♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 30, 2015

"ရွာသာကြီး...သားသတ်ရုံ က သရဲ"

ရွာသာကြီး သားသတ်ရုံ ဆိုတာ ရန်ကုန်မြို့ ဒဂုံ (အရှေ့)ပိုင်း မှာတည် ရှိပါတယ်... အဲ့ဒီမှာ ဘာတွေလုပ်ကြသလဲဆိုတော အမဲ၊သိုး၊ဆိတ် စတာ တွေကို သတ်ကြီး အသားထုတ်လုပ်ကြပါတယ်။ ခုလက်ရှိ အစိုးရ ပိုင် သားသတ်ဝန်းကြီးပေါ့...... သားသတ်တာကို ကုလားတွေကလုပ်ကြပါတယ် ဘယ်လိုပြောရမလဲ အစိုးရက သားသတ်သမား ကုလားတွေကို ၀န်ထမ်းခန့် တယ်ပေါ့.... အဲ မြန်မာတွေကတော့ သားမသတ်ပါဘူး သူတို့သတ်ပြီးသား အသားတွေကို အသားသတ်သတ်အရိုးသတ်သတ် ဖြစ်အောင် ဖြတ်ကြတယ် ဗျ... နောက်ပြီး မြန်မာဝန်ထမ်းတွေက နွားဘယ်နှစ်ကောင်ဝင်တယ် ဒီနေ့နွားဘယ်နှစ်ကောင်သတ်တယ်...
အသားဘယ်လောက်ထွက်တယ် စသည်ဖြင့် မြန်မာစာရင်းကိုင်တွေလဲ တစ်ပုံတစ်ပင်ပေါ့...နောက်ပြီး ဆရာဝန် တွေလဲရှိတယ်ဗျ .... ဆရာဝန်တွေကဘာလုပ်ရလဲဆိုတော့ လှောင် ထားတဲ့နွားတွေထဲက သတ်ချိန်မရောက်ပဲ နေမကောင်းဖြစ်တဲ့ နွားတွေကို ဆေးကုပေးဖို့ပေါ့... ပြောချင်တာက ကုလားတွေကနွားသတ်ဖို့ အစိုးရက၀န်ထမ်းခန့်တယ် မြန်မာ တွေကစာရင်းကိုင်ဖို့ ဆေးကုဖို့အစိုးရကတိရစ္ဆာန်ဆေးကုဆရာဝန်တွေကို ၀န်ထမ်းခန့်တယ်ပေါ့ အဲ့ဒီမှာ အလုပ်လုပ် ကြတဲ့မြန်မာတွေများကြီးပေါ့ ၀န်ထမ်းဆိုတော့လဲခက်သားဗျ အစိုးရကဒီ ဌာနကို ပြောင်းဆိုရင်ပြောင်းရတယ်လေ..... ဒီလိုနဲ့ တစ်နေ့မှာ ကျွန်တော့် ရဲ့ဖေဖေ အဲ့ဒီ သားသတ်ရုံကို ပြောင်းရဖို့ အစိုးရဆီကစာကျလာတယ် မပြောင်းချင်လဲပြောင်းရမယ်လေ ဖေဖေက၀န်ထမ်းလုပ်တာ အဲ့တုံးက 8 နှစ်ရှိ နေပြီ ရာထူးတက်ပြီးပြောင်းရမယ်ဆိုတော ပြောင်းပေါ့ဗျာ အဲဒီမှာ ဌာနမှုးတာဝန်နဲ့ ၀န်ထမ်းရမှာပါ ကျွန်တော်တို့ဝန်ထမ်းသားသမီးတွေလဲ ဖေဖေတာဝန်ကျရာကို ရွေ့ပြောင်း ရတာပေါ့ဗျာ..... မှတ်မိပါသေးတယ် အဲ့တုံးက ကျွန်တော်က 6 တန်း ညီလေး က 4 တန်းပေါ့ သားသတ်ဝန်းက တောင်ဘက်အခြမ်း ကျွန်တော် တို့ကို