♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 2, 2015

" ခြေထောက်ကို အသုံးပြုပြီး ခင်ပွန်း ဖြစ်သူ ဦးခေါင်း ဆံပင်ကို မုတ်ဆိတ်ရိတ်ဓားနဲ့ ရိတ်ပေးခြင်း "



အမျိုးသားတွေဟာ မုတ်ဆိတ်ရိတ်ဓားကို ကိုယ်တိုင်ပဲ အသုံးပြုလေ့ရှိ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွမ်းကျင်စွာ မကိုင်တွယ် တတ်ရင် ဒဏ်ရာ အနာတရတွေ ရသွား တတ်ကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ မှာတော့ အသက် (၄၉) နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦး ကတော့ ခင်ပွန်း ဖြစ်သူ ဦးခေါင်း ဆံပင်ကို မုတ်ဆိတ်ရိတ်ဓား အသုံးပြုပြီး ရိတ်ပေးခဲ့ ပါတယ်။

 ဒီလိုရိတ်ပေး ရာမှာ အမျိုးသမီးဟာ ခြေထောက်ကို အသုံးပြုပြီး မုတ်ဆိတ် ရိတ်ဓားကို ကိုင်တွယ်ခြင်း ဖြစ်ပါတယ်။ မုတ်ဆိတ် ရိတ်ဓားကို ခြေထောက်နဲ့ ဘယ်လို ကိုင်တွယ်သလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်ပေမယ့် တကယ်တမ်း မှာတော့ အဲဒီအမျိုးသမီးပာာ ဘယ်အရာကိုလုပ်လုပ် ခြေထောက်ကိုပဲ အသုံးပြုလေ့ရှိ ပါတယ်။ မန်မာဝမ်ဟာ အသက်ကြီးတဲ့ ယောကျာ်း ကို ယူထားခြင်း ဖြစ်ပါတယ်။


မန်မာဝမ် ယောက်ျားဟာ အသက်(၇၀)နှစ်ရှိနေပြီ ဖြစ်ပါတယ်။ မန်မာဝမ်ပာာ ယောကျာ်း ဖြစ်သူရဲ့ ကိစ္စ မှန်သမျှကို ခြေထောက်နဲ့ပဲ ပြုလုပ်ပေး နေရပါတယ်။ မန်မာဝမ်ဟာ မွေးကတည်းက ပိုလီယိုရောဂါ ခံစားခဲ့ရပြီး မသန်စွမ်းဘ၀ကို ရောက်နေ ပေမယ့် ဘ၀ကို လုံးဝ အရှုံးမပေးဘဲ ခြေထောက်နဲ့ အရာရာ ပြုလုပ်နိုင်အောင် သင်ကြားခဲ့ ပါတယ်။ မန်မာဝမ်ဟာ မုဆိုးမ တစ်ဦး ဖြစ်ပြီး သမီးကလေး တစ်ဦးရှိ ပါတယ်။ အသက် (၃၃) နှစ်အရွယ်မှာ လက်ရှိ ခင်ပွန်း ဖြစ်သူနဲ့ ပေါင်းသင်းခဲ့တာ ဖြစ်ပါတယ်။

မန်မာဝမ်ဟာ မသန်စွမ်း အဖြစ်ကို ရောက်နေ ပေမယ့် အသက်ကြီး နေတဲ့ ခင်ပွန်းကို ပြုစု စောင့်ရှောက်ပေးခဲ့ ပါတယ်။ ထမင်းစားရာ မှာလည်း ခြေထောက်ကို အသုံးပြုပြီး ခွံကျွေးလေ့ရှိ ပါတယ်။ မန်မာဝမ်ဟာ ခြေထောက် ကို အသုံးပြုပြီး အ၀တ်လျော်ခြင်း၊ ဟင်းချက်ခြင်း၊ ဇာပန်း ထိုးခြင်း တို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ မန်မာဝမ်ပာာ စိတ်ထားကောင်းသူ ဖြစ်ပြီး  ဘ၀တူ မသန်စွမ်း တွေကို အကူအညီ တွေပေးနေ တယ်လို့ ဆိုထား ပါတယ်။ မန်မာဝမ်ဟာရဲ့  ခြေထောက်ကို အသုံးပြုပြီး ဦးခေါင်းက ဆံပင်တွေကို မုတ်ဆိတ် ရိတ်ဓားနဲ့ ရိတ်ပေးနေခြင်းကို သည်မေရာ သတင်းစာက ဓာတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ ဖော်ပြခဲ့ပါတယ်။

Credit : ဖိုးသူတော်(www.phothutaw.com)
Credit : Messenger

No comments:

Subscribe

လာလည်သူများ

free counters