♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 8, 2015

"စားသောက်ဆိုင်ကို အမြဲလာအားပေးတဲ့ အဘိုးအိုကို စားပွဲထိုးမလေးက ကျောက်ကပ်တစ်ခြမ်းလှူ "


America ရှိ Georgia ပြည်နယ်
Roswell ရော့စ်ဝဲလ်မြို့က စားသောက်ဆိုင်တစ်ဆိုင်မှာ စား ပွဲထိုးအလုပ် လုပ်ကိုင်နေတဲ့ အမျိုးသမီးငယ်လေးတစ်ဦးဟာ သူ့ရဲ့ဆိုင်ကို အမြဲလာ ရောက်အားပေးနေတဲ့ အဘိုးအိုတစ်ဦးကို ကျောက်ကပ်တစ်ခြမ်းလှူလိုက်တယ်လို့ upi သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အဆိုပါကျောက်ကပ်တစ်ခြမ်းကိုလှူခဲ့တဲ့ အမျိုးသမီးငယ်လေးကတော့ မာရီယာနာဗီလာရီးရဲလ်လို့ အမည်ရပြီး သူအလုပ်လုပ်တဲ့စားသောက်ဆိုင်မှာ အစဉ် အားပေးနေတဲ့ အဘိုးအိုဒွန်သောမတ်စ်ကို ကျောက်ကပ်လှူခဲ့တာဖြစ်ပါတယ်။ အဘိုး အို ဒွန်သောမတ်စ်ဟာ ကင်ဆာရောဂါကြောင့် ကျောက်ကပ်ဆုံးရှုံးလိုက်ရတယ်လို့ သိရပါတယ်။

ဖြူစင်မြင့်မြတ်တဲ့စိတ်ထားရှိတဲ့ မာရီနာလေးရဲ့အဘွားဟာ ကျောက်ကပ် ချို့ယွင်းမှုကြောင့် မကြာသေးခင်က ကွယ်လွန်သွားခဲ့ပြီး အဘွားဖြစ်သူကို မကယ် လိုက်နိုင်ပေမယ့် အခုလို ကျောက်ကပ်လိုအပ်နေသူကို လှူဒါန်းရန်
ဆုံးဖြတ်ခဲ့ကြော
င်း ကံကောင်းစွာပင် သူဲ့ကျောက်ကပ်ဟာ အဘိုးအိုဒွန်သောမတ်စ်ရဲ့ကျောက်ကပ်နဲ့ ကိုက်ညီနေတာမို့ အလှူဖြစ်မြောက်သွားရတာပါလို့ မာရီနာက ပြောဆိုခဲ့ပါတယ်
ယခုကျောက်ကပ်လှူဒါန်းမှုနဲ့ ခွဲစိတ်ကုသမှုမှာ အောင်မြင်ခဲ့ပြီး နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်ရန် မျှော်လင့်ပါတယ်လို့ ဆရာဝန်များက ပြောဆိုခဲ့ပါတယ်


Mariana Villarreal

 
  
  Mariana Villarreal and Don Thomas
 



Credit :     Yangon Media Group

No comments:

Subscribe

လာလည်သူများ

free counters