♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 4, 2015

" ဆယ်ကျော်သက်အရွယ် အရက် သောက်ခြင်းနှင့် ကျန်းမာရေး အန္တရာယ် "

 
ဆယ်ကျော်သက်အရွယ် အရက်သောက်ခြင်းနှင့် ကျန်းမာရေး အန္တရာယ်-အသက် ၂၁နှစ်အောက်အရွယ် ဆယ်ကျော် သက်လူငယ်တွေမှာ အရက်သောက်မယ်ဆိုရင် အယ်လ်ကိုဟောကြောင့် ကျန်းမာရေး အန္တရာယ်ပိုဖြစ်စေနိုင်ပါတယ်။ ကလေးအများစုဟာ အလယ်တန်းကျောင်းသားဘဝနဲ့ ခပ်စောစော ပိုင်းအရွယ်မှာ အရက်ကိုစတင် မြည်းစမ်းကြည့်လေ့ရှိပါတယ်။ ဒါကတကယ်တော့ အန္တရာယ် များလှပါတယ်။ အရက်မှုးနေတဲ့ကလေးတွေဟာ ရာဇဝတ်မှုနဲ့မုဒိမ်းမှုတွေမှာ သားကောင်ဖြစ်နိုင်ခြေများလို့ပါ။ ကျောင်းမှာလည်းဆိုးဝါးတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆယ်ကျော်သက်များ အရက်သောက်ဖြစ်စေသော အဓိက အကြောင်းများ- အယ်လ်ကိုဟောဟာ လူငယ်အများစု ရွေးချယ်လွယ်တဲ့ မှုးယစ်ဆေးတစ်ခုပါပဲ။
လူအများစုဟာ အလွန်ငယ်ရွယ်တဲ့အချိန် ကတည်းက အရက်ကိုအလွန်အမင် သောက်ခဲ့တာကြောင့် အသက်မကြီး သေးခင် အချိန်မှာပဲ ကျန်းမာရေးထိခိုက်မှုကို ကြုံရတတ်ပါတယ်။ အရက်သောက်တာက မြီးကောင်ပေါက်စ အရွယ်တွေမှာ သူငယ်ချင်းအ ချင်းချင်းဆွဲဆောင်မှုကြောင့် ဖြစ်တတ်သလို အရက်ဝယ်ခိုင်းတဲ့ လူကြီး တွေကြောင့်လည်း မြည်းစမ်းသောက်ကြည့်ရာက စွဲသွားတာမျိုးဖြစ် တတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ မိသားစု အိမ်တွင်းရေး အဆင်မပြေတာ၊ ကျောင်းမှာစာမလိုက်နိုင်တာ၊ အပေါင်းအသင်းမှားတာနဲ့ စိတ်ဓာတ်ကျလွယ်တာတွေကြောင့် အရက်သောက်တတ်ကြပါတယ်။ ဆယ်ကျော်သက်အရွယ်တွေမှာ အရက်သောက်လွန်တာကြောင့် မှုးမေ့ ကာသတိလစ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
ဆယ်ကျော်သက်အရွယ် အရက်သောက်ခြင်း၏ ကျန်းမာရေးအန္တရာယ်များ- ဆယ်ကျော်သက်အရွယ်မှာ အရက်ပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ ဘယ်လောက်ပဲသောက်သောက် ဆိုးရွားတဲ့ကျန်းမာရေးထိခိုက် မှုတွေကို ဖြစ်စေနိုင်ပါတယ်။ အရက်နဲ့ ဆက်စပ် နေတဲ့ ကျန်းမာရေးတွေက လူကြီးတွေမှာလည်း ဖြစ်စေနိုင်ပေမယ့် ခန္ဓာကိုယ်အရွယ်အစား ကြီးမားတဲ့ လူကြီးတွေမှာထက် လူငယ် တွေမှာ ထိခိုက်မှုကအလွယ်တကူဖြစ်တတ်ပါတယ်။ ဦးနှောက်ထိခိုက်မှု- အယ်လ်ကိုဟောဟာ ဖွိ့ဖြိုးနေတဲ့ဦးနှောက်ကို ဘယ်လိုထိခိုက်မှုဖြစ် စေသလဲဆိုတဲ့ အချက်ကို သိပံ္ပပညာရှင်တွေက လေ့လာစမ်းသပ်ခဲ့ကြပါတယ်။ ဦးနှောက်ထဲက အပြောင်းအလဲတွေဟာ စမ်းသပ်ရခက်ခဲပေမယ့် အရက်သောက်တာကြောင့် ကြာရှည်မှတ်ဥာဏ်စွမ်းရည်နဲ့ တွေးခေါ်နိုင်စွမ်းကို သိသိသာသာထိခိုက်မှု ဖြစ်စေနိုင်တယ်ဆိုတာကို စမ်းသပ်တွေ့ရှိခဲ့ရပါတယ်။
