရတာက အရသာရှိတာ သားတိုရဲ့  "
ရဲဆိုမှ ရဲ နီနီရဲတဲ့ လားကွယ်....ဘဘချစ်တဲ့ ၅၀ ကျော် မမကြီးရယ်....ငိငိငိ...


"ဘူဒွေ ဘာပေါပေါ ဒို့ကဒေါ့ ဒီလိုဘဲ ချားဒတ်တာ ..ဒါ..ကွား(မ်) ဟုတ်ဘူးနော်"
ဒို့ဂ ပါပူအာနယူးဂီနီက ကွ...
"အောင်မာ.....ဟရောင်..မင်းနော်.... ငါဒို့လဲ ပါပူအာနယူးဂီနီကပါကွ"
သွားရဲရဲ အသားမဲမဲ....နှလုံးထဲက ချစ်တာလားကွယ်...ရွာခေါ်သွားမယ်..ဖေဖေ မေမေ သဘော
ကျရင်လက်ထပ်ကြမယ်.... မောင်ကြီးချစ်တဲ့ ရောသမနှတို့ရယ်...စိတ်ဆိုးနှင့်ကွယ်....တကယ်
ပြောတာပါကွယ်....ဟောဒိ ပါးစပ်လေးဖွင့်ပြမယ်...မောင်အချစ်က ရဲလှတယ် ...နီနီလေးနော်...
 " သြော်...မင်းတို့ကလဲ ပြောမှ ပြောတတ်ပလေတယ်...အဟင်းဟင်းဟင်း..ဒေါ်ဒေါ်က ဒီလို
လေး ရီပြမှ အားရတာ......ဖလိုင်းကစ်စ် ပေးရမလား...အာဘွားဘဲ လာပေးရမလား....စိတ်
ကောင်းနေတုန်းနော်.......တော်ကြာ စိတ်ပြောင်းသွားရင် အနမ်းမိုးမရွာပေးတော့ဘူး...ဟွန်း..
 
" အာာာာာားးး...မီးလှလားဟင်"      ဒီသငယ်မတော့လေ...တော်တော်လေး ထိမ်းမရပါလား...
ကွားး(မ်) တွေဘာတွေစာလို့...လူကြီးတွေ မသိတုန်းခိုးစားတာ ထင်ပ....နေအုန်း နေအုန်း...
သူ့ အမေလာမှ ..လေထိုးလိုက်မယ်....
"လေထိုးစရာ မလိုပါဘူးရှင်....ကျမဒီမှာပါ...ကျမကိုယ်တိုင် သမီးလေးကို ကျမလို "သနီမ" ဖြစ်
အောင် ထရိန်နင်ပေးထားတာ"....ဟိဟိဟိ...ဗျစ် ထွီ.....
"သြော်....ဟတ်လား...အဟီးဟီးဟီး...တိပါဘူးဗျား....ကျော်လဲ "သနီလေ" ဒမှာကြည့်"
"ဟားဟားဟား...မင်းကတော့လုပ်ပြီကွာ...."သနီ"ဆိုတာ ငါပါကွ...မင်းကမဲနေပြီ..ဟီး...."
 
 " ဟာာာာ ဖေဖေကလဲ....သားလဲ နီပါဒယ်ဂျ... သားလဲ ဖေကြီးလို "သနီ" လုပ်မှာဂျ "

" အေးပါကွာ...မင်းတို့ သားအဖတွေကလဲ....စကားဘဲ များနိုင်လွန်းတယ်...ကွားး(မ်) ဝါရတာ
ဖီးပျက်တယ်ကွ.."
 
"ရှင်ကလည်း ..သူတို့ ပျော်တာ ပျော်ပါစေ....လာလေ..ညာလေးကိုယ်တိုင်ယာကျွေးမယ်...
သြော်..ဒါနှင့် ဝါးကော ဝါးကျွေးရမလား...ပြောနော်..အားနာနှင့်တိလား...."

" ဒကဒဲ...အရေးထဲ ညည်းက.."ဖွန်ကြော်"နေရသေးတယ်...ခ်ခ်ခ်ခ်..ဗျစ်ထွီ...."


 "ကောင်မတွေရေ....ငြိမ်ငြိမ်နေစမ်း....ဒီမှာ ပါးစပ်ခြောက်နေတယ်..ဝါးစရာမရှိဘူး..."


"သြော်..ဟတ်လားမမ.. ညာလေးဝါးထားတာလေး..ချားလိုက်နော်....နူးအိနေတာဘဲ.."

 
" အမေလး...ရီရတယ်အေ...ပေါက်ပေါက်ရှာရှာ...ညည်းတို့ဘဲ တတ်နိုင်ပ အဟီးဟီးဟီး"


" ခ်ခ်ခ်ခ်....ဟတ်တယ်နော်..မမရီးရေ...တော်ကြာ..ဖွဘုတ်ထဲ ရောက်နေအူးမယ်"
 "အေးကွာ...ငါလဲ မင်းတို့ စကားကို နာထောင်ရင်း ပီတိထွေဖြာပြီး ကွားး(မ်)သွေးတွေ ဖြာစင်း
လာတော့တာဘဲ"


 "ဟတ်တယ်ဗျာ...ကိုရီးရာ.....ကွမ်းသွေးနီနီ ချစ်ချင်သည်...ကွမ်းသွေးရဲရဲ...ချစ်ကြင်ပွဲ...လွမ်းရ
ပါသည်...မကြည်ကြည်.....ငယ်ငယ်တုန်းက...ချစ်သူဆီ..အပြေးလာမည်...
 " အဟတ် ဟားဟားဟားဟား.....အမလေးတော့ ရှင်က အခုထိ ဒီသီချင်းဆိုနေတုန်းဘဲလား
အိမ်ရောက်မှ အသေနှက်မယ်...ဟိဟိ"


 " ကဲ ကဲ တော်ကြ တော်ကြ...အချိန်တန်ပြီ...သွားကြစို့ ပရိတ်သတ်တွေလည်း ညောင်းကုန်
ရော့မယ်...."

 "အေးပါကွာ.....ခဏလေး..ဒီမှာ ကွမ်သီစ...သွားကြားညှပ်နေလို့ပါ..."
 "ချစ်ရေ တွေ့လား....လူတွေက ကိုယ်တို့ကိုကြည့်ပြီး...သဘောကျနေကြသဒဲ့"

အားလုံးသော မိတ်ဆွေများကို အထူးလေးစားလျက်.......
  ((ရောသမပေါက်စီ))

မှတ်ချက်။ ။ ကွမ်းစားသူများကို.....ရည်ရွယ်ထားချင်းမဟုတ်ပါ.....ပေါက်စီကိုယ်တိုင် နေ့စဉ်
ကွမ်းစားလွန်းလို့ လျှာတွေထူနေပါပြီ........ဟာသအဖြစ် ပျော်စေ ရွှင်စေ ဖြစ်စေလိုတဲ့ အနေနှင့်
တင်ဆက်ထားရခြင်းဖြစ်ပါတယ်........








No comments:

Subscribe

လာလည်သူများ

free counters