♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 26, 2015

"ခြင်ကိုက်ခံနေရခြင်းဟာ မျိုးရိုးဗီဇ နဲ့ သက်ဆိုင်မှုရှိနေ"

သင့်ကိုယ်သင် အခြားလူတွေထက်ပိုပြီး ခြင်ကိုက်ခံနေရတယ်လို့ သင်ထင်နေမိပါသလား။ ဒါဆိုရင်တော့သင့်ရဲ့ မျိုးရိုးဗီဇကိုသာ အပြစ်တင်ရပါလိမ့်မယ်။
ဗြိတိန်နိုင်ငံက သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ အချို့လူတွေဟာ မွေးကတည်းက ခြင်တွေကို ဆွဲဆောင်နိုင်တဲ့ ဗီဇ ပါဝင်လာကြပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်အနံ့ဟာ အင်းဆက်တွေကို နည်းအမျိုးမျိုးနဲ့ ဆွဲဆောင်နိုင်ကြပါတယ်။ အဲဒီအထဲကမှ အားအကောင်းဆုံး ဆွဲဆောင်နည်းကတော့ မျိုးရိုးဗီဇ နဲ့ဆိုင်တဲ့ ဆွဲဆောင်ခြင်းပါ။
လန်ဒန်မြို့မှာရှိတဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ဆေးပညာ ကျောင်းမှာရှိတဲ့ သိပ္ပံ ပညာရှင်တွေ ဦးဆောင်တဲ့ အဖွဲ့ဟာ တစ်ပြိုင်နက် မွေးဖွားခဲ့ပြီး ၁၀၀ ရာခိုင်နှုန်း တူညီနေတဲ့ မျိုးရိုးဗီဇ တွေရှိကြတဲ့ ပုံစံဆင်တူ အမြွှာ ၂ ယောက်ကို စစ်ဆေးကြည့်ရာမှာ ၂ ယောက်လုံးက ခြင်တွေကို တူညီစွာ ဆွဲဆောင်နိုင်ကြတာ ကိုတွေ့ရပါတယ်။

သို့သော်လည်း တစ်ပြိုင်နက် မွေးဖွားခဲ့ခြင်း မရှိသလို ပုံစံ တစ်ထပ်တည်း ဆင်တူမှုလည်းမရှိပဲ မျိုးရိုးဗီဇ ၅၀ ရာခိုင်နှုန်းသာ ဆင်တူကြတဲ့ အမြွှာ ၂ ယောက်ကတော့ ခြင်တွေကို ဆွဲဆောင်နိုင်ပုံခြင်း မတူညီကြပါဘူး။

PLOS One
ဆိုတဲ့ ဂျာနယ်ထဲမှာ ဖော်ပြခဲ့တာကတော့ ထိုသုတေသနဟာ ခြင်တွေကို ဆွဲဆောင်နိုင်ခြင်း ရဲ့ အဖြစ်နိုင်ဆုံး အကြောင်းအရင်းကတော့ မျိုးရိုးဗီဇကြောင့်သာ ဖြစ်တယ် ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

ထို ခြင်တွေကို ဆွဲဆောင်နိုင်တဲ့ မျိုးရိုးဗီဇဟာ အရပ်အမောင်း ၊ ဥာဏ်ရည်တို့လို မျိုးရိုးဗီဇနဲ့ တူညီမှု ရှိနေတယ်လို့လည်း သိရပါတယ်

ဖိုးသူတော် http://www.phothutaw.com/2015/04/blog-post_968.html#more
Credit: Trend Myanmar

No comments:

Subscribe

လာလည်သူများ

free counters