♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 30, 2015

"ပျောက်သွားတဲ့ ..ဘယ်မှာထားမိမှန်း မသိတဲ့..Android ဖုန်းတွေ Google Search မှာ ပြန်ရှာနိုင်တော့မည်"

ဖုန်းပျောက်သွားပြီဆိုရင် ဒါဟာ အဖြစ်ဆိုးကြီး တစ်ခုနဲ့တောင် တူနေပါတယ်။ ခြေရာခံပြန်ရှာရမယ့် နည်းလမ်းတွေ မရှိတဲ့အခါ ပိုတောင် ဆိုးရွားသွားပါသေးတယ်။ ဒါပေမယ့် သင်ဟာ Android ဖုန်း သုံးသူဖြစ်ပါက အံ့သြရမယ့် နည်းလေးတွေ ရှိပါတယ်။ Google ကနေ ဘယ် Android ဖုန်း သို့မဟုတ် Tablet မဆို “Google Search” အသုံးပြုပြီး ခြေရာခံရှာတွေ့နိုင်တဲ့ Feature အသစ်တစ်ခု မကြာသေးမီက မိတ်ဆက် ပေးခဲ့ပါလို့ပါ။ ဘယ်လိုလုပ်ရလဲဆိုတာ ကြည့်ရအောင်။

  • အဆင့် (၁)
မိမိ PC နဲ့ Android ဖုန်း သို့မဟုတ် Tablet မှာ Google account တစ်ခုတည်း အသုံးပြုတာ သို့မဟုတ် Share လုပ်တာ သေချာနေပါစေ။ တကယ်လို့ လုပ်မထားရင်တောင် Google search bar ထဲ ‘find my phone’ လို့ ရိုက်ထည့်တာနဲ့ အစဖော်ပေးမှာဖြစ်ပါတယ်။
  • အဆင့် (၂)
အခု Google Search bar မှာ ‘find my phone’ လို့ ရိုက်ထည့်ပါ။ Enter နှိပ်လိုက်တာနဲ့တပြိုင်နက် Google Maps ကနေ မိမိဖုန်းတည်ရှိရာကို စတင် ရှာဖွေပေးတော့မှာပါ။ စက္ကန့်အနည်းငယ် စောင့်ပြီးရင် မိမိဖုန်းရှိတဲ့ နေရာ သင့်ရှေ့အတိအကျ ရောက်လာပါလိမ့်မယ်။ သင်ရှိနေတဲ့ နေရာနဲ့ ဘယ်လောက်အကွာဝေးမှာ ရောက်နေလဲ ဆိုတောင် ဖော်ပြပေးပါလိမ့်မယ်။
သို့ပေမယ့် သင့်ဖုန်းက ခေါင်းအုံးတစ်လုံးအောက် သို့မဟုတ် ကုတင်တစ်ခုထဲ ရောက်နေခဲ့တဲ့ အခါမျိုးအတွက်ဆိုရင် ဖုန်းကို အချိန် ၅ မိနစ်ကျော် volume အကျယ်ဆုံး အနေအထားနဲ့ မြည်စေမယ့် ‘Ring’ option တစ်ခုရှိနေပါသေးတယ်။




Credit : http://www.searchmyanmar.com/click/Technology#content-49562

No comments:

Subscribe

လာလည်သူများ

free counters