ပေးထားတဲ့ တိုက်က မြောက်ဘက်အခြမ်းပေါ့ ကျွန်တော်တို့ အိမ်ရာ ၀န်းနဲ့ သားသတ်ဝန်းက နဲနဲအလှမ်းဝေးပေမယ့် ရံဖန်ရံခါ အပုတ်နံတွေတော့ ရတက်တယ်ဗျ ရမှာပေါ့ဗျာ စနေ၊တနင်္ဂနွေ နှစ်ရက်ကလွဲ ရင်ကျန်တဲ့ရက် မနက်မိုးမလင်းခင် 3 နာရီခွဲလောက်ထဲက သားသတ်ကြတာ လေ နွားအရိုးပုံကြီးက တောင်ကုန်းလိုပဲဗျ သွေးရဲရဲ သံရဲ ရဲတွေ သတ်တဲ့သူကော ဖြတ်တဲ့သူကော နီရဲတာပဲဗျာ အဲ့နေရာက နွားတွေ အတွက်တစ်ကယ့် ငရဲဘုံဗျာ....... သားသတ်ရုံအကြောင်းပြောနေတာနဲ့ ကျွန်တော်ပြောချင်တဲ့သရဲအကြောင်းကိုမရောက်တော့ဘူး ဘာပဲဖြစ်ဖြစ်ဗျာ မိတ်တွေတို့ဗဟုသုတရတာပေါ့နော်... ကျွန်တော်တို့နေတဲ့ တိုက်ရဲ့ဘေး မှာလူမနေသေးတဲ့တိုက်အသစ်တစ်လုံးရှိတယ်ဗျ ဌာနခွဲမှုး အတွက်ဆောက် ထားဟန်တူပါတယ် ဌာနခွဲမှုးက လက်ရှိအလုပ်ဝင်နေပေမယ့် အိမ်ပြောင်းဖို့ အခက်ခဲနဲနဲရှိလို့မပြောင်းသေးပဲနေနေတာပေါ့ဗျာ.... အဲ့ဒီအိမ်ကြီးမှာ ညညဆို ရယ်သံတွေကြားရတယ် ငြီးသံတွေကြားရတယ် ရယ်တာမှ ဟက် ဟက်ပက်ပက်ရယ်တာဗျ လူတိုင်းလိုလိုကြားတယ် ကျွန်တော်စိတ်အထင်ဘယ်သူ့မှဂရုမစိုက်တဲ့အသံနဲ့ရယ်တာဗျ လူတိုင်းလို လိုအဲ့အိမ်မှာသရဲရှိတာကိုသိတယ်ဗျ ဒါပေမယ့်ဘယ်သူမှပေါ်တင်မမြင်ဖူးကြ တော့ယုံတစ်ဝက်မယုံတစ်ဝက်ပေါ့ ဗျာ ကျွန်တော်တို့က ကလေးတွေဆိုတော ညကအသံတွေကြားပြီးကြေက်ပေမယ့်လဲ မနက်မိုးလင်းလို့ သူငယ်ချင်း တွေစုမိရင်မကြောက်တော့ပဲ အဲ့အိမ်နားကိုသွားပြီး ဘောလုံးကန် သူကကန် သရေပင်းပစ်သူကပစ် ကြောက် တာကိုမေ့သွားတက်တယ်ဗျ ဒီလိုနဲ့ တစ်ရက် မှာ နေ့ခင်းကြောင်တောင် နေလယ် 1:00 လောက် နေကြီးကထိန် ထိန်သာနေတဲ့အချိန်မှာ အဲ့ဒီအိမ်ကြီးထဲက တံခါးတွေ ဖွင့်လို ပိတ်လိုက်... ပိတ်လိုက်ဖွင့်လိုက်နဲ့ သွေးပျက်ဖွယ် တစ်ဝုံးဝုံးတစ်ဒိုင်းဒိုင်းဖြစ်နေတာ ကျွန်တော်တို့ ကလေးစတွေ့ကြတယ် ကြောက်ကြောက်နဲ့ အော်ဟစ် အော် ငိုအကူညီတောင်းကြတာပေါ့ ဒီအခါမှာ လူကြီးတွေရောက်လာကြတယ် သားသတ်ရုံဆိုတော့ သိတဲ့အတိုင်းပဲလေ လက်ထဲဓါးတွေတုတ်တွေနဲ့ ပေါ့ လူကြီးရောက်လာလဲဒီ အိမ်ကြီးကတံခါးတွေက ဖွင့်လိုက်ပိတ်လိုက် ပိတ်လိုက်ဖွင့်လိုက်နဲ့ ပိုလို့တောင်ကြမ်းလာသေးတယ်.....