♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 1, 2015

"ချင်းမိုင်ရောက် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နေသည့် ဧရာမ အနှိပ်သည်ကြီးများ" ကမြင်းစရာရှားလို့ !



ဆင်နင်းခံရသည်ဆိုသော ကိစ္စသည် အိပ်မက်ထဲတွင်ပင် မသက်မသာ ခံစားရမည့် ကိစ္စမျိုး ဖြစ်သည်။ သို့သော်လည်း ထိုင်းနိုင်ငံရှိ ချင်းမိုင်သို့ သွားရောက် လည်ပတ်ကြသည့် ကမ္ဘာလှည့် ခရီးသည် အချို့ကမူ အဆိုပါ အတွေ့အကြုံကို လိုလိုချင်ချင် မြည်းစမ်း ခံစားကြည့်ရန် ဆန္ဒပြင်းပြနေလေ့ ရှိသည်။
ချင်းမိုင်ရှိ တောစပ် ဆင်စခန်း တစ်ခုတွင် ဖွင့်လှစ်ထားသည့် အနှိပ်ခန်း၌ ဧည့်သည်များကို ဆင်များက နင်းနှိပ်ပေးလေ့ရှိပြီး ကမ္ဘာလှည့် ခရီးသွားများကို အဆွဲဆောင်နိုင်ဆုံး နေရာတစ်ခု ဖြစ်လာသည်။

အနှိပ်ခံမည့်သူသည် မြေပေါ်တွင် လှဲအိပ်နေရပြီး (၂)တန်ကျော်မှ (၅)တန်ခွဲထိ အလေးချိန်
အသီးသီးရှိသော အာရှဆင်ကြီးများက ၎င်းတို့ကို ခြေထောက်၊ နှာမောင်းတို့ဖြင့် နှိပ်နယ်ပေးခြင်း ဖြစ်သည်။
အတန်ငယ် အတိမ်းအစောင်း ဖြစ်လိုက်ရုံမျှနှင့် သေဘေးနီးလှသော်လည်း အထူး လေ့ကျင့် သင်ကြားပေးထားသည့် ဆင်ကြီးများကမူ ကျွမ်းကျင်သည့် အနှိပ်သည်များနှယ် ဝန်ဆောင်မှု ပေးနေခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံ၊ ဟာဝိုင်ယီတွင် နေထိုင်သော အီယန် မက္ကလာရင်သည် ထိုင်းနိုင်ငံသို့ သွားရောက် လည်ပတ်ရင်း ဆင်များ၏ နင်းနှိပ်ပေးမှုကို ခံနေသည့် ဧည့်သည်နှစ်ဦး၏ ပုံရိပ်ကို ဗီဒီယိုဖြင့် မှတ်တမ်းတင်လာသည်။ ကိုယ်သုတ်ပဝါ ရုံထားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ မြေပေါ်တွင် လှဲနေပြီး ဆင်တစ်ကောင်က စနစ်တကျ နင်းနှိပ်ပေးနေသည်ကို မက္ကလာရင်က ဗီဒီယို ရိုက်လာခြင်း ဖြစ်သည်။

အဆိုပါ ဆင်ကြီးသည် ရှေ့ခြေတစ်ချောင်းနှင့် နှာမောင်းတို့ကို အသုံးပြုကာ သိမ်သိမ်မွေ့မွေ့ နှိပ်နယ်ပေးနေခြင်း ဖြစ်သည်။ “အာရှတိုက်ကို အလည်အပတ် ခရီးထွက်တော့ တိရစ္ဆာန်တွေကို အသုံးပြုပြီး နှိပ်နယ်ပေးတဲ့ ထူးထူးခြားခြား ဝန်ဆောင်မှုတွေ ကြုံခဲ့ပါတယ်။ မြန်မာ့မျိုးရင်း စပါးအုံးမြွေကြီး လေးကောင်နဲ့ နှိပ်နယ်ပေးတာ အပါအဝင်ပေါ့။ ထိုင်းမှာတော့ ဒီဆာဖာရီ ပန်းခြံပိုင်ရှင်တွေ အနေနဲ့ ဆင်တွေကို အသုံးပြုပြီး အပိုဝင်ငွေ ရပေါက်ရလမ်း ထွင်နိုင်ခဲ့တယ် ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

၎င်းက ဆင်များ နင်းနှိပ်ပေးနေပုံကို သဘောကျသော်လည်း လုံခြုံရေး ရှုထောင့်မှကြည့်လျှင် ကျောချမ်းစရာ ဖြစ်ကြောင်းလည်း ဝန်ခံခဲ့သည်။ “ဆင်တွေ နှိပ်နယ်ပေးတယ် ဆိုတာက နည်းနည်းတော့ စိန်ခေါ်မှု ကြီးတယ်လေ။ ဒီတိရစ္ဆာန်ကြီးတွေရဲ့ အရွယ်အစားနဲ့ ခွန်အားကို ကြည့်ဦး။ အန္တရာယ်တော့ ရှိနိုင်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တော်တော်များများတုန်းက ဆင်တစ်ကောင်က လူတစ်ယောက်ရဲ့ ခြေထောက်ကို တက်နင်းသွားတာ ကျွန်တော် မြင်ဖူးတယ်။

အဲဒီလူ ဘယ်လောက် နာကျင်မလဲ ဆိုတာကို သူ့မျက်နှာ ကြည့်တာနဲ့တင် ခံစားမိတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ခင်ဗျားတို့ အနေနဲ့ သတ္တိရှိတယ် ဆိုရင်တော့ ဆင်တွေ နင်းနှိပ်ပေးတဲ့ အတွေ့အကြုံကို စမ်းကြည့်သင့်တယ် မဟုတ်လား”ဟု မက္ကလာရင်က ပြောကြားသွားသည်။

Credit : ဖိုးသူတော်(www.phothutaw.com)
Credit : 7day Daily

No comments:

Subscribe

လာလည်သူများ

free counters