♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 2, 2015

" ကမ္ဘာ့ အကြီးဆုံး လွှစက်နဲ့ သေနတ် တို့ကို ပြသထားတဲ့ နေရာ "



အမေရိကန် နိုင်ငံ၊ မီချီဂန်ပြည်နယ်မှာ ကမ္ဘာ့ အကြီးဆုံး လွှစက်နဲ့ သေနတ်တို့ကို ပြသထား ပါတယ်။ မီချီဂန်ပြည်နယ်ကို လာရောက်ကြတဲ့ ကမ္ဘာ လှည့် ခရီးသွားတွေ အထူးအဆန်း အဖြစ် ကြည့်ရှုနိုင်အောင် ရည်ရွယ်ပြီး ဒီလိုပြသထားခြင်း ဖြစ်ပါတယ်။

လွှစက်ကြီးဟာ အလွန် ကြီးမားပြီး  လည်ပတ်လို့ ရတယ်လို့ သိရပါတယ်။ ဒီလွှစက်ကြီးကို ဂတ်စ်နဲ့ လည်ပတ်ပြီး ပစ္စည်းတွေကို ဖြတ်တောက် နိုင်စွမ်းရှိအောင် ပြုလုပ်ထား ပါတယ်။ ဒီလွှစက်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်ဟာ ကား အင်ဂျင်တစ်လုံးနဲ့ ညီမျှမှုရှိတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့
ဒီလွှ စက်ကို အထူးအဆန်း သဘောမျိုး အဖြစ်သာ ပြုလုပ်ပြသထား ခြင်းဖြစ်ပါတယ်။ သေနတ် ကတော့ (၁၀ ဒသအ ၁၈) မီတာအထိ ရှည်လျားပြီး ကား ပေါ် ကိုတင်ထားပါတယ်။

ဒီသေနတ်ကို အမေရိကန် နိုင်ငံသား ဂျိမ်းက ပြုလုပ်ထားခြင်း ဖြစ်ပြီး ကမ္ဘာ့ အကြီးဆုံး ပစ်ခတ်နိုင်စွမ်းရှိတဲ့ သေနတ် အဖြစ် သတ်မှတ်ခြင်းခံထားရ ပါတယ်။ ဒီ သေနတ်ကို ကျည်ဆန် ထည့်ပြီး ပစ်လိုက်လို့ ရှိရင် (၂ ဒသမ ၅) မိုင်အကွာ အထိ ရောက်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ သေနတ်မောင်းခလုတ်ဆွဲတဲ့သူက ဖင်ထိုင်ပြီး လဲကျသွား နိုင်တယ်လို့ သိရပါတယ်။ မီချီဂန် ပြည်နယ်ကို လာရောက်တဲ့ အခါ အထူးအဆန်းပစ္စည်းတွေကို မြင်တွေ့နိုင်ဖို့ ကမ္ဘာ့ အကြီးဆုံး လွှစက်နဲ့သေနတ်တို့ကို ဖန်တီးထားခြင်းဖြစ်ပါတယ်။

Credit : ဖိုးသူတော်(www.phothutaw.com)
Credit : Messenger

No comments:

Subscribe

လာလည်သူများ

free counters