♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 7, 2015

" မိန်းမနိုင်နည်း... "


ဘားမှာ သောက်နေကြတဲ့ အမျိုးသားသုံးယောက်ဟာ သူတို့ အိမ်သူတွေကို ဘယ်လိုနှိပ်ကွပ်နိုင်
တယ်ဆိုတဲ့အကြောင်းကို ပြောနေကြပါတယ်။

ပထမ အမျိုးသားနှစ်ယောက်ဟာ သူတို့အမျိုးသမီးတွေ သူတို့ကို ဘယ်လောက်ကြောက်တယ်
ဆိုတာကို အာပေါင်အာရင်း သန်သန်နဲ့ ကြွားလုံး ထုတ်နေကြပါတယ်။

သူတို့ လေလုံးထွားလို့အပြီးမှာ တတိယ အမျိုးသားက "ငါကတော့ ဟိုတနေ့က ငါ့မိန်းမ ..
ငါ့ဆီကို
လေးဖက်ထောက်ပြီး လာရအောင်ကို ပညာပေးလိုက်တာကွ"လို့ ပြောလိုက်ပါတယ်။

သူ့စကားကို ကြားလိုက်ရတဲ့ အမျိုးသားနှစ်ဦးဟာ သူတို့မိတ်ဆွေကို အရမ်းအထင်ကြီးသွားပြီး
မိန်းမကို မီးသေအောင် ဘယ်လိုများ ကိုယ်တွယ်သလဲလို့ မေးလိုက်ကြပါတယ်။

ဒီတော့ တတိယအမျိုးသားပြန် ပြောလိုက်တာက "အိုး .. ဒါက ခုတင်အောက်မှာ ကိုယ်က လှဲအိပ်
နေလိုက်တာလေ။ ဒီတော့ သူက ကိုယ်ဆီ လေးဖက်ထောက် လာရပြီး "ထွက်ခဲ့စမ်းပါ။

ယောက်ျားလို ရန်ဖြစ်စမ်းပါ"လို့ ပြောရတော့တာလေ"တဲ့။

Credit : ဖိုးသူတော် (www.phothutaw.com)
Credit : Myanmar.mmtimes

No comments:

Subscribe

လာလည်သူများ

free counters