♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 5, 2015

"ချစ်သူများနေ့အတွက် အမိုက်စား ဆံပင်အပြင်အဆင်တွေကို ခုကတည်းက ကြိုပြင်ကြည့်ထားချင်တယ်ဆိုရင်"

ကိုယ့်ချစ်သူနဲ့နှစ်ဦးတည်းရှိရမယ့် ထူးထူးခြားခြားနေ့လေး တစ်နေ့ဖြစ်တဲ့ ဗယ်လင်တိုင်းနေ့မှာ ဘယ်လိုဆံပင်အပြင်အဆင်လေးနဲ့ ထူးထူးခြားခြား ပြင်ဆင်ဖို့ စိတ်ကူးထားပါသလဲ။ ဆံပင်ဆိုတာက ခုထသွား၊ ခုချက်ချင်း ပုံစံသစ်လုပ်ကြည့်ဖို့ အဆင်မပြေနိုင်ပါဘူး။ ဒါ့ကြောင့် ဗယ်လင်တိုင်းနေ့ မတိုင်ခင်ရက်တွေမှာကတည်းက ကိုယ်နဲ့အဆင်ပြေမယ့် အပြင်အဆင်လးကို ရွေးချယ်ပြီး အိမ်မှာ အစမ်းပြင်ဆင်ကြည့်ဖို့လိုပါတယ်။

၁။အသည်းပုံကျစ်ဆံမြီး

 
အသည်းပုံ ကျစ်ဆံပြီး ကျစ်ဖို့အတွက် အရေးကြီးတာက ခွဲကြောင်းပါပဲ။ ဆံပင်ကို ခွဲထားမှန်အောင် ခွဲယူပြီး ကျစ်ဆစ်မြီး အလိုက်သင့် ကျစ်သွားရင် အဆင်ပြေပါလိမ့်မယ်။


၂။အသည်းပုံကျစ်ဆံမြီးနဲ့ ဆံထုံး ရောစပ်အပြင်အဆင်










ဒီလိုအပြင်အဆင်အတွက် အရေးကြီးတာကလည်း ခွဲထားမှန်ဖို့ပါပဲ။ ခုပုံမှာပြထားသလို ရှေ့ဆံပင်က အလည်ခွဲဖြစ်နေဖို့ရယ် ဦးခေါင်းထိပ်နားကို ခုလို ခွဲထားဖြစ်အောင် ကြိုးစားကြည့်ဖို့ရယ်ပဲ လိုတာပါ။ ကျန်တာကတော့ ကျစ်ဆံမြီးကို ခွဲထားမှန်မှန်ကျစ်သွားရုံပါပဲ။

၃။ဆံပင်ခွေလိမ် အပြင်အဆင်

 
အလုပ်ရှုပ်သိပ်မခံနိုင်ဘူးဆိုရင်တော့ ပုံမှာပြထားသလို ဆံပင်ကို လိမ်ယူပြီး အသည်းပုံလေးဖြစ်အောင် ဖန်တီးလိုက်ပါ။ ဒါက သိပ်အခက်ကြီးတော့ မဟုတ်ပါဘူး။

၎။ကျစ်ဆံမြီးအသည်းပုံဆံထုံး အပြင်အဆင်



အရင်ကလို နောက်တွဲဆံထုံးကိုပဲ အသည်းပုံဖြစ်အောင် ကျစ်ဆံမြီးလေးတွေနဲ့ အပြည့်ဖြည့်နေရာချရမှာပါ။ အရင်ဆုံး ကျစ်ဆံမြီးကျစ်ပြီး အသည်းပုံရအောင် ဖန်တီးကြည့်ပါ။ တစ်ယောက်တည်းအဆင်မပြေရင် သူငယ်ချင်း၊ အစ်မတစ်ယောက်ယောက်ကို ကူညီခိုင်းလိုက်ပါ။

၅။ပိုနီတေးကျစ်ဆံမြီး အပြင်အဆင်






အဲ့ဒီနေ့မှာ ဂါဝန်လေးဝတ်ပြီး ချစ်စရာကောင်းတဲ့ ပုံသဏ္ဍာန်အသွင်အပြင် ဖန်တီးဖို့ စဉ်းစားထားရင်တော့ ဒီဆံပင်အပြင်အဆင်လေးနဲ့ ကွက်တိဖြစ်မှာပါ။ ခွဲထားကို မှန်အောင်ယူပါ။ ပြီးတဲ့အခါ ရှေ့ဆံပင်အပိုင်းလောက်ကတည်းက ကျစ်ဆံမြီးကို ဘေးဘက်ကျစ်ယူလာလိုက်ပြီး အနောက်ကကျစ်ဆံမြီးနဲ့ ပေါင်းကျစ်လိုက်ရမယ့် ပုံစံပါ။
Ref:cosmopolitan.com
Credit : trend myanmar.com
**************
 More pictures..

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

No comments:

Subscribe

လာလည်သူများ

free counters