ဘယ်လောက်ကြမ်းလဲဆိုတော့ မှန်တွေပါ ကွဲကျကုန်တယ် ဒါကိုအားလုံးတွေ့တယ် အားလုံးမြင်တယ် သရဲ ဆိုတာတော့မမြင်ရဘူးဗျ သူ့အလိုလို အပိတ်အဖွင့်လုပ်နေတာ သရဲကြောက် တက်တဲ့ လူအချို့ကတော်ပါတော့ မလုပ်ပါနဲ့တော့လို့တောင်းပန်ပေမယ့် မရဘူးဗျ ပိုလုပ်ပြတယ် စိတ်တိုတဲ့သူအချို့က ဖေဟဲမောင်ဟဲဆဲ တယ်ခဲတွေနဲ့ပေါက်တယ် မရဘူးပိုလုပ်ပြတယ် အီးဟီးဟီး...ဆိုတဲ့အသံတွေက ထွက်လာတယ် ကျွန်တော်တို့လဲကြောက်တာပေါ့ဗျာ မေမေကလာပြီးလာလာကိုယ့်အိမ်ကိုယ် လာခဲ့ဆိုပြီး ကျွန်တ်ာတို့ကိုခေါ်သွားကြတယ် အိမ်ကနေပဲ ကျွန်တော်တို့လဲကြောက်ကြောက်နဲ့ကြည့်နေကြတာပေါ့.... အဲ့မှာအရက်မှုး နေတဲ့ ဦးတင်အောင်က ဘယ်ကောင်လဲ ဘယ်ကကောင်လဲ ဆိုပြီး ဓါးကြီးဆွဲပြီး အိမ်ထဲကိုဝင်သွားတယ်ဗျ..... လူတွေဝိုင်းဆွဲတာလဲမရဘူးဗျ အထဲရောက်ပြီး ခနအကြာမှာ သူဆဲသံမကြားရ တော့လို့ဆိုပြီး အရဲစွန့်ပြီးလူကြီးတွေလိုက်သွားကြတယ် အား...............အောင်မလေး...လုပ်ကြပါဦးဆိုပြီးလူတွေအော်သံတွေဆူညံသွားတာပဲ ဦးတင်အောင် အထဲမှာ ဂတ်ကျိုးနေပြီ မျက်ဖြူကြီးလန်နေတယ် သူ့ကိုလူတွေဆွဲထုတ်လာကြတယ် အဲ့ဒီမှာ ဦးတင်အောင်ရဲ့မိန်းမလဲပါတယ် သူကိုအသံတိတ်နေပါတယ်လို့ ကြည့်လိုက်တော့ မျက်ထောက်နီကြီးနဲ့ ခါးထောက်ပြီး တစ်ဟီးဟီးရယ်နေတယ်ဗျ..... ပြီးတော့ ငါ့ကိုဘာကောင်မှတ်နေလဲ ငါဒီကိုအရင်ရောက်တယ် ငါ့ကိုတော့လာမစော်ကားနဲ့ဆိုပြီးခုန်ပေါက်နေရောဗျာ...ဒီမှာ ငါတစ်ကောင်ထဲရှိတာမဟုတ်ဘူး..... အများကြီးပဲတဲ့ အမလေး...အမလေး...