ဆယ်ကျော်သက် အရွယ်တွေရဲ့ဦးနှောက်ဟာ ဖွိ့ဖြိုးဆဲဖြစ်တာကြောင့် အယ်လ်ကိုဟောရဲ့ ဆိုကျိုးက ပိုပြီးရှုပ်ထွေး တတ်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ လေ့လာမှုအရ တိရစ္ဆာန်တွေကို ဖွိ့ဖြိုးဆဲအဆင့်မှာ အယ်လ်ကိုဟော တိုက်ကျွေးထားတဲ့အ ခါအသက်ကြီးလာချိန်မှာ ဦးနှောက်ထိခိုက်မှု ဖြစ်တာကို ပြသခဲ့ပါတယ်။ အယ်လ်ကိုဟောဟာ မြီးကောင်ပေါက်စ အရွယ် ကတည်းက အရက် သောက်သူတွေမှာ ကြာရှည် မှတ်ဥာဏ်စွမ်းရည်နဲ့ လေ့လာနိုင်စွမ်းကို ဘယ်လိုထိခိုက် စေသလဲဆိုတာကို သေချာ မသိသေး ပါဘူးလို့ လေ့လာသူတွေကဆိုပါတယ်။ အသည်းထိခိုက်မှု- မြီးကောင်ပေါက်စအရွယ် အရက်သောက်ခဲ့သူတွေမှာ အသည်းအင်ဇိုင်းတွေ မြင့်တက်နေပြီး အသည်းထိခိုက်မှု တစ်ချို့အဆင့်ထိ ရှိနေတာကို ဖော်ပြထားပါတယ်။
                            အဝလွန်တဲ့ ဒါမှမဟုတ် ကိုယ်အလေးချိန်များ နေတဲ့ငယ်ငယ်ရွယ်ရွယ်- အရက်သောက်သူတွေမှာ အရက်အသင့်အ တင့်သောက်ထားတာတောင် အသည်းအင်ဇိုင်းတွေ မြင့်တက်နေတာကို ပြသခဲ့ကြောင်း လေ့လာမှုအရ သိရပါတယ်။ ကြီးထွားမှုနဲ့အင်ဒို ခရိုင်းထိခိုက်မှု- ယောကျာင်္းလေးရော မိန်းခလေးပါ အပျိုဖော်၊ လူပျိုဖော် ဝင်စအရွယ်ဟာ ဟော်မုန်းအပြောင်းအလဲနဲ့ဆက်စပ်နေတဲ့ အချိန်ပါ။ ဒီအရွယ်မှာ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ တက်စတိုစတီရုန်း ဟော်မုန်းတွေ မြင့်တက်လာနေပါတယ်။ ဒီဟော်မုန်းတွေက ပုံမှန်အင်္ဂါ ဖွိ့ဖြိုးမှုအတွက် အရေးပါတဲ့ ကြီးထွားမှုဖြစ်စေတဲ့ ဟောမုန်းတွေကိုလည်း အထွက်များစေပါတယ်။
ဒါကြောင့်ဒီအရွယ်မှာ အရက်သောက်တဲ့အခါ ခန္ဓာကိုယ် အင်္ဂါအစိပ်အပိုင်းတွေ၊ ကြွက်သားနဲ့ အရိုးတွေ့ရဲ့ပုံမှန် ဖွိ့ဖြိုးမှု အတွက်လိုအပ်တဲ့ ဟော်မုန်းဟန်ချက် ညီမျှမှုကို ထိခိုက်စေနိုင်ပါတယ်။ တိရဆ္ဆန်တွေကို လေ့လာမှုအရ အပျိုဖော်၊ လူပျိုဖော်ဝင်ချိန် မှာအရက်သောက်တာက မျိုးပွားစနစ်ရဲ့ ကြီးထွားဖွိ့ဖြိုးမှုကို သိသိသာသာ ထိခိုက်စေတာကို တွေ့ရတယ်လို့သိရပါတယ်။
                            မျက်ရှင် အင်တာနက် သတင်းဂျာနယ်မှ ကူးယူတင်ပြလိုက်ပါတယ်။
Credit : decemberboylay.blog

No comments:

Subscribe

လာလည်သူများ

free counters