♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 13, 2015

" ချစ်သူတို့ရေ.... မှတ်သားစရာ အချစ်စာတိုကလေးများလို့ ဆိုသတဲ့ ဖတ်ကြည့်ကြပါဦး "

 
လူတိုင်းဟာ အချစ်နဲ့ မကင်းကြပါဘူး။ အချစ်ကို အဓိပ္ပါယ်တွေ အမျိုးမျိုးဖွင့်ဆိုရင်း တင်စားမှုတွေ အများကြီး ရှိခဲ့တယ်ဆိုတာလည်း အားလုံးအသိပါ။ ဒီတော့ ဇာတ်လမ်းတွဲတွေထဲက အချစ်နဲ့ပတ်သက်တဲ့ စာသားလေးတွေ၊ စာဆိုတွေရဲ့ အချစ်စာတိုလေးတွေကို မှတ်သားထားလို့ရအောင် ဖော်ပြပေးချင်ပါတယ်။

၁။အကောင်းဆုံးအချစ်ဆိုတာ စိတ်ဝိဥာဉ်တွေကို နိုးထစေနိုင်ပြီး ငါတို့ကို နေရာဝေးဝေးထိ ခေါ်ဆောင်သွားနိုင်ပါတယ်။ ပြီးတော့ နှလုံးသားထဲမှာ မီးတောက်တွေကို
စိုက်ပျိုးသွားပေမယ့် တစ်ချိန်တည်းမှာပဲ ငါတို့စိတ်ထဲ ငြိမ်းချမ်းမှုတွေ ယူဆောင်ပေးနိုင်ပြန်တယ်။ ဒီအရာတွေ မင်းကို ငါထာဝရပေးနိုင်မယ်လို့ မျှော်လင့်မိတယ်။ (The Notebook)

၂။လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အိပ်ပျော်ဖို့တောင် ခက်ခဲသွားတယ်၊ ဘာလို့လဲဆိုတော့ လက်တွေ့ဘ၀မှာ ဖြစ်နေတာတွေက အိပ်မက်တွေထက် ပိုပျော်စရာကောင်းပြီး သာယာနေလို့ပဲ။ (Dr. Seuss)

၃။အချစ်တွေ ထုံမွှန်းနေပြီလို့ ခံစားရရင် အရာရာတိုင်းကို လွယ်ကူစွာ ရင်ဆိုင်နိုင်တယ်၊ ပြန်ရပ်တည်နိုင်လာတယ် ဘာလို့လဲဆိုတော့ ချစ်မိပြီဆိုတာနဲ့ နောက်တစ်ကြိမ် ပြန်တည့်မတ်ဖို့ဆိုတာ ဖြစ်နိုင်နေလို့ပါ။ (Albert Einstein)

၎။လူတစ်ယောက်ဟာ ပျော်ရွှင်မှု မရှိရင်တောင်မှ အချစ်နဲ့ဆို ကောင်းကောင်းအသက်ရှင်နိုင်တယ်။ အချစ်ဟာ ပျော်ရွှင်မှုတစ်မျိုးပဲ မဟုတ်လား။ (Fyodor Dostoyevsky)

၅။အချစ်ဆိုတာ ရှင်းပြလို့လည်းမရှိ၊ ဖော်ပြဖို့လည်း မလွယ်ကူပါဘူး။ သူဟာ အထိအတွေ့လည်း တစ်ခုလည်းဖြစ်နိုင်သလို ခံစားချက်လေးတစ်ခုလည်း ဖြစ်နေပါတယ်။ ကမ္ဘာပေါ်မှာ သူ့နဲ့တူညီတဲ့အရာ ဘာတစ်ခုမှ မရှိပါဘူး။ (Snoop Dogg on love)

၆။ကမ္ဘာပေါ်မှာရှိတဲ့ တန်ဖိုးအရှိဆုံး၊ အကောင်းဆုံး၊အလှပဆုံးအရာတွေကို မျက်လုံးနဲ့မမြင်နိုင်သလို နားနဲ့လည်းမကြားနိုင်ပါဘူး။ နှလုံးသားနဲ့သာ ခံစားနိုင်တာပါ။ (Helen Keller)

၇။သင်တစ်ယောက်တည်းမက်နေတဲ့ အိပ်မက်ဟာ အိပ်မက်တစ်ခုသာ ဖြစ်ပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ နှစ်ဦးသား အတူမက်လိုက်တဲ့ အိပ်မက်ဆိုရင်တော့ ဒါဟာ လက်တွေ့ ဘ၀ ဖြစ်လာပါပြီ။ (John Lennon)

၈။နှလုံးသားက သူလိုချင်တဲ့အရာကိုသာ လိုအပ်နေတာမျိုးပါ။ ဒါနဲ့ပတ်သက်ပြီး သီအိုရီတွေ မရှိပါဘူး။ တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံပြီး သူ့ကိုချစ်သွားတာမျိုးပေါ့။ ရှင်းရှင်းလေးပါပဲ။ (Woody Allen)

၉။အချစ်ဆိုတဲ့အရာကို အစားထိုးနိုင်တဲ့ ဘယ်အရာမှ မရှိပါဘူး။ ဒါ့ကြောင့်လည်း ပြောတာပေါ့ "မင်းဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိစ္စမရှိပါဘူး။ ဒီစားပွဲကနေ မင်းကိုကြိုနေမှာပါ"လို့။ (Tom Hanks)

၁၀။ တကယ်လို့သာ မင်းဟာ အသက် (၁၀၀)ထိ နေရမယ်ဆိုရင်၊ ငါက မင်းထက် တစ်ရက်လျော့ပြီးတော့သာ နေချင်တယ်။ ဒါဆို မင်းမရှိပဲ ငါတစ်ယောက်တည်း မနေရတော့ဘူးပေါ့၊ ( A.A. Milne)

၁၁။ဒီကမ္ဘာကြီးကို တစ်ယောက်တည်း နှစ်ပေါင်းများစွာကြာအောင် ရင်ဆိုင်နေထိုင်နေရတာထက်စာရင် ငါက မင်းနဲ့အတူ တစ်သက်လုံးအတူနေလိုက်ရတာကို ပိုသဘာကျတယ်။ (Lord of The Rings)

၁၂။အချစ်ဆိုတာ ဘာလဲငါ သိသွားခဲ့တယ်ဆိုရင် အဲ့ဒါ မင်းကြောင့်ပါပဲ။ (Herman Hesse)

၁၃။အိမ်ထောင်ရေး မသာယာတော့ဘူးဆိုတာ အချစ်တွေ မဲ့သွားကြလို့ မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်သူငယ်ချင်းလို စိတ်ထားတွေ မရှိကြတော့တာကြောင့်ပါ။ (Friedrich Nietzsche)

၁၄။သင်ဟာ လူတစ်ယောက်နဲ့အတူ ဘ၀တစ်ခုလုံးကို အတူဖြတ်သန်းဖို့ တွေးမိလိုက်တာနဲ့ သင်ဟာ ဘ၀သစ်တစ်ခုကို ချက်ချင်းထူထောင်ချင်လာပါလိမ့်မယ်။ (When Harry Met Sally)

၁၅။ အချစ်ကိုတွေ့ပြီး ချစ်နေရတဲ့ အချိန်ဟာ လူတစ်ယောက်ရဲ့ အသက်ဝင်လှုပ်ရှားဆုံး အချိန်ပါပဲ။ (John Updike)




Credit : trend.com.mm

No comments:

Subscribe

လာလည်သူများ

free counters