♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 22, 2015

" iPhone တွေမှာအသုံးပြုနေရင်း စက်ပူလာမှုပမာဏကို ဘယ်လိုဖြေရှင်းမလဲ? (Maung Pauk)

 iPhone ကိုအသုံးပြုရင်းကနေ overheating လို့ခေါ်တဲ့ အချိန်ကြာလာသည်နဲ့အမျှ အပူချိန်မြင့်တက်လာမှု
ကိုပြသနာအတွက် ဖြေရှင်းနည်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီပြသနာက iPhone 6, 6s, 5, 5c, 5s, 4s or 4 တွေအားလုံးနီးပါးမှာဖြစ်လေ့ရှိတာပါ၊ Users အများစု
ကြုံတွေ့နေရတဲ့ ပြသနာတစ်ခုလည်းဖြစ်ပါတယ်။

စိုးရိမ်တတ်တဲ့ Users တွေအတွက် ဒီ overheating ပြသနာကိုဖြေရှင်းနည်းကို မိမိကိုယ်တိုင်အလွယ်တကူဖြေ
ရှင်းယူနိုင်အောင် နည်းလမ်း (၅) မျိုးဖြင့် ဖေါ်ပြလိုက်ပါတယ်။

၁။ Safari Software Browser ကို Disable ပြုလုပ်ပေးပါ
အသုံးပြုနေရင်း စက်ပူလာမှုပြသနာကို ဖြေရှင်းနိုင်တဲ့ ပထမဆုံးနည်းလမ်းကတော့ Safari Software Browser
ကို ပိတ်ထားချင်းဖြစ်ပါတယ်၊ အဲဒီအတွက် Setting>iCloud ကိုဖွင့်ပြီး Sync ကိုပိတ်ထားလိုက်ပါ။

၂။ Background App Refresh ကိုပိတ်ထားပါ
နောက်ထပ်ဖြေရှင်းပေးရမယ့် နေရာကတော့ Background App Refresