♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 23, 2015

" သင့်ကြွက်သားတွေ အများဆုံး ဘယ်လောက်ထိ ကြီးထွားနိုင်သလဲ?

 
ကြံ့ခိုင်ရေးနဲ့ အာဟာရ ကုမ္ပဏီတွေက ကြွက်သားတည်ဆောက်ခြင်းနဲ့ ပါတ်သတ်ပြီး မဖြစ်နိုင်တာတွေကို အများကြီး
  ပြောပြခဲ့ပြီးပါပြီ။ လူတွေရဲ့ ကြွက်သားကြီးထွားမှုနဲ့ ပါတ်သတ်ပြီး အမှတ်တရားကတော့ အောက်မှာပါ။  ကြွက်သား
ကြီးထွားမှုအတွက် အာဟာရနဲ့ လေ့ကျင့်ခန်းတွေအပြင် မျိုးရိုးဗီဇနဲ့ ဆေးဝါးတွေနဲ့လဲ သက်ဆိုင်နေပါတယ်။

. Limits များ
အရိုးတစ်ပေါင်အတွက် အများဆုံး ခံနိုင်ရည်အားကတော့ ကြွက်သားငါးပေါင်ပါ။ ဒါပေမယ့် သင့်အရိုး ဘယ်လောက်ရှိလဲဆိုတာ ရှုပ်ရှုပ်ထွေးထွေး စမ်းသပ်လေ့လာမှုတွေ မလုပ်ပဲ မသိနိုင်ပါဘူး။
အုပ်စုလိုက် လေ့ကျင့်ရင် ပုံမှန်လူတစ်ယောက်ဟာ သုံးလကို ကြွက်သား ပေါင်ကနေ ပေါင်ထိ တိုးလာမှာပါ။ ဘယ်လောက်ပဲ လေ့ကျင့်ခန်းနဲ့ အာဟာရ ကောင်းကောင်း၊ တစ်ပါတ်ကို ကြွက်သား ပေါင်ဝက်ထက်တော့ ပိုပြီး မတိုးနိုင်ပါဘူး။
တစ်ယောက်ခြင်းစီ ကျင့်ရင်တော့ တစ်ချို့ အရမ်းအပြင်းအထန် ကျင့်သူတွေမှာ လကိုကြွက်သား ၁၅ ပေါင်အထိ အများဆုံး တိုးလာမှာပါ။ တချို့တွေမှာတော့ တိုးလာမှာ မဟုတ်ပါဘူး။ ပျှမ်းမျှခြင်းကတော့ ပေါင်က ပေါင်အတွင်းပဲ ရှိနေမှာပါ။
လေ့ကျင့်ခန်းလုပ်တဲ့ ပထမဆုံး ၁၂ ပါတ်ဟာ သင့်မှာ ကြွက်သားကြီးထွားဖို့ အလားအလာကို ပြနေပါတယ်။ သင် ၁၂ ပါတ်အတွင်းမှာ အရမ်းသိသာလောက်အောင်ကြီးထွားခဲ့ရင် သင် ဆက်ကျင့်ရင် Arnold လို ဖြစ်လာနိုင်ပါတယ်။ မသိသာခဲ့ရင်တော့ သင် အရမ်းကြိုးစားရမှာပါ။ အဲဒါကတော့ မျိုးရိုးဗီဇနဲ့ ၉၀ ရာနှုန်း ဆိုင်သွားပါပြီ။

. မျိုးရိုးဗီဇ
သင့်ရဲ့ လေ့ကျင့်ခန်းတွေ၊ အာဟာရတွေ၊ နေထိုင်မှုပုံစံတွေလိုပဲ မျိုးရိုးဗီဇဟာလဲ သင့်ကြွက်သားတည်ဆောက်ပုံကို အဓိကကျကျ ထိန်းချုပ်ပေးပါတယ်။
ကြွက်သားထဲမှာ Satellite Cell တွေရှိပါတယ်။ အဲဒိ Satellite Cell တွေဟာ ကြွက်သားအသစ် တည်ဆောက်တဲ့ Cell တွေပါ။ များများရှိလေ၊ ကြွက်သားတည်ဆောက်တာ မြန်လေပါ။ အဲဒါ အရေအတွက်ကတော့ မျိုးရိုးဗီဇနဲ့ သက်ဆိုင်ပါတယ်.
ကြွက်သားတည်ဆောက်မှုဟာ အရမ်း ဆန်းကြယ်နေပြီး မှန်းမရတာမဟုတ်ပါဘူး။ တစ်ယောက်ယောက်ကို မလေ့ကျင့်ခင် ကတည်းက ပုံစံကို ကြည့်ပြီး ကျင့်လိုက်ရင် ဘယ်လိုဖြစ်လာမလဲဆိုတာ မှန်းလို့ရပါတယ်။ မကျင့်ခန်ကတည်းက အားကစားသမားလို တောင့်နေတဲ့ သူက ကျင့်လိုက်ရင် တကယ့် Muscle Builder ဖြစ်လာမှာ ကျိန်းသေပါ။

. ကိုယ်အလေးချိန်
ဘယ်လို ကိုယ်အလေးချိန် တိုးလာချင်တယ်ဆိုတာ အလေးမထားရင်တော့ လွယ်လွယ်လေးနဲ့ တိုးအောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် သင်တိုးချင်တဲ့ အလေးချိန်က အဆီမဟုတ်ပါဘူး။ ကြွက်သားအလေးချိန်ပါ။
စစခြင်း အလေးမသမားတွေဟာ တစ်လကို ကြွက်သားအလေးချိန် ပေါင်ကနေ ၃ပေါင်အထိ တက်လာတတ်ပါတယ်။ အလယ်အလတ် အလေးမသမားတွေကတော့ ပေါင်ကနေ ပေါင်ပဲ တက်မှာဖြစ်ပြီး အလေ့အကျင့်ရပြီးသားသူတွေကတော့ ပေါင်ဝက်တက်ဖို့တောင် အနိုင်နိုင်ပါ။
ဒါဆို အစားအသောက်တွေ အများကြီး စားရင်ရော?? အဲဒါကတော့ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ ဆိုင်ပါတယ်။ ဥပမာ
ကိုယ်လုံးကျစ်သူတစ်ယောက်ဟာ အစားအရမ်းစားလိုက်ရင် တက်လာတဲ့ weight ရဲ့ ၆၀ ကနေ ၇၀ ရာနှုန်းဟာ အသားနဲ့ ကြွက်သားတစ်ရူှးတွေပဲ ဖြစ်မှာပါ။ ဝတဲ့သူတစ်ယောက်အတွက်ကတော့ အစားအရမ်းစားလိုက်ရင် ၆၀ ကနေ ၇၀ ရာနှုန် အဆီတက်ပြီး အသားနဲ့ ကြွက်သားတစ်ရှုးက ၃၀ ကနေ ၄၀ ရာနှုန်းပဲ ရမှာပါ။ မျိုးရိုးဗီဇနဲ့ အရမ်းသက်ဆိုင်ပါတယ်။

. အလွယ်နည်းလမ်းများ
တက်စတိုစတီရုန်းဟော်မုန်းဟာ ကြွက်သားတွေနဲ့ ခွန်အားကို တိုးစေပါတယ်။ တက်စတိုစတီရုန်းနဲ့ လေ့ကျင့်ခန်းတွေနဲ့ ဘယ်လိုသက်ဆိုင်ပါသလဲ??
စမ်းသပ်မှုတစ်ခုမှာ လေ့ကျင့်ခန်း အမျိုးအစားတူ လုပ်နေတဲ့ လူချင်းမှာ တက်စတို စတီရုန်း ထိုးသူတွေက ခွန်အား ပိုလာပြီး ကြွက်သား အဆ အရမ်းများများ ပိုပေါင်းလာပါတယ်။ ၁၀ ပါတ်အတွင်းမှာ ဆေးထိုးသူတွေဟာ ကြွက်သား ၁၃ ပေါင် တိုးလာပြီး ပုံမှန်လူတွေကတော့ ပေါင်ပဲ တိုးကြပါတယ်။
ဒါပေမယ့် စတီးရွိုက်ဆေးဝါးတွေဟာ ဘေးထွက်ဆိုးကျိုး အရမ်းများလွန်းတာကြောင့် အားကစားကိစ္စတွေမှာ မသုံးဖို့ ကန့်သတ်ထားရပါတယ်။
ဒီလောက်ဆို သင် သိလောက်ပါပြီ။ လေ့ကျင့်ခန်းနဲ့ အစားအသောက်ကြော်ငြာတွေမှာ ဒီဆောင်းပါးပါ အချက်အလက်တွေထက် ပိုပြီးကြော်ငြာထားတာ တွေ့ရင် အလကားတွေလို့ပဲ သတ်မှတ်လိုက်ပါ။
GM ရဲ့ တခြား  ကျန်းမာရေးနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/health/
 မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

No comments:

Subscribe

လာလည်သူများ

free counters