ဘုရားဘုရားအများကြီးပဲဆိုပါလား လူတွေဗျာနေ့ခင်းကြောင်တောင်ကြောက်တာမြင်ဖူးကြလား ဒါနဲ့ဆရာတော်ကိုသွားပင့်ကြတာပေါ့ လူကြီးအချို့ကဂုဏ်တော်တွေဘာတွေရွတ်ကြတာပေါ့ ခနနေတော့ ဘုန်းကြီးပင့် တဲ့သူရောက်လာတယ် ဆရာတော်လဲပါတယ်... အဲ့မှာ ဦးတင်အောင်မိန်းမကဘာပြောလဲသိလား ဆရာတော်ကိုခါးထောက်ပြီး ဖုံကြီး ကိုယ်နဲ့မဆိုင်ပဲ ၀င်မပါနဲ့... နင်ပါသေသွားမယ်တဲ့ ဖုန်းကြီးကလဲ ခပ်ထက်ထက်ရယ်ပါ ပါလာတဲ့ပရိတ်ရည်နဲ့ပက်လိုက်တယ် အောင်မလေးလို့အော်တဲ့ အသံကြီးကတော်တော် နာကြင်တဲ့အသံကြီးနဲ့လေ ဘုန်းကြီးကပြောတယ် နင်တို့မကြမ်းကြနဲ့တဲ့ ကြမ်းရင်နင်တို့ပဲခံစားရမယ်တဲ့အဲ့လို့ပြောလိုက်မှ ငိုကြီးချက်မနဲ့ ဆရာတော်ရယ် ငါတို့မှာနေစရာမရှိလို့ပါတဲ့ ခုလဲ ငါတို့နေတဲ့ အိမ်ကို လူသစ်တွေပြောင်းလာတော့မယ်တဲ့ ငါတို့ဘယ်မှာနေရမလဲ ဆိုပြီးတောင်းပန်တယ် ဆရာတော်ကပြောတယ် နင်တို့ ဒီအိမ်မှာဘယ်နှစ်ယောက်ရှိလဲလို့မေးတော့ 8 ယောက်တဲ့ အလေးလေး.....ဘုရား...ဘုရား...........ဆရာတော်ကပြောတယ် နေဆရာမရှိရင် ငါ့နေရာပေးမယ်ငါနဲ့လိုက်လိုက်ကြဆိုပြီးပြောတယ်.... ပြီးတော့ ဦးတင်အောင်မိန်းမ လဲကြသွားတယ် ဦးတင်အောင်လဲ ရောင်ချာချာနဲ့ ပြန်သတိရလာတယ်.........ဆရာတော်ကတော့....သူ့ကျောင်းကို လိုက်ပို့မယ်လို့ပြောတာလက်မခံဘူး ငါ့မှာလုပ်စရာရှိ သေတယ်လို့ပြောတယ် နောက်ပြီး နေစရာမရှိတဲ့သူတွေငါ့နောက်ကိုလိုက်ခဲ့ကြတဲ့ ဒါနင်တို့နေရမဲ့နေရာမဟုတ်ဘူးတဲ့.....အဲ့လိုပြောပြီး ပြန်ကြွသွားတယ် နောက်နေ့မှာ တစ်ဝန်းလုံးကိုပရိတ်နာကြတယ်...... ပရိတ်နာလို့ အပြီးမှာ ဘဘုန်းကြီးက စကားတစ်ခွန်းအမှာခြွေခဲ့ပါတယ် မှတ်သားစရာပါ အားလုံးဘုရားတရားကိုမမေ့ကြပါနဲ့တဲ့.................. ဟုတ်ပါတယ်.... ဆရာတော်ဘုရားမိန်ကြားခဲ့တဲ့အတိုင်း ဘုရားတပည့်တော်..... 6 တန်းကျောင်းသားဘ၀လောက်ထဲက ယနေ့အချိန်အထိ ဘာသာတရားကို ရိုသေတဲ့စိတ်ကိုင်းရိုင်းတဲ့စိတ်.........ဖြစ်ပေါ်လာခဲ့သည်မှာ ခုကျွန်တော် စာရေးတဲ့အချိန်ထိပဲဆိုပါတော့............






Credit : http://www.ghost.myanmartv.info/2014/07/blog-post_55.html

No comments:

Subscribe

လာလည်သူများ

free counters