♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 26, 2015

"မမတို့ ညာလေးတို့ရေ.. ပါးနီကို နှုတ်ခမ်းနီ အရောင် နဲ့ ချိန်တတ်ဖို့ Balance Cheek and Lip Color "

အချိန်တွေအားနေလို့ တရက်တလေ မှန်တင်ခုံ ရှေ့ထိုင်၊ စိတ်လိုလက်ရ အလှပြင်ပြီး တဲ့အခါမှ ဘာလိုနေမှန်း မသိတဲ့ ခံစားချက်မျိုး ရှိဖူးကြမှာပါ။ ပျိုမေတို့အတွက် အလှပြင်ရင် သတိထားသင့်တဲ့ အချက်လေးဖြစ်လို့ လိုတိုရှင်း ဖော်ပြပေးလိုက်ပါတယ်။ 

နှုတ်ခမ်း ဘယ် အရောင်ဆိုးမလဲ အပေါ်အခြေခံပြီး၊  ပါးနီအရောင်ကို ရွေးချယ်တဲ့နည်း ဖြစ်ပါတယ်။
ဆိုးထားတဲ့နှုတ်ခမ်းနီအရောင်           ခြယ်ရမယ့် ပါးနီအရောင်

Pink (ပန်းရောင်)                        Pale Pink (ပန်းရောင်ဖျော့ဖျော့)
  
 Coral  (သန္တဂ ရောင်)                 Peach (မက်မွန်ရောင်)

Brown (အညိုရောင်)                   Apricot(ဝါဖျော့ဖျော့လိမ္မော်ရောင်)

Bronze (ကြေးနီရောင်)                Bronzer(ကြေးနီရင့်ရောင်)


Red (အနီရောင်)                         Soft Pink (ပန်းနုရောင်) 



ဒါဆိုရင် ဘယ်အရောင် ကိုယ် သုံးမလဲဆိုတာ အကြမ်းဖျင်း တော့သိလောက်ပါပြီ။ 
အလှကုန်တန်းတွေမှာ ဒီအတိုင်း၊ အရောင်ပြောပြီး ကိုယ်နဲ့အဆင်ပြေမယ့် တံဆိပ်ကို ရွေးဝယ်လို့ရပါတယ်။

ကျွန်မလည်း ပါးနီဘူးကို သုံး လေး ဘူး  ဝယ်ဖို့ မတတ်နိုင်ပါဘူး။ ဒီတော့ ကိုယ်ဆိုးနေကျ နှုတ်ခမ်းနီက ဘယ်အရောင်အမျိုးအစားလဲဆိုတာကို ကြည့်ပြီး ပါးနီကောင်းကောင်းတစ်ဘူးကို ဝယ်ထားပါတယ်။ 
ပို ရင် တော့ ပိုသလို ပေါ့လေ။

စာဖတ်သူပျိုမေတွေ လှသည်ထက် လှ နိုင် ကြပါစေ။



Credit : http://thanakharmay.blogspot.co.uk/2011/07/balance-cheek-and-lip-color.html

No comments:

Subscribe

လာလည်သူများ

free counters