♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 6, 2015

" အိမ်လုပ် အီကြာကွေး " (wut yee food house)

 
မနက်စာ၊ အစာပြေ ကော်ဖီပူပူလေး တွဲစားဖို့ အိမ်လုပ် အီကြာကွေလေးပါ။ အဝေးရောက် မြန်မာတွေ အလွမ်းပြေ အီကြာကွေလေး အိမ်မှာ ကိုယ်တိုင် လုပ်စားနိုင်ဖို့ပါ။ လုပ်နည်းအဆင့်ဆင့်ကို ပုံနှင့် တကွဖော်ပြပေးထားတာမို့ လုပ်ရတာလည်း လွယ်ကူမှာပါ။ ခုပဲ
အီကြာကွေ ကြွပ်ကြွပ်လေးကို လုပ်ကြည့်ရအောင်…

preparation time: 4 hrs ၊ cooking time: 15 mins

ပါဝင်ပစ္စည်းများ
  • ရေ – ခွက် ၄ပုံ၃ပုံ
  • ဂျုံ – ၂ခွက် (သို့) ၂၅၀ ဂရမ်
  • yeast – လက်ဖက်ရည်ဇွန်း တ၀က်

  • baking ဆိုဒါ – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
မှတ်ချက် ။ ။ Instant Yeast၊ baking ဆိုဒါ City Mart တွင် ၀ယ်ယူနိုင်သည်။


ပြင်ဆင်နည်း
၁။ အရင်ဆုံး ဇလုံတစ်ခုထဲသို့ ဂျုံ နှင့် ဆီ မှ လွှဲ၍ (ရေ၊ yeast၊ ဆိုဒါ၊ သကြား၊ ဆား) တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။

 

၂။ ပြီနောက် ၅မိနစ်ခန့် အမြုပ်ထလာအောင် စောင့်ပြီမှ ဂျုံမှုန့်၊ ဆီ ထည့်ပြီ ဇွန်းဖြင့် သမအောင် ရောမွှေပါ။



၃။ ဂျုံဒိုး နာနာနုယ်ပြီဆိုလျှင် လက်တွင် ဂျုံကပ်ပေးပြီ ဒိုးကို ပုံတွင်ပါသည့်အတိုင်း ၈ချက် ထိုးပေးပါ။






၎။ ပြီနောက် ဂျုံဘေးသားကို ဆွဲပြီ ပုံတွင် ပါသည့်အတိုင်း ၄ခေါက်ခေါက်ပေးပါ။






၅။ ပြီလျှင် ဂျုံဒိုးကို တဖက်လှန်ပြီ ၈ချက်ထိုး၊ ၄ခေါက်ခေါက် နည်းအတိုင်း ၃ကြိမ် ပြုလုပ်ပေးပါ။
၆။ ဒိုးရပြီဆိုလျှင် ပလတ်စတစ် အကြည်ကို ဆီအနည်းငယ် သုတ်ပြီ ဂျုံဒိုးကို ပတ်ပေးပါ။






ရ။ ပလတ်စတစ်နဲ့ အုပ်ပြီ ၄နာရီခန့် အခန်းအပူချိန်ဖြင့် နုပ်ထားပေးပါ။
အီကြာကွေ ပြုလုပ်နည်း
၁။ ဒိုးရပြီဆိုလျှင် ပလတ်စတစ်ကို ခွာပြီ ဒိုးကို ဂျုံမှုန့်များ ဖြူးပေးပါ။
၂။ ပြီလျှင် ပုံတွင် ပါသည့်အတိုင်း လက်နှစ်ဖက်ဖြင့် ဂျုံဒိုးကို ဘေးတိုက်အရှည်လိုက် အသာလေး ဖြန့်သွားပါ။



၃။ ပြီနောက် ဂျုံဖြတ်ဓား(သို့)ဖြတ်ပြားဖြင့် ၁လက်မအကျယ်၊ အရွယ်လေးများ ပိုင်းဖြတ်ပါ။







၎။ ပြီမှ ဂျုံဒိုးပြား ၂ခုဆီ ထပ်လိုက်ပါ။




မှတ်ချက်။ ။ ဂျုံဒိုးလုပ်နေစဉ် ဒယ်ထဲ ဆီများများ ထည့်ပြီ ပူအောင် တည်ထားပါ။
၅။ ပြီနောက် ပုံတွင် ပါသည့်အတိုင်း တူဖြင့် အလယ်မှ ဂျုံဒိုးပြားကို ဖိလိုက်ပါ။



၆။ အီကြာကွေ စကြော်လို့ရပါပြီ။ ဆီပူနေသော ဒယ်ကို မီးအသင့်တင့်သာ ထားပါ။ ဒိုးကို လက်ဖြင့် အသာအယာ ဆွဲဆန့်ပြီ ဒယ်ထဲ ထည့်ကာ တူဖြင့် တဖက်စီ လှန်ပေး၍ အညှိရောင်သန်းလာသည်အထိ ကြော်ပေးပါ။








ရ။ ထိုနည်းအတိုင်း ကျန်အီကြာကွေများကို ပြုလုပ်ပေးပါ။
၈။ အီကြာကွေ ကြွပ်ကြွပ်လေးကို ကော်ဖီပူပူလေးနဲ့ဖြစ်စေ တွဲဖက်သုံးဆောင်လို့ရပါပြီ…


အောင်မလေးဗျ...စားချင်လိုက်တာဗျာ......မမတို့ရေ...ခုလုပ်ကျွေး..အီးဟီးဟီးးး....

No comments:

Subscribe

လာလည်သူများ

free counters