♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 13, 2015

" အလိုလေး!!...ရုရှားလူလတ် တစ်ဦး ချိုးဖဲ့ချေမွှထားတဲ့ Tablet ဝါးစားပြီးနောက် သေဆုံး "

 
 ရုရှားနိုင်ငံမှာ လူတစ်ဦးဟာ ပုလိပ်ဖမ်းချုပ်တာခံရမည်ကို စိုးရိမ်သည့်အတွက် tablet ကွန်ပြူတာ အကွဲအရှများ
ကို ဝါးစားရာမှ အသက်ကံကုန်ခဲ့ပါတယ်လို့ ပုလိပ်က အစီရင်တော်ထုတ်ပြန်ခဲ့ပါတယ်။

 စိန့် ပီတာစဘတ်ဂ်မြို့ရှိ ပုလိပ်ဌာနကို တနင်္ဂနွေနေ့ နေ့လည်တွင် မြို့တွင်းရှိ အခန်းတခန်းမှ ခေါ်ယူတိုင်တန်းမှု
တစ်ရပ်ပြုလုပ်ခဲ့သည်၊ ပုလိပ်များအား သတင်းပေးရာတွင် လူတစ်ဦးသည် သူ့နေအိမ် တိုက်ခန်းပြတင်းပေါက်မှ
 ပစ္စည်းကိုလွင့်ပစ်နေတယ်လို့ ဆိုပါတယ်။


ပုလိပ် အဖမ်းခံရမှာကိုစိုးတဲ့အတွက် အသက် ၄၁ နှစ်ရှိသော အလုပ်မဲ့လက်မဲ့ ယင်းအမျိုးသားဟာ နောက်တော့  သူ့ tablet မှန်ကွဲစနဲ့ ပလတ်စတစ် ကာဗာကို စတင်ဝါးစားပါတော့တယ်။
ခရိုင်ပုလိပ်မင်းကြီးက ထိုအမျိုးသားကို ထိခိုက်အနာတရတွေ ထပ်မံမဖြစ်ပွားအောင် သူ့ရဲ့ tablet ကို ဆက်မစား
ဖို့ ဖျောင်းဖြပြောဆိုကာ တားဆီးဖို့ကြိုးစားခဲ့ပါတယ်။  ထို့နောက် ပုလိပ်မင်းကြီးက လူနာတင်ယာဉ်ကို အခန်းဆီ
သို့ ခေါ်ယူခဲ့ပါတယ်။ သို့သော် ထိုလူကြီးမှာ လူနာတင်ယာဉ်မရောက်လာမီ အရင် သတိလစ်သွားကာ သေဆုံး
သွားခဲ့ပါတယ်လို့ ပုလိပ်အစီရင်တော်ခံစာမှတ်တမ်းအရ သိရပါတယ်။
အဲဒီလူဟာ ဘာပြုလို့ ပစ္စည်းတွေကို ပြူတင်းပေါက်ကနေ လွင့်ပစ်တယ်ဆိုတာရယ် ဘာပြုလို့ သူ့ tablet ကိုစား
လိုက်တယ်ဆိုတာရယ်ကို မသိရပါဘူး။  ထိုသူသေဆုံးရခြင်းအတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပါ
တယ်လို့ဆိုပါတယ်။
ပုလိပ်ဌာနက အသက်စေဆုံးစေတဲ့ ကိရိယာဟာ Adroid သို့မဟုတ် Apple လား ဆိုတာကိုလည်း ထုတ်ဖော်
အစီရင်တော်ခံထားခြင်း မရှိပါဟု သိရပါသည်။

((ရောရောသမမွှေ))




 Credit : https://uk.news.yahoo.com/man-dies-after-attempting-to-avoid-arrest-by-eating-tablet-computer-094453434.html#4saLPLQ

No comments:

Subscribe

လာလည်သူများ

free counters