♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 7, 2015

" ရန်​​ငြိုးထားသူရဲ့ ရန်ငြိုးနှင့်ကင်းအောင် ​အောက်​ပါမန္တာန်​ကို ၃၇ ​ခေါက်​ရွတ်​ဆိုရမယ် ဆိုပါလား"

 
တခါတ​လေမှာ နှစ်​ဦးနှစ်​ဘက်​အဆင်​မ​ပြေကြလို့ပဲဖြစ်​ဖြစ်​၊ ဒါမှမဟုတ်​ အထင်​လွဲပြီးတစ်​ဖက်​သတ်​ကြီးပဲဖြစ်​ဖြစ်​၊ ​ဘေးပတ်​၀န်းကျင်​ အတွန်းအတိုက်​​တွေ​ကြောင့်​ပဲဖြစ်​ဖြစ်​ ကိုယ့်​အ​ပေါ် ဇွတ်​အတင်းကိုပဲ မလိုမုန်းထား အငြိုးအာဃာတကြီးသူ​တွေ​ပေါ်လာတတ်​ပါတယ်​ ... ဒီကြားထဲ အငြိုးအာဃာတထား​နေသူက ကိုယ့်​ချစ်သူ၊
ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ်နဲ့တန်းတူရွယ်​တူ၊ အဆင့်​အတန်းတူရှိတတ်​သလို၊ တခါတ​လေကျ​တော့လည်း ကိုယ့်​ထက်​နိမ့်​သူ၊ ငယ်​သူ၊ အားနွဲ့သူမျိုးလည်းရှိတတ်​ပြန်​တယ်​ ... တခါ​လေများကျ​တော့လည်း ကိုယ့်​ရဲ့မိဘလို၊ ဆရာလို၊ ကြီးကဲသူလို၊ အလုပ်​ရှင်​လို၊ အထက်​အရာရှိလိုပုဂ္ဂိုလ်​မျိုးရဲ့အထင်​လွဲမှားမှု၊ အငြိုးအာဃာတထားမှုဆို
တာမျိုးလည်းကြုံနိုင်​တာ​ပေါ့ ...ဒီအခါမှာ​အောက်​ပါအစီရင်​ကိုသုံးသင့်​ပါတယ်​ ....
လက် ​တစ်​၀ါးစာ​လောက်​ရှိတဲ့ အနက်​​ရောင်​စာရွက်​ပိုင်း​လေး​ပေါ်မှာ ရန်​ငြိုးထား​နေသူ၊ ရန်​လို​နေသူရဲ့နာမည်​ကို​မြေဖြူခဲတစ်​ခဲနဲ့ချ​ရေးရမယ်​ ... ပြီးရင်​ အဲဒီနာမည်​ရဲ့အလယ်​​လောက်​က​နေ အထက်​​အောက်​​ဒေါင်​လိုက်​မျဉ်းတစ်​​ကြောင်းဆွဲချ ( အ​ပေါ်မှ​အောက်​သို့ ) ၊ ပြီးရင်​ စက္ကူကိုကျစ်​​နေ​အောင်​လိပ်​ပြီးအပြာ​ရောင်​ခပ်​နုနု ဖဲကြိုးစ​လေးနဲ့ပတ်​ချည်​၊ ပလပ်​စတစ်​အိပ်​က​လေးထဲလုံခြုံ​အောင်​ထည့်​၊ ( ​ရေလုံ​အောင်​ထည့်​ရမှာပါ ) ပြီးတာနဲ့ ဇလုံကြီးကြီးတစ်​လုံးမှာထည့်​ အ​ပေါ်က​နေ မွ​နေ​အောင်​ထု​ချေထားတဲ့​ရေခဲတုံး​တွေနဲ့ဖုံးအုပ်​၊ ဒီအချိန်​​လေးမှာ ​အောက်​ပါမန္တာန်​ကို ၃၇ ​ခေါက်​အ​လေးအနက်​ထားပြီးရွတ်​ဆိုရမယ်​ ...
 
အေး​စေ ခဲ​စေ ( မ /ကို........) ​ရေ ...
နင့်​ရန်​ငြိုး​တွေ ​ပြေ​တော့​လေ ...
နင်​​ရောငါပါ ငြိမ်း​အေးကြ ...
အာဃာတ​တွေ ​ကျေပြီပ ...
 
 
အဲဒီအစီရင် ​ကို ဒီအတိုင်း တစ်​ညထားရမယ်​ ... ​နောက်​​နေ့ကျ​တော့မှ စာရွက်​လိပ်​က​လေးကို စီး​နေတဲ့​ရေမှာ​မျှောပစ်​လိုက်​ရမယ်​ ... ဒါဆိုရင်​ အားလုံး​အေးချမ်းသွားပါလိမ့်​မယ်​ ...
မှတ်​ရန်​ .... (မ/ ကို .... ) အတွင်း မိမိအားရန်​ငြိုးထား​နေသူ၏အမည်​ကိုထည့်​ရွတ်​ပါ ... မ အဝှါ (သို့) ကို အဝှါပေါ့......
 
 
 
 
 

No comments:

Subscribe

လာလည်သူများ

free counters