♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 29, 2015

" ကြောက်စရာ ချွတ်ဆေးများ .....သတိလေးထားနိုင်ဖို့ ဖတ်ပေးပါနော် .. "

မနေ့က အမေနဲ့ ဈေးထဲလိုက်သွားတယ် ပရဆေးဆိုင် တစ်ဆိုင်ရှေ့မှာ မောလို့ ၀င်နားတော့ အဲ့ လူကြီးက စိတ်ညစ်ညစ်နဲ့ ငြီးတယ်။ သူ့လက်ထဲမှာ အဖြူမှုန့်အနည်းငယ် ထည့်ထားတဲ့ အိတ်လေး။
ကျွန်တော်ဗျာ ဒီ ချွတ်ဆေးကို မရောင်းချင်တော့ဘူး တဲ့ ...
အမေက မေးတယ် ဘာဖြစ်လို့လဲ ဆိုတော့ ဈေးရောင်းတဲ့ သူတွေက လာလာဝယ်တယ်တဲ့ ..
အစွန်းချွတ်ဆေးကို ဘာလုပ်လဲဆိုတော့ ..
(ပဲကြီး၊ ပဲပင်ပေါက်၊ သစ်တော်သီး၊ ပန်းသစ်တော်၊ ပန်းသီး၊ မာလကာသီး)

သူပြောတာတော့ တော်တော်များတယ် .. အဲ့ဒါတွေကို ဒီချွတ်ဆေးနဲ့ ချွတ်လိုက်ရင် ဖြူဖွေးပြီး မာတင်းသွားတယ်။ သစ်သီးတွေဆိုရင် စားလိုက်ရင် ကြွတ်ရွစေပါတယ်။
အဲ့ဆေးကို တစ်နေ့တည်း သုံး၊လေးခါ ကိုင်ရင်တောင် ယားပြီး အကွက်တွေ ဖြစ်လာတယ်တဲ့ ... စားရင်တော့ စဉ်းစားသာကြည့်ပေတော့။
အရမ်းကို ကြောက်စရာကောင်းပါတယ်။ ဈေးသည်တွေ ၀ယ်လွန်းလို့ မရောင်းချင်ဘူးတဲ့ ..
အစားအသောက်တွေမှာ လူတွေမစားသင့်တဲ့ ချွတ်ဆေး၊ ဆိုးဆေးတွေကိုသုံးတာဟာ အရမ်းကို အန္တရာယ်များပါတယ် ...
မြန်မာပြည်မှာ အခြားအစားအသောက်တွေထဲမှာလည်း ဘာဆေးတွေ ဘယ်လိုတွေ သုံးထားလဲ ဆိုတာ ရောင်းချတဲ့သူတွေက လွဲပြီး စားသုံးသူတွေကတော့ မသိနိုင်ပါဘူး။ ဒီတိုင်းသာဆို မြန်မာပြည်ဟာ နေလို့တောင် မကောင်းတော့ဘူး။ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး ဘာမှကို စိတ်မချရတော့ဘူး။

Credit to - (SLM)
Credit  :https://www.facebook.com/lyhealthcare

No comments:

Subscribe

လာလည်သူများ

free counters