♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 10, 2015

" ကြက်တောင်ပံ ပျားရည်ဆမ်းကင် (Triangle Lunch Box) " Wut Yee Food House


Triangle ထမင်းဘူး နံမည်ပေးထားတဲ့ ထမင်းဘူးလေးမှာ ထမင်းကို ပုံဆန်းမလုပ်ထားပဲ တြိဂံပုံသာ ဖော်ထားပြီ ရေညှိပတ်ထားတာပါ။ ထို့ပြင် သားသားမီးမီးတို့ အကြိုက် ကြက်တောင်ပံကို ပျားရည်ဆမ်းကင် တင်ဆက်ပေးထားပါတယ်။ ကြက်သား အစိတ်အပိုင်းမှာ ကင်လို့ ကောင်းတဲ့ ကြက်တောင်ပံ၊ ဆီဘူး၊ ပေါင်ရင်းတို့ကိုပါ ၀ိုင်နဲ့ နုပ်ပြီ ကင်ထားတာမို့ အရသာက နူးညံ့ပြီ ချိုစိမ့်ပါတယ်။ ထို့ပြင် ကျန်းမာရေးနဲ့ လျော်ညီအောင် ကညွတ်ကြော် ချက်နည်းလေးပါ ထည့်သွင်းထားပါတယ်။ ထမင်းဘူးလေး ပြင်ရအောင်…

ပါဝင်ပစ္စည်းများ
ကြက်တောင်ပံ – ၁၀ခု (သို့) မိမိကြိုက်နှစ်သက်ရာ ကြက်သားအစိတ်ပိုင်းများ
ပျားရည် – စားပွဲတင်ဇွန်း ၂ဇွန်း

နုပ်ထားရန် ပါဝင်ပစ္စည်းများ
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပေးပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပြီသား)
  • ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပေးပါ)
  • ဆန်ဝိုင် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည် (အကြည်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်တောင်ပံများကို နုပ်ရန် ပါဝင်ပစ္စည်းများဖြစ်သော (ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်နီ၊ ဆန်ဝိုင်၊ ပဲငံပြာရည်၊ သကြား၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်) တို့ဖြင့် နာရီဝက်ခန့် နုပ်ထားပေးပါ။



၂။ ပြီနောက် ကြက်တောင်ပံများကို ပျားရည်များ ဆမ်းပေးပြီ မိမိကြိုက်နှစ်သက်ရာ မီးကင်ပြား (သို့) Oven ကို ဆီသုတ်ပြီ တဖက်ကို မိနစ်၂၀ခန့် ကျက်သည်အထိ ကင်ပေးပါ။



၃။ ကြက်တောင်ပံကင်ပြီလျှင် ကညွှတ်ကြော်ပါမည်။
၎။ ကညွတ် ၁စည်းကို ၃ပိုင်းပိုင်းပေးပါ။ ရင့်တဲ့အပိုင်းတွေကို ဖယ်ပြီ ထပ်ခြမ်းခြမ်းပေးပါ။
၅။ ထို့နောက် ဒယ်ထဲဆီထည့် ကြက်သွန်ဖြူ ဆီသပ်ကာ ကညွတ်၊ ထောင်းထားသော ပုဇွန်ခြောက်၊ ဆား ထည့်ကာ ရောမွှေပြီ ကညွှတ်ကြော် နှင့် ကြက်တောင်ပံကင်ကို ထမင်းဘူးထည့်နိုင်ပါပြီ…



 



Credit : http://www.wutyeefoodhouse.com/?p=4427

No comments:

Subscribe

လာလည်သူများ

free counters