♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 29, 2015

"အချစ်ရေး လုံးဝ အနုတ်လက္ခဏာပြနေပြီဆိုတာ ဒီအချက်တွေက ဖော်ထုတ်ပေးနိုင်တာ"

 
သင်အချစ်ရေးဟာ ငြီးငွေ့ဖွယ် ကောင်းနေပြီလား။ ပျော်စရာဆိုတာ ရှာလို့ကို မရနိုင်တော့ဘူးလား။ အောက်မှာဖော်ပြပေးထားတဲ့ အချက် (၁၃)ချက်က သင့်အချစ်ရေးဟာ လုံးဝအနုတ်လက္ခဏာဖြစ်နေပြီမို့ စွန့်လွှတ်သင့်ပြီ ဆိုတဲ့အကြောင်း ပြောပြပေးနေပါတယ်။

၁။နှစ်ယောက်သားစိတ်ဝင်စားတဲ့ အကြောင်းအရာချင်း လုံးဝမတူညီတာကြောင့် အဲ့ဒါနဲ့
ပတ်သက်ပြီး ပြသနာတွေ ခဏခဏကို တက်ရတယ်။ ပြသနာတွေက ပိုပိုနည်းမသွားပဲ တစ်ဖြည်းဖြည်း အခြေအနေပိုဆိုးလာတယ်။

၂။တစ်ယောက်ကို တစ်ယောက်တွေ့ဖို့ထက် ခွဲနေတာကမှ ပိုအဆင်ပြေသေးတယ်။ တွေ့လိုက်တာနဲ့ ပြသနာချည်း တက်နေမယ့်အစားပေါ့။

၃။အရင်တုန်းက ရည်းစားဟောင်း၊ ပတ်သက်ခဲ့ဖူးတဲ့သူဆီက sms ၀င်လာတာ၊ ဖုန်းလာတာက ခု လက်ရှိရည်းစားဆီက ဖုန်းလာတာထက် ပိုရင်ခုန်စရာကောင်းနေတယ်။

၎။သူ့ဆီကို သွားလည်ဖို့၊ သူ့အိမ်ကို သွားလည်တာမျိုးတွေ မလုပ်ချင်တော့ဘူး။

၅။နှစ်ဦးသား ရယ်ရယ်မောမောနဲ့ စကားတွေပြောခဲ့တာ ဘယ်တုန်းကပါလိမ့်။ မနည်းကို စဉ်းစားနေရပြီ။

၆။နှစ်ဦးထဲက တစ်ဦးက အထိန်းချုပ်ခံနေရတယ်။ တစ်ယောက်ကတော့ ဦးဆောင်ထိန်းချုပ်ချင်တဲ့စိတ် အပြည့်ဖြစ်နေတယ်။

၇။စကားပြောရင် အေးစက်စက်တွေ ဖြစ်လာတယ်။

၈။ကိစ္စတစ်ခုကိ အရေးတကြီး မတွေးတော့ဘူး။ ဘာဖြစ်ဖြစ်ရတယ်ဆိုပြီး အဆင်ပြေသလို ပြောဆိုလိုက်တယ်။ နှစ်ဦးသား တစ်ဦးနဲ့တစ်ဦး ထိတွေ့၊ နမ်းရှိုက်တာမျိုးတွေလည်း နည်းသွားပြီ။

၉။တစ်စုံတစ်ရာကြောင့် မတွဲချင်ပဲ ဆက်တွဲနေရတယ်။ ငွေကြောင့်၊ အခြား ကိစ္စတစ်ခုခုကြောင့်။

၁၀။တစ်ခုခုလုပ်လိုက်တိုင်း အပြောခံနေရတာကို မုန်းလာပြီ။ ကိုယ့်ဘက်မှာ ဘယ်တော့မှ မရှိတဲ့အပြင် အပြစ်တင်၊ ဝေဖန်ပြီး ယုံကြည်မှုမဲ့အောင် အလုပ်ခံနေရပါလားလို့ပဲ တွေးနေမိတယ်။

၁၁။တစ်ခြားလူလည်း ဘယ်သူမှမရှိလို့ သူ့ကို တွဲနေရတာဆိုပြီး ခံစားလာမိပြီ။

၁၂။ပြသနာတွေတက်တိုင်း သူငယ်ချင်းတွေ၊ မိသားစုဝင်တွေပါ စိတ်ရှုပ်ရတယ်။ အားလုံကလည်း နှစ်ယောက်စလုံးကို လမ်းခွဲကြဖို့တောင် တိုက်တွန်းလာတဲ့အထိပဲ။

၁၃။ပြသနာတက်တိုင်းလည်း အော်ကြီးဟစ်ကျယ်တွေ ဖြစ်တတ်လာတယ်။ အပြစ်အနာအဆာတွေ ထောက်ပြပြီး ခါးခါးသီးသီးတွေ ပြောဆိုလာတတ်တယ်။


Credit : http://www.searchmyanmar.com/click#content-49450

No comments:

Subscribe

လာလည်သူများ

free counters