♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 26, 2015

"မမတို့ ကိုကိုတို့ရေ.....ထက်မြက်တဲ့ မိန်းမသား..ဆိုတာ ဘာလဲဆိုတော့"


ထက်မြတ်တဲ့ မိန်းမသားတွေကို ယောကျာ်းသားတစ်ချို့က ကြောက်လန့်တတ်ကြပါတယ် ။
တကယ်တော့ ထက်မြတ်တဲ့မိန်းမတွေဆိုတာ ကြောက်ဖို့ကောင်းတာထက် သနားစရာတောင်ကောင်းနေပါသေးတယ်။တော်တော်များများ ထက်မြတ်တဲ့ မိန်းမတွေဟာ သူမတို့ရဲ့ဘဝတလျှောက်မှာ အားကိုးလောက်တဲ့မိသားစု၊ချစ်သူ အစရှိတဲ့ အသိုင်းအဝိုင်းမရှိလို့သာ

သူတို့ဘာသာရုန်းကန်လှုပ်ရှားရင်း သူများအနိုင်ကျင့်မခံရအောင် မိမိရဲ့ကိုယ်ရည်ကိုယ်သွေးတောက်ပချွန်ထက်အောင် လုပ်ယူရတာပါ။

မိန်းမတိုင်းကတော့ သူတို့ရဲ့ ပင်ကိုသဘဝအရ ပျော့ပျော့ပြောင်းပြောင်းနဲ့ အေးအေးသက်သာ ဘဝကိုဖြတ်သန်းချင်ကြမှာပါပဲ ။အခြေနေအရပ်ရပ်ကြောင့်သာ ရွေးချယ်ခွင့်မရှိကြလို့သာ ခက်ထန်ကြမ်းတမ်းတဲ့ လမ်းကြောင်းကိုရွေးကြရတာပါ။

ဒါကို တစ်ချို့တွေက သူတို့ရဲ့ အရည်ချင်းကို ကြည့်ပြီ့ ထိပ်လန့်တတ်ကြပါတယ် ။
တကယ်တမ်းက သူမတို့ထက်မြတ်တာနဲ့အမျှ အထီးပိုကျန်ရလို့ ပိုပြီးဖေးမသင့်ပါတယ် ။
ထက်မြတ်ပါတယ်ဆိုတဲ့ မိန်းမတွေရဲ့ နောက်ကြောင်းကို အစအနကောက်ကြည့်လိုက်ပါ။
သူတို့မှာ တစ်ကြိမ်တစ်ခါထက်ပိုတဲ့ အနိုင်ကျင့်ခံရမှုတွေ ၊ ဘဝနာတာတွေ ရှိကြတာချည်းပါပဲ ။

ထက်မြတ်တယ်ဆိုတိုင်း လှည့်ကြည့်စရာမလို ဂရုစိုက်စရာ မလိုတာ မဟုတ်ပါဘူး ။
သူမတို့အတွက် အပြင်ပန်းမှာအကူညီမလိုပေမဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာတော့ ဖေးမမှုကတော့ လိုကိုလိုကြတာချည်းပါပဲ ။လူတွေထင်မြင်ထားတာနဲ့ တစ်ခါတစ်လေ ဆန့်ကျင့်ဘက်ဖြစ်တဲ့ အားငယ်မှုလေးတွေကတော့ သူတို့ရဲ့အတွင်းစိတ်နှလုံးထဲမှာ ကိန်းအောင်းထားတာလေးတွေ ရှိကြပါတယ်။



Credit : ချစ်တဲ့…မနုဿ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : http://www.shwechitthu.com/2015/04/blog-post_538.html

No comments:

Subscribe

လာလည်သူများ

free counters