♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 30, 2015

"သင်မသိသေးတဲ့ “Vicks” ပရုပ်ဆီ အဖြူ ရဲ့ အသုံးဝင်ပုံများ။

ဒီပို့စ်လေးကို ကြော်ငြာအနေနဲ့ တင်တာမဟုတ်ပါဖူး။ ဒီဆေးဟာ နေရာတကာမှာ(နိုင်ငံတကာ) အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်ပြီး အသုံးဝင်မှုများပြားတာကြောင့် မသိသူများအတွက် ရည်ရွယ်၍ တင်ပြလိုက်ပါတယ်။
လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရေပန်းစားခဲ့သော မင်သော်(ပရုပ်အေး) ပါဝင်သော Vicks ကို ဦးခေါင်း၊ နှာခေါင်းပိတ်ခြင်း၊ လည်ချောင်းနှင့် ရင်ဘတ်ဆိုင်ရာ ဝေဒနာများ သက်သာစေရန်အတွက်
အသုံးပြုခဲ့ကြသည်။ မင်သော်ကို အသုံးပြု၍ နှာခေါင်းနှင့် ရင်ဘတ်အတွင်း ရှိတစ်ရှုးများကို တုံ့ပြန်စေသည်။ အထူးသဖြင့် ကလေးများအတွက် အအေးမိခြင်းနှင့် နာတာရှည် ချောင်းဆိုး ရင်ကျပ်နာကို သက်သာစေသည်။Vicks ဟာလွန်ခဲ့သော နှစ်ပေါင်း တရာခန့်ကပင် ဆရာဝန်ဆေးစာ မလိုအပ်ပဲ ဝယ်ယူအသုံးပြုနိုင်သည့် ရင်ကျပ်ပျောက်ဆေး အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြသည်။ မကြာသေးခင် အချိန်တွေကတော့ သူ့ကို သမရိုးကျလမ်းကြောင်းမှ သွေဖယ်ကာ တမူထူးခြားတဲ့ အလှပြင်လိမ်းဆေးအဖြစ် အသုံးချကြတာမို့ အားလုံးကို အံ့အားသင့်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် Vicks VapoRub ဟာနှာခေါင်းပိတ်၊ ရင်ကျပ်တင်မကပဲ ဘယ်လိုကုသမှုတွေမှာပါ အလွယ်တကူ သုံးနိုင်သလဲ ဆိုတာကို လေ့လာကြည့်ပါ။
(၁) ချောင်ဆိုးရင် ခြေဖဝါးကို လိမ်းပါ။
ညဖက်တွေမှာ ချောင်းတဟွတ်ဟွတ် ဆိုးတတ်သူများအတွက်ကတော့ Vicks ကိုခြေဖဝါးမှာ သေချာလိမ်းပြီး ခြေအိတ်ဝတ်အိပ်လိုက်ပါ။ ခြေထောက်တခုလုံးကိုလဲ လိမ်းနိုင်ပါတယ်။ အလွန်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာပဲ ချောင်းဆိုးနေတာ သက်သာသွားပါလိမ့်မယ်။ မနက်လင်းရင်တော့ ချောင်းဆိုးကင်းစင်တဲ့ လူတယောက်ဖြစ်သွားတာကို အံ့သြဖွယ်ရာ တွေ့ရပါလိမ့်မယ်။
(၂) တဆစ်ဆစ်နဲ့ ကိုက်နေတဲ့ ကြွက်သားများအတွက်
အလုပ်ဒါဏ်ပိလို့ နာကျင်နေတဲ့ ကြွက်သားတွေကို သက်သာစေပါတယ်။ သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးခြင်းဖြင့် ကြွက်သားများကို အကူညီပေးသည်။ နာကျင်နေတဲ့ နေရာပေါ်မှာ များများ သုတ်လိမ်းပေးပါ။
(၃) ခြေသဲ၊ လက်သဲ မှိုတက်ခြင်းကို ကုသပေးနိုင်ခြင်း။
တကယ်လို့ ခြေသဲတွေပေါ်မှာ မနှစ်မြို့ဖွယ် မှိုစွဲတယ်လို့ ထင်ရင် Vicks VapoRub ကိုသုတ်လိမ်းပေးပါ။ ရက်အနည်းငယ် အတွင်းမှာ ခြေသည်းဟာ အရောင်မှိုင်းလာပါက မှိုများသေသွားလို့ပဲဖြစ်ပါတယ်။ ခြေသဲပြန်ရှည်လာပြီး မဲနေတဲ့ အပိုင်းတွေကို ညှပ်ထုတ်လိုက်ရင် သင်ဟာ မှိုကင်းစင်တဲ့ လှပတဲ့ ခြေထောက် ပိုင်ရှင်ဖြစ်နေပါပြီ။ ခြေသဲ အခြေမှာ ကျန်ရှိနေနိုင်တဲ့ မှိုနှင့် ဘက်တီးယီးယား တွေပါသေချာ ရှင်းထုတ်ပစ်နိုင်ရန်အတွက် ၂ပတ်ခန့် ဆက်တိုက် သုတ်လိမ်းပေးပါ။
 
(၄) အိမ်သုံး ပရိဘောဂတွေကို ကြောင်တွေကုတ်ခြစ်နေရင်။
ကြောင်တွေဟာ မျက်နှာပြင် အမာတွေပေါ်မှာ လက်သည်းတွေနဲ့ ကုတ်ခြစ်လေ့ရှိပါတယ်။ အိမ်တံခါးပေါက်၊ နံရံများ၊ ပြူတင်းပေါက် စတာတွေပေါ်မှာ Vaporup ကိုအနည်းငယ် သုတ်ထားပေးခြင်းဖြင့် သူတို့ကြောင့် ဖြစ်လာမည့် အရုပ်ဆိုး အကျည်းတန်တာတွေကို ကာကွယ်ပေးပါတယ်။
(၅) မလိုအပ်တဲ့ နေရာတွေမှာ ခွေး၊ကြောင်လေးတွေ ဆီးသွားတာ ထိန်းပေးခြင်း။
တကယ်လို့ သင့်ရဲ့ခွေး၊ကြောင်လေးတွေဟာ ဆီးသွားတာကို သေချာလေ့ကျင့်ပေးတာ မရပဲ သူတို့သွားချင်တဲ့နေရာမှာသွားလို့ စိတ်ညစ်နေရင် Vicks ဗူးလေး အဖုံးဖွင့်ပြီး သူတို့ဆီးသွားတတ်တဲ့ နေရာမှာသာထားလိုက်ပါ။ ဒါဆိုရင် အဲဒီနေရာမှာ ဆီးသွားဖို့ နေနေသာသာ ခြေထောက်တောင် လာမြှောက်တော့မှာ မဟုတ်ပါဖူး။
(၆) ခေါင်းကိုက်ဝေဒနာ
ဒါကတော့ လူအများသိထားကြပါတယ်။ ခေါင်းကိုက်ရင် နားထင်နဲ့ နှဖူးမှာ အနည်းငယ် သုတ်လိမ်းပေးပါ။ မင်သော်ရဲ့ ရနံ့နဲ့ ခေါင်းကိုက်ဝေဒနာကို လျှင်မြန်စွာ သက်သာစေပါတယ်။
(၇) လေထုအတွင်း စိုထိုင်းဆကို ထိန်းပေးခြင်း။
ရနံ့လွတ်ပေးနိုင်သော စိုထိုင်းဆ ထိန်းတဲ့စက်ရှိရင် Vicks ကိုထဲ့သွင်း အသုံးပြုခြင်းဖြင့် လေထဲမှာ သူရဲ့ရနံ့လှည့်ပတ်နေတဲ့အတွက်ကြောင့် အသက်ကောင်းမွန်စွာ ခံစားရှုရှိုက်ရင်း အိပ်စက်နိုင်ပါတယ်။ အခန်းသေချာကန့်ထားတဲ့ သန့်ရှင်းတဲ့အခန်းဖြစ်ဖို့တော့ လိုပါတယ်။
(၈) အသေးစား ပြတ်ရှနှင့် ဆူးစူးသော ဒါဏ်ရာများ။
ရောဂါကူးစက်မှုနှင့် အနာအကျက်မြန်စေရန်အတွက် ထိုအသေးစား ဒါဏ်ရာများပေါ်တွင် သုတ်လိမ်းပေးပါ။
(၉) အင်းဆက်၊ပိုးမွား ကောင်လေးများရန်မှ ကာကွယ်ရန်။
အင်းဆက် ပိုးမွားကောင်လေးတွေ ကိုက်ခဲခြင်းခံနေရရင် Vicks ကိုအလျှင်အမြန်လိမ်းပေးခြင်းဖြင့် စူးရှတဲ့ ရနံ့က သူတို့ကိုက်ခဲခြင်းကို ကာကွယ်ပေးပါလိမ့်မယ်။

(၁၀) ပြိုင်မြင်းများအတွက် အသုံးပြုနိုင်ခြင်း။
ပရော်ဖက်ရှင်နယ် ပြိုင်မြင်းသမားတွေဟာ ပြိုင်ပွဲနေ့မှာ VapoRub ကို မြင်းရဲ့နှာပေါက်နားတွေမှာ သုတ်လိမ်းလေ့ ရှိပါတယ်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် စူးရှတဲ့အနံ့က မြင်းထီးတွေကို မြင်းမတွေဆီက ဘယ်လို အနံ့မျိုးမှ မရစေနိုင်တော့တဲ့အတွက် ပြိုင်ပွဲတခုထဲကိုပဲ အာရုံစူးစိုက်ပြီး ပြိုင်နိုင်ပါတယ်။
(၁၁) ခြင်ဘေးရန်မှ ကာကွယ်ခြင်း။
Vicks VapoRub အနည်းငယ်ကို အရေပြားနှင့် အဝတ်အစားပေါ်မှာ သုတ်လိမ်းပေးခြင်းဖြင့် ခြင်များကို အဝေးသို့ ပြေးစေပါတယ်။ ခြင်အကိုက်ခံရလို့ အဆက်မပြတ် ယားနေရင် အကိုက်ခံရတဲ့နေရာပေါ်မှာ အနည်းငယ်လိမ်းလိုက်ပြီး ကပ်ခွာ ပလာစတာလေးကပ်ထားလိုက်ပါ။ ယားနာခြင်းကို သက်သာစေပါလိမ့်မယ်။
(၁၂) ရင်ချောင်ဆေး။
ယေဘူယျအားဖြင့် ရင်ဘတ်နှင့် လည်ပင်းကို လိမ်းပြီး ရင်ချောင်ဆေးအဖြစ် အသုံးပြုနိုင်သည်။ ရင်ဘတ် အပေါ်ပိုင်းကို လိမ်းပေးခြင်းဖြင့် ချောင်းဆိုးခြင်းနှင့် ရင်ပြည့် ရင်ကယ်ဖြစ်ခြင်းများကို သက်သာစေသည်။
ငွေကြေးအကုန်အကျ မများပဲ အလွယ်တကူဝယ်ယူကာ သင့်ကျန်းမာရေးအတွက် အသုံးပြုနိုင်ရန်အတွက် တင်ပြလိုက်ရပါတယ်။
ဝင်းလှိုင်ဦး  




Credit : https://www.facebook.com/winn.h.oo
            http://www.winnhlaingoo.wordpress.com

No comments:

Subscribe

လာလည်သူများ

free counters