♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 6, 2015

"လွင်ပြင်ကျယ်ကြီးထဲ ရွက်လွင့်ကျောက်တုံးကြီးတွေရဲ့ လျို့ဝှက်ချက်အဖြေတွေ့ရှိ"

 
Death Valley National Park ရှိ Racetrack Playa လို့ ခေါ်တဲ့ ဧရာမကွင်းပြင်ကျယ်ကြီးထဲက ကျောက်တုံးတွေရဲ့ရွေ့လျားမှုကြောင့် ဖြစ်လာတဲ့ အထင်းကြောင်းတွေကို တွေ့မြင်ကြသူတိုင်း ဇဝေဇဝါ နားမလည်နိုင်အောင်ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ သုတေသနပညာရှင်နှစ်ဦးက ၎င်းကျောက်တုံးတွေဟာ လေတွေတိုက်၊ ရာသီဥတုတွေ သာယာနေတဲ့ နေ့တွေမှာ ပါးလွှာပြီးပြောင်ချောနေတဲ့ ရေခဲပြားချပ်တွေ တွန်းတိုက်လို့ ရွှေ့သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ ဒါကို “ရေခဲတွန်းထုတ်ခြင်း” ( ice shove) လို့ခေါ်ပါတယ်။ ကျွန်တော် အဲဒီအဖြစ်အပျက်ကို ကြည့်ပြီး အရမ်းအံ့အားသင့်သွားတယ်
လို့ James Norris က LA Times ကို ပြောပြပါတယ်။ မိုးရေချိန်များတဲ့ နေရာတစ်ခုမှာ ထူးခြားတဲ့ အာတိတ်က ရာသီဥတုမျိုးတွေ တွေ့ရတဲ့ ကျောက်တုံးတွေတွန်းတိုက်ခံရနေတယ်။
သူတို့ ကျောက်တုံးတွေရွှေ့ရှားတဲ့ ထူးခြားဖြစ်ရပ်ဆန်း အကြောင်းလေ့လာနေတဲ့ James Norris နဲ့ သူ့အစ်ကိုဝမ်းကွဲ Richard Norris တို့ရဲ့ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တစ်ခုကြောင့် ဒီတွေ့ရှိချက်ကို ကံကောင်းစွာ သိရှိလိုက်တာဖြစ်ပါတယ်။ ကွင်ပြင်ကြီးထဲ ကင်မရာကို ကာလရှည်ကြာစွာ အတည်ချိနှ်ထားပြီး ရိုက်ထားတဲ့ကင်မရာပြကွက်ကို စစ်ဆေးကြည့်ရှုဖို့ သွားရောက်တဲ့ အချိန် ဒီဇင်ဘာလမှာတော့ ဒီကျာက်တုံးတွေ ရွေ့လျားနေတာကို မျက်စိနဲ့ တပ်အပ်တွေ့မြင်ခဲ့တာဖြစ်ပါတယ်။ ကွင်းပြင်တစ်ခုလုံးမှာ ပေါ့ပ်မြူးဇလစ်လို တချပ်ချပ်မြည်သံတွေဖြစ်နေခဲ့တယ်။ “ဒါ့ကြောင့်ကိုး” လို့ ကျွန်တော့်ညီအကိုတွေတောင်ပြောလိုက်တယ်လို့ Norris ကဆိုပါတယ်။
အရေအတွက် (၆၀) လောက်ရှိတဲ့ ကျောက်တုံးတွေ တရိပ်ရိပ်ရွေ့လျားလို့ ကွင်းပြင်ကြီးထဲ အရာတွေကျန်ရစ်စေတာကို ရပ်ကြည့်နေခဲ့ကြပါတယ်။ အဲဒီကျောက်တုံးတွေရဲ့ရွေ့လျားမှု အရှိန်ထက် နို့စို့ကလေးတွေတောင် ဒီ့ထက် မြန်အောင်သွားနိုင်တယ်လောက်တယ်လို့ Norris က မှတ်ချက်ပေးထားပါတယ်။ ကျောက်တုံးတွေ ပတ်လည်လည်ပြီး အခေါက်ခေါက် အခါခါ လျောရွေ့နေကြပါတယ်။ မိနစ်တစ်သန်းအတွင်း မိနစ်အနည်းငယ်သာ ဒီဖြစ်စဉ်ဖြစ်ပျက်တာကြောင့် အရင်က ဒီဖြစ်စဉ်ကို သတိမပြုမိခဲ့တာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။
အဲဒိရေမရှိတဲ့ ကန်ကြီးရဲ့ဘေးကတောင်တွေပေါ်မှာ ဆောင်းတွင်ကြရင် ရေတွေခဲနေတတ်ပြီး အဲဒီရေခဲတွေက ပျောကကျလာတဲ့အခါ ကန်ထဲကို ရေခဲတွေရောက်ကုန်တယ် ကန်ထဲမှာရေတွေခဲနေတတ်ပါတယ်..အပူချိန်ရာသီကို စတာနှင့်ရေခဲတွေတဖြည်းဖြည်း ကွဲအက် ပျော်ကျလာတဲ့အခါ ကွဲအက်တဲ့ အရှိန်နှင့်အတူ ကျောက်တုံးတွေကိုတဖြည်းဖြည်း ရွေ့လျားစေတာလည်းဖြစ်ပါတယ်..အောက်ခံ
မြေသားက ရွံ့တွေနှင့်ချောမွတ်နေပါတယ်..ရေခဲတွေက ချောမွတ်နေတဲ့ မျက်နှာပြင်ပေါ်မှာရှိနေပြီး သူ့အပေါ်ကနေ ကျောက်တုံးတွေက အလွယ်တကူ ရွေ့သွားတာဖြစ်ပါတယ်....
Source: BBC
Credit : trend myanmar

No comments:

Subscribe

လာလည်သူများ

free counters