♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 5, 2015

" ကိုယ့်ချစ်သူကို အရမ်းချစ်မိသွားတဲ့ မိန်းကလေးအများစုက ………"


ကိုယ့်ချစ်သူကို အရမ်းချစ်မိသွားတဲ့
မိန်းကလေးအများစုက ………

ကိုယ့်ချစ်သူအပေါ် ကလေးတစ်ယောက်လို
ဆိုးနွဲ့တတ်ပေမဲ့ လူကြီးတစ်ယောက်လိုလဲ ဆုံးမပေး
တတ်ပြန်တယ်


ဘယ်လိုပဲ စိတ်ဆိုး စိတ်ကောက်မှုလေးတွေ
ရှိနေပါစေ ကိုယ့်ချစ်သူအပေါ် နားလည်မှုလေးတွေနဲ့
ခွင့်လွှတ်မှုလေးတွေ ရှိနေတတ်ပါတယ်

ကိုယ့်ချစ်သူအပေါ် သဝန်တ်ုမှုလေးတွေရှိနေပေမဲ့
ကိုယ့်ချစ်သူရဲ့ စကားတစ်ခွန်းကိုတော့ ယုံကြည်မှု
လေးတွေပေးနေတတ်ပြန်တယ်

ကိုယ့်ချစ်သူရဲ့အခက်အခဲတွေကို ကိုယ့်ရဲ့
အခက်အခဲတစ်ခုလိုခံစားပေးနေရင်းနဲ့ ကိုယ့်ချစ်သူ
အတွက် ပေးဆပ်ရင်း ချစ်နေမိတတ်ကြတယ်

ကိုယ့်ချစ်သူဆိုတဲ့စိတ်နဲ့ပဲ ကိုယ့်ရဲ့အချိန်တွေကို
ကျော်ဖြတ်ပေးနေမိရင်းနဲ့ ကိုယ့်ချစ်သူဆီက
တစ်ဘဝလုံးစာ လက်တွဲခွင့်ကို မျှော်လင့်နေမိတတ်
ကြပါတယ်

Khin Myo Aye (Poem)
Credit : doemyanmar.com

No comments:

Subscribe

လာလည်သူများ

free counters