♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 9, 2015

မှန်လုံယာဉ်တိမ်းမှောက်၍ ခရီးသည်တစ်ဦးသေပြီး ၂၀ ဒဏ်ရာ


နေပြည်တော် ဇွန် ၈

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ပလွေးအမြန်လမ်း ရဲစခန်းပိုင် ရန်ကုန်-မန္တလေး အမြန် လမ်း မိုင်တိုင်အမှတ် (၂ဝ၃/၂) နှင့် (၂ဝ၃/၃)အကြား၌ ယာဉ်တိမ်း မှောက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယနေ့ မွန်းတည့် ၁၂ နာရီက မန္တလေးမှ ရန်ကုန်သို့ ယာဉ်မောင်း နိုင်လင်းအောင် (၃၅ နှစ်) ဈေးကြီးရပ်ကွက် လှည်းကူးမြို့နေ သူ မောင်းနှင်သော နေကြာခရီးသည် တင် မှန်လုံယာဉ်သည် မိုးရွာသွန်းနေ ချိန် လမ်းချော်ပြီး
အရှိန်မထိန်းနိုင် ဘဲ လမ်းယာဘက်ဘေးရှိ အလူမီနီယံ ပေါင်တန်းများအား တိုက်မိကာ ဝဲ ဘက်သို့တိမ်းမှောက်ပြီးနောက် လမ်း ဘေး စည်းရိုးအုတ်ခုံတန်းနှင့် ထပ်မံ တိုက်မိကာ အတည့်ပြန်ကျခဲ့သည်။

ယာဉ်ပေါ်၌ ယာဉ်မောင်းပါ သံဃာတစ်ပါး၊ အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၂၇ ဦး လိုက်ပါလာသည့်အနက် အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁၆ ဦး၊ အမျိုးသမီးလေးဦး ဒဏ်ရာများ ရရှိခဲ့သည်။ သေဆုံးသူအလောင်းနှင့် ဒဏ်ရာရရှိသူများအားအမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက ကြပ်မတ်၍ တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံကြီးသို့ ကူညီပို့ဆောင်ခဲ့ပြီး အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက နေပြည်တော်ခုတင် ၁ဝဝဝသို့သွား ရောက်၍ ဒဏ်ရာရရှိသူများအား ကြည့်ရှုအားပေးစကား ပြောခဲ့ ကြောင်း သိရသည်။

သတင်း-မျိုးဇေယျာ(ပျဉ်းမနား)
ဓာတ်ပုံ-သီရိခေတ်

Myanmaalinn
နေကြာ ယာဉ်လိုင်းအခုလို့ဖြစ်တာကို ကျွန်တော်မောင်စိုးအရမ်းစိတ်မကောင်းဖြစ်မိနတယ်ဗျာ တစ်ခုလောက်မေတ္တာရပ်ခံရပါစေ ဘယ်ယာဉ်လိုင်းဘဲဖြစ်ဖြစ် အခုအချိန်က မိုးရာသီဖြစ်တဲ့အတွက်ကြောင့် တက်နိုင်သလောက်အရှိန်လျော့မောင်းပေးပါ ကားလေးဘဲဖြစ်ဖြစ် ကားကြီးဘဲဖြစ်ဖြစ်ပေါ့ဗျာ
ယာဉ်နောက်လိုက်ကလဲ သတိပေးပါ မိမိယာဉ်မောင်းကို
အရှိန်များနေရင် အရှိန်လျော့မောင်းတာကတော့ အကောင်းဆုံးပါဘဲဗျာ ဆီမိုင်းရင်မိုင်းပါစေဗျာ အန္တရာယ်မဖြစ်ဖို့ကအရေးကြီးပါတယ်
ခရီးသွားမိဘပြည်သူများ စိတ်ချမ်းသာကိုယ်ကျန်းမာပါပြီ လိုရာခရီးကို အန္တရာယ်ကင်း ဘေးရှင်းပါစေလို့ မေတ္တာကိုရှေ့ထားပြီ ကျွန်တော်မောင်စိုး ဆုတောင်းပေးလိုက်ပါတယ်ဗျာ
ကျွန်တော်မောင်စိုးကတော့ express car ကြီးတွေကို ချစ်မြတ်နိုးသူတစ်ယောက်ပါ

No comments:

Subscribe

လာလည်သူများ

free counters