♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 10, 2015

"အင်လေးကန်ရှိ ကြောင်တွေ မခုန်တော့သည့် ကြောင်ခုန်ကျောင်းသို့ တစ်ခေါက်"

 ကြောင်ခုန်ကျောင်းဟု လူသိများထားသည့် ငါးဖယ် ချောင်းရှေးဟောင်းဘုန်းကြီး ကျောင်းအတွင်းသို့ ၀င်ရောက် သည်နှင့် ကျွမ်းထိုးခုန်ပေါက်တတ် သည့် တောကြောင်လေးများကို တွေ့ရမည်ဟု မျှော်လင့်မိသော် လည်း ခုံတန်းပေါ်တွင် အိပ်ပျော် နေသည့် ကြောင်လေးများကိုသာ တွေ့ရသည်။


 

 ကျောင်းဝင်းထဲတွင်တော့ ရှေးဟောင်းရုပ်ပွားတော်များကို အမှောင်ထဲမှာပင် သပ္ပာယ်စွာဖူး တွေ့နိုင်ပြီး ဘုရားဖူးလာသူများ အေးအေးဆေးဆေး အနားယူနိုင် ရန် ပဲပုပ်စေ့နှင့် ရေနွေးကြမ်းများ တည်ခင်းဧည့်ခံထားသည်။

ကျောင်းပေါ်တွင်တော့ ကြောင်လေးငါးကောင်ခန့်တွေ့ရ သော်လည်း ဧည့်သည်များကို ကျွမ်းထိုးခုန်ပြသည်ဟု နာမည် ကြီးခဲ့သည့် ကြောင်လေးများမှာ မူ လွန်ခဲ့သည့် သုံးနှစ်ခန့်ကပင် သေဆုံးသွားခဲ့ပြီဟု သိရသည်။


 ‘‘ဒီကျောင်းက နိုင်ငံခြားဧည့် လမ်းညွှန်တွေမှာတော့ Jumping Cat Monastery လို့ နာမည်ကြီး တာပေါ့။ ကြောင်လေးတွေ ခုန်လို့။အခုကတော့ ခုန်တဲ့ကြောင်လည်း မရှိတော့ပါဘူး။ အသက်လည်း ကြီးပြီဆိုတော့ သဘာဝအတိုင်း သေကုန်တာပေါ့’’ဟု ငါးဖယ် ချောင်းဘုန်းကြီးကျောင်း၌ သီ တင်းသုံးနေထိုင်သည့် ဆရာတော်ဦးကောသလ္လက မိန့်ကြားသည်။
ဟိုတစ်ချိန်တစ်ခါကတော့ ကြောင်ခုန်ကျောင်း (ခေါ်) ငါးဖယ် ချောင်းကျောင်းကြီးပေါ်တွင် ကြောင်လေးများက ဧည့်သည် များ စည်စည်ကားကားရှိပြီဆို လျှင် သင်ကြားထားသည့်အတိုင်း စက်ဝိုင်းသဏ္ဌာန်ကြိမ်ကွင်းလေး များ၌ ကျွမ်းထိုးခုန်ပေါက်ပြ သည့်အတွက် နာမည်ကျော်ကြား ခဲ့ခြင်း ဖြစ်သည်။

 
ယခုအခါတွင် ကျန်ရှိနေ သည့် ကြောင်များမှာ ၁၀ ကောင် ပင်မရှိတော့ဘဲ ကျောင်းသို့ လည်ပတ်ရန် ရောက်ရှိချိန်တွင် အနက် ရောင်၊ အဖြူရောင်ရှိသည့် ကြောင်လေး၊ အဖြူပေါ်၌ အ၀ါနှင့် မီးခိုရောင်ရှိသည့် ကြောင်လေးများကို တွေ့ခဲ့ရသည်။
ယင်းကြောင်လေးများကို လည်း ယခင်လေ့ကျင့်သင်ကြား ပေးလေ့ရှိသည့် ဦးပဉ္စင်းမှာ လွန် ခဲ့သည့် ၂၀၁၂ ကပင် ပျံလွန်တော်မူသွားပြီဖြစ်၍ သင်ကြားပေးနိုင်ခြင်းမရှိတော့ဘဲ ကျန်ရှိနေသည့် ကြောင်များမှာ ကျွမ်းထိုးခုန်ပေါက်နိုင်ခြင်းမရှိတော့ပေ။

ထိုသို့ ဧည့်သည်များအား ကျွမ်းထိုးခုန်ပေါက်ပြခဲ့သည်ဟု နာမည်ကြီးခဲ့သည့် ကြောင်လေးများမရှိတော့သော်လည်း ဘုန်းကြီးကျောင်းသို့ လာရောက်သည့် ဧည့်သည်များကတော့ လျော့သွားခြင်းမရှိဘဲ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားနေသည်။

‘‘ကြောင်တွေမရှိတော့ပေ မယ့် နိုင်ငံခြားသားတွေကလာနေ တုန်းပဲ။ ဘာလို့လဲဆိုတော့ ကျောင်းက အဓိကပဲ။ ရှေးဟောင်းအရ ကျော်ကြားတာ။ ရှေးဟောင်းကျောင်း၊ ရှေးဟောင်းဘုရားဆိုပြီး တော့’’ဟု ဆရာတော်က မိန့် ကြားသည်။

နှစ်ပေါင်း ၁၇၀ ကျော်သက် တမ်းရှိသည့် ကြောင်ခုန်ကျောင်း (ခေါ်) ငါးဖယ်ချောင်းကျောင်းကို သက္ကရာဇ် ၁၂၀၅ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့တည် နန်းတည်ထက်ပင် ၁၆ နှစ်စောသည်။ ကြောင်ခုန်ကျောင်းမှာ အင်းလေးသို့ သွားရောက်လည်ပတ်ရာတွင် ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ရက်ကန်းရုံများကဲ့သို့ မဖြစ်မနေသွားရမည့်နေရာတစ်ခုဖြစ်သည်။

ငါးဖယ်ချောင်း ဘုန်းကြီး ကျောင်းမှာ အရှေ့အနောက် ၁၈၀ ပေ၊ တောင်မြောက် ၁၂၀ ပေကျယ်ဝန်းပြီး ကျွန်းတိုင်ပေါင်း ၆၅၄ လုံး ဖြင့် တည်ဆောက်ထားသည်။ ဘုန်းကြီးကျောင်းဝင်းထဲတွင် ယွန်းဘုရားကြီး ခြောက်ဆူ၊ ကျောက်ဆင်းတု ၆၆ ဆူ၊ ဘုရားစံကျောင်း တော်ဆောင် ၂၇ ဆောင်အား သပ္ပာယ်စွာ ဖူးတွေ့ရမည် ဖြစ် သည်။

 
‘‘ဘုရားပလ္လင်လက်ရာတွေ၊ ဗိသုကာအနုပညာလက်ရာတွေ က ဘယ်မှာမှမရှိတော့ဘူး။ နိုင်ငံ ခြားသားတွေလည်း စိတ်ဝင်စား တာပေါ့။ သူတို့က စိတ်ဝင်တစား နဲ့ အသေးစိတ်လေ့လာသွားကြ တယ်။ မြန်မာဘုရားဖူးတွေက ဖူး ပြီးရင်ပြီးသွားရော’’ဟု ဆရာတော်ဦးကောသလ္လက ကျောင်းသို့ လာ ရောက်လည်ပတ်သည့် ဧည့်သည်အမျိုးအစားကို ခွဲခြမ်းစိတ်ဖြာပြ သည်။
 
ငါးဖယ်ချောင်းရှေးဟောင်း ဘုန်းကြီးကျောင်းရှိ ရှေးဟောင်း ရုပ်ပွားတော်များအား ဖူးမြော်လေ့ လာပြီးပါက ကျောင်း၏ အနောက်ဘက်ရိုးရာအထည်နှင့် လက်ဆောင်ပစ္စည်းအရောင်းဆိုင်များတွင်လည်း အိမ်အပြန်လက်ဆောင်ဝယ်ယူနိုင်မည် ဖြစ်သည်။
 
 ရှေးဟောင်းကျောင်း၊ ရှေး ဟောင်းဘုရားဟု ကျော်ကြား သည်နှင့်အညီ နေ့စဉ်ဧည့်သည် များက မပြတ်လာရောက်လည် ပတ်ကြပြီး ဧည့်အ၀င်မှာ အင်း လေးကန်သို့ လာရောက်သည့် ဧည့်ဝင်နှုန်းအတိုင်း လာရောက် လည်ပတ်သည်ဟု ဆရာတော် က ဆက်လက်မိန့်ကြားသည်။
‘‘၂၀၀၇ တုန်းက အန်တီတို့ သွားတုန်းက တောင်ခုန်တဲ့ ကြောင်လေးတွေက နှစ်ကောင်၊ သုံး ကောင်ပဲကျန်တော့တယ်။ ကြိမ် ကွင်းလေးတွေကို နှစ်ဆင့်၊ သုံး ဆင့်ထားပြီးတော့ ခုန်ခုန်သွား တာ။ ဒီနောက်ပိုင်းခုန်တယ်ဆိုတာတော့ မရှိတော့ဘူး’’ဟု ငါးဖယ်ချောင်းကျောင်းသို့ သွားရောက်လည်ပတ်ဖူးသည့် ဒဂုံမြို့နယ်နေ ဒေါ်ခင်မြမြ၀င်းက ပြောကြားသည်။

လက်ရှိတွင် ငါးဖယ်ချောင်း ကျောင်း၌ ကြောင်ရှစ်ကောင်၊ ကိုးကောင်ခန့်ကျန်ရှိနေပြီး သင်ကြားပြသမည့်သူမရှိ၍ ကျွမ်းထိုးခုန်ပေါက်နိုင်ခြင်းမရှိတော့သော်လည်း ရှေးဟောင်းကျောင်းဖြစ်သည်နှင့်အညီ လာရောက်လည်ပတ်သူများကတော့ ရှိနေမြဲ ဖြစ်သည်။





ဓါတ်ပုံ များ :  ရောရောသမမွှေမှ (ဂူးဂဲလ်တွင် ရှာဖွေကာ ထည့်ထားခြင်းဖြစ်ပါသည်) 




Credit : http://www.thithtoolwin.com/

No comments:

Subscribe

လာလည်သူများ

free counters