♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 7, 2015

ဘီစကွတ်နဲ့ ကိတ်မုန့်တွေဟာ စိတ်ခံစားမှုတွေကို အနှောင့်အယှက်ဖြစ်စေနိုင်


ကျွန်ုပ်တို့ အားလုံး ယုံကြည်ထားကြတာက ကွတ်ကီး ဟာ ကျွန်ုပ်တို့ အတွက် ကောင်းတယ်ဆိုတာပါပဲ။ ဒါပေမယ့် သုတေသန အသစ်တစ်ခုက ပြသခဲ့တာကတော့ ဘီစကွတ် နဲ့ ကိတ်မုန့်တွေဟာ ကျွန်ုပ်တို့ရဲ့ စိတ်ခံစားမှု တွေကို တစ်ကယ်ကြီး အနှောင့်အယှက်ပေးနိုင်တယ်ဆိုတာပါပဲ။

ကောင်းမွန်စွာ ဖုတ်ထားတဲ့ မုန့်တွေ ၊ ကိတ်တွေ ၊ ကွတ်ကီး တွေမှာ ပါဝင်တဲ့ Fatty အက်ဆစ် ဟာ ကျွန်ုပ်တို့ရဲ့ ခံစားမှုတွေ ပုံမှန်လည်ပတ် နေတာကိုြေ
ပာင်းလဲလိုက်နိုင်တယ်လို့ အမေရိကန်ပြည်ထောင်စုက သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

လူအယောက် ၅၀၀၀ ကို လေ့လာစစ်တမ်းကောက်ယူ ကြည့်ခဲ့တဲ့အခါမှာ အဲဒီ Fatty အက်ဆစ် ကို များများ စားသုံးသူတွေဟာ သတိနည်း ကြပြီး စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်တာကို တွေ့ခဲ့ရပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ ခံစားချက်တွေကို သတိမပြုမိကြပဲ ၊  ခံစားမှုတွေကို လည်း ပြတ်သားစွာ နားမလည်ကြသလို သူတို့ရဲ့ စိတ်ကို ပုံမှန်လည်ပတ်နိုင်စွမ်း မရှိကြဘူးလို့ Yahoo ကျန်းမာရေးဌာနက တင်ပြထားပါတယ်။

ဒါပေမယ့် သူတို့တွေ Fatty အက်ဆစ် စားသုံးမှု လျှော့ချလိုက်တဲ့အခါမှာတော့ သူတို့ဟာ စိတ်ကို ပုံမှန်အတိုင်း ထိန်းချုပ်နိုင်စွမ်းရှိလာကြတာကို သုတေသီတွေက သိခဲ့ကြပါတယ်။

ထိုလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ San Diego ပြည်နယ် တက္ကသိုလ် က အစာဗေဒ ကျွမ်းကျင်သူ Megan Holt ကတော့ သူမအနေနဲ့ Fatty အက်ဆစ် နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကြားက ဆက်စပ်နေမှု တွေကို ထပ်မံ သုတေသန ပြုလုပ် လေ့လာသွားဦးမယ်လို့ ဆိုပါတယ်။

ထို Fatty အက်ဆစ်ကို အသားနဲ့ နို့ထွက် ပစ္စည်းတွေမှာလည်း တွေ့ရတတ်ပြီး ဘီစကွတ် နဲ့ ကိတ်မုန့်တွေမှာလည်း ထည့်သွင်းပြုလုပ်ကြပါတယ်။ များသောအားဖြင့် အစားအစာ တွေ ကြာရှည်ခံစေဖို့ လည်း အသုံးပြုကြပါတယ်။

အရင်တစ်ခေါက်က ပြုလုပ်ခဲ့တဲ့ သုတေသန အရလည်း Fatty အက်ဆစ် စားသုံးမှု များသူတွေဟာ ဒေါသထွက်လွယ် ၊ စိတ်တိုလွယ် ကြပါတယ်။

( Mario )

No comments:

Subscribe

လာလည်သူများ

free counters