♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 29, 2015

"အုန်းရည်သောက်ရင် သတိပြုစရာများ"

ကျနော် ရှေ့ကပို့စ်မှာ အုန်းနုရည်သောက်ခြင်း၏ အကျိုးကျေးဇူးများကို ဖေါ်ပြခဲ့ပါတယ်။ အခုတခါ အုန်းရည်သောက်ရင် သတိပြုစရာများကို ဖေါ်ပြလိုပါတယ်။
အုန်းရည်သောက်ခြင်းဖြင့် အကျိုးများစွာ ရရှိနိုင်တဲ့အတွက် လည်းကောင်းကို “Nature Drink, Magic Drink” စသဖြင့်လည်း ခေါ်ဆိုကြပါတယ်။ ဒါပေမဲ့လည်း သူ့ကို တရားလွန်သောက်ရင်တော့ ရရှိနိုင်တဲ့ ဆိုးကျိုးလေးတွေကိုလဲ သိထားသင့်ပါတယ်။

အားကစားသမားအတွက် ရည်ရွယ်၍ ထုတ်လုပ်ထားသော အားဖြည့် အချိုရည်များနှင့် နှိုင်းယှဉ်လျှင်လည်း အုန်းရည်တွင် ပါဝင်သော ကာဘိုဟိုက်ဒရိတ် ပမာဏသည် နည်း၍ ပိုတက်ဆီယမ် ပါဝင်မှုသည် ၁၀ဆခန့် မြင့်မားသည်။ကျန်းမာရေး ဂရုစိုက်သော လူအများစုဟာ ချွေးထွက်အောင်ပြုလုပ်ပြီး ကယ်လိုရီကျအောင် ကြိုးစားကြပါတယ်။  အုန်းရည်သောက်ခြင်းကတော့ ကယ်လိုရီကျအောင် ပြုလုပ်နေတာနဲ့ ဆန့်ကျင်နေပါတယ်။
အားကစားသမားတွေ သောက်သုံးတဲ့ အားဖြည့်အချိုရည်တွေနှင့် သစ်သီးဖျှော်ရည်တွေ လိုတော့ သကြားဓာတ်မပါဝင်ပေမဲ့ ကယ်လိုရီ များစွာပါဝင်ပါတယ်။ ၁၁ အောင်စရှိတဲ့ အုန်းရည်တွင် ကယ်လိုရီ ၆၀ ထိပါဝင်သည်။ ဒါကြောင့် အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ပါ။
အမေရိကန် စိုက်ပျိုးမွေးမြူရေး ဌာန၏ လေ့လာချက်အရ အုန်းရည် တခွက်တွင် ဆိုဒီယမ် ပမာဏ ၂၅၂မီလီဂရမ်ပါဝင်သည်။ ယင်းပမာဏသည် သာမန်လူများအတွက် ပြသနာမရှိသော်လဲ သွေးတိုးရောဂါရှိသူများ၊ နှလုံးရောဂါနှင့် အခြားရောဂါများကြောင့် ဆား စားသုံးခြင်းကို လျှော့ချနေသူများအတွက်တော့ လည်းကောင်းတွင် ပါဝင်သည့် ဆိုဒီယမ် ပမာဏကို ထည့်သွင်း သတိပြုသင့်ပါတယ်။
အခြားတဖက်မှာလဲ ဒီပါဝင်တဲ့ ဆိုဒီယမ် ပမာဏဟာ အားကစားသမားတို့ အတွက် အသင့်တော်ဆုံး ပမာဏဖြစ်တယ်လို့ ယုံကြည်သူများလဲ ရှိကြပါတယ်။
အခွံမာသီးများနှင့် မတည့်သူတွေအတွက်တော့ မသောက်သင့်ပါ။ ဒါကြောင့် ကျန်းမာရေးအတွက် အုန်းရည်ကို သောက်တော့မယ်ဆိုရင် ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။
လူအများစုဟာ အချိုရည် အစားထိုး အဖြစ်နဲ့ အုန်းရေကိုတော့ အမြဲ မသောက်သင့်ပါ။ အုန်းရည် တဖန်ခွက်တွင် သကြား ၆.၂၆ ဂရမ် (လက်ဖက်ရည်ဇွန်း တဇွန်းခွဲခန့်) ပါဝင်ပါတယ်။ အုန်းသီးနု တလုံးရဲ့ အရည်အားလုံး သောက်လိုက်တဲ့အခါမှာ လက်ဖက်ရည်ဇွန်း ၄ဇွန်း နှင့်ညီမျှတဲ့ ၁၆.၄ ဂရမ်ရှိသော သကြားပမာဏဟာ ကိုယ်ခန္ဓာတွင်း ဝင်ရောက်သွားပါတယ်။
ဒီပမာဏဟာ ကိုကာကိုလာ သံဗူးတဝက်မှာ ပါဝင်တဲ့ သကြားဓါတ် ပမာဏနှင့် ညီမျှပါတယ်။ ဒါကြောင့် ဆီးချို ရောဂါရှိသူများနှင့် သကြားဓာတ် ပမာဏကို ထိန်းချုပ်နေသူ အခြားရောဂါရှင်များအနေနဲ့ စဉ်းစားဆင်ခြင်ရမှာ ဖြစ်ပါတယ်။
အုန်းသီး အနုအရင့်ပေါ်မှာ မူတည်၍ ပါဝင်သောဓာတ် အပြောင်းအလဲ ရှိပါတယ်။ အားလုံးသောက်သင့်တယ်လို့ လက်ခံထားကြတာကတော့ အုန်းသီးအနုက ရတဲ့အရည်ကို လတ်လတ်ဆတ်ဆတ် သောက်ဖို့ဖြစ်ပါတယ်။
မိခင်လောင်းများအတွက်ကတော့ တနေ့ကို ဖန်ခွက် တခွက်သောက်ပေးနိုင်ရင် အကောင်းဆုံးလို့ဆိုပါတယ်။ အချိန်မရွေးမှာ သောက်သုံးနိုင်ပြီး လည်းကောင်းမှ မိခင်လောင်းများ အတွက် ဘေးထွက်ဆိုးကျိုး မရှိပါ။
ဆက်စပ်ပို့စ် အဟောင်းဖတ်ရန်။
မိခင်လောင်းများအတွက် အုန်းသီးနုရည် (http://wp.me/p4XsLz-6d)
ဝင်းလှိုင်ဦး


Credit: https://www.facebook.com/winn.h.oo
www.winnhlaingoo.wordpress.com

ပို့စ်များကို လွတ်လပ်စွာ ကူးယူဝေငှနိုင်ပါသည်။ ကျေးဇူးပြု၍ အမည်နှင့် ပေ့ခ်ျနာမည်ကို ချန်လှပ်ထားခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

No comments:

Subscribe

လာလည်သူများ

free counters