♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 26, 2015

" ခြင်ကိုက်ခံရပါလျှင် သိထားသင့်သည့် အိမ်တွင်း ကုသနည်းများ"

ခြင်ကိုက်ခံရပါလျှင် အိမ်တွင်းကုသနည်းများကိုဖော်ပြလိုက်ရပေသည်။ တချို့ခြင်ကိုက်ခံရလျှင် ခြင်ကိုက်ဖုသည် အနာဖြစ်လာကာ သွေးသံတရဲရဲ ပြီတစီးစီးဖြစ်ကာ ရောဂါဆိုးရွားလာတတ်သည်။ ထို့ကြောင့်ကုသနည်း တချို့
ကို တင်ပြလိုသည်မှာ-
၁။ ။ အကိုက်ခံရသောနေရာအား ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောပါ
ဆပ်ပြာဖြင့်သေချာစွာ ဆေးကြောခြင်းဖြင့် အသားတွင်ကပ်ကျန်နေသော ခြင်၏တံတွေးများကို ဆေးကြောခြင်း
ဖြစ်သဖြင့် ယာယံခြင်း ကိုပပျောက်စေကာ ရောင်ယမ်းခြင်းဖြစ်ပွားစေမှုကို လျော့နည်းစေသည်။


Heal Mosquito Bites Step 1.jpg 
၂။ ။ အကိုက်ခံရသောနေရာအား ရေခဲအုံပေးပါ
ခြင်ကိုက်ခံရသော နေရာကို ရေခဲအုံပေးခြင်းဖြင့် အဖုကြီးထွားကာ ယားယံခြင်းဖြစ်ပွားမှုမှကာကွယ်ပေးသည်။
နာရီပေါင်းများစွာကြာသည်အထိ ယားယံခြင်းမဖြစ်ပွားတော့ပေ။
Heal Mosquito Bites Step 2.jpg
၃။ ။ အကိုက်ခံရသောနေရာအား ဆေးဝါးများလိမ်းကျံပေးပါ
ခြင်ကိုက်ခံရသောနေရာကို သေချာစွာဆေးကြောပြီးသည့်နောက် ရေခဲရှိလျှင်ရေခဲအုံပါ၊ မရှိလျှင်လည်းကိစ္စမရှိ
ပါ၊ ဆေးကြောပြီးသည့်နောက် အနာပေါ်သို့ ပိုးမွှားများကိုက်လျှင် လိမ်းကျံရသော ကရင်မ်ကို လိမ်းပေးပါ။ အနာ
ကြီးထွားခြင်း၊ ပိုးဝင်ခြင်းတို့နှင့် ကင်းဝေးစေမည်ဖြစ်သည်။
Heal Mosquito Bites Step 3.jpg
၎။ ။ ဆားခါး (သို့) ဆော်ဒါကို ရေနှင့် ဖျော်ကာ စိမ်ပေးရမည်
ဆားခါး(epsomsalt)၊ ဆော်ဒါ(bakingsoda)တို့ကို ရေဖျော်ကာအကိုက်ခံရသောနေရာကိုစိမ်ပေးခြင်းဖြင့်
ယားယံမှု၊ရောင်ယမ်းမှု၊အဆိပ်တက်ခြင်းတို့နှင့် ကင်းဝေးစေမည်ဖြစ်သည်။
Heal Mosquito Bites Step 4.jpg 
၅။ ။ အကိုက်အခဲ ပျောက်ဆေးကို သောက်သင့်လျှင် ဒေါက်တာနှင့်တိုင်ပြီးသောက်ရမည်
တချို့ ခြင်များသည် အလွန်နာကျင်အောင် ကိုက်ခဲတတ်သဖြင့် အဖုလုံးကြီးထွားလာကာ မခံမရပ်နိုင်အောင် နာ
ကျင်ပြီး ရောင်ယမ်းလာတတ်သည်။ ထိုအခါနီးစပ်ရာ ဆေးပေးခန်းသို့ သွားပြကာ အကိုက်အခဲပျောက်ဆေး၊ ကာကွယ်ဆေး အစရှိသည်တို့ကို သောက်သုံးရမည်ဖြစ်သည်။ ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ရာရောက်ပါသည်။
 Heal Mosquito Bites Step 6.jpg
    အားလုံးကို လေးစားလျှက်                    
                           ((ရောရောသမမွှေ))                     

No comments:

Subscribe

လာလည်သူများ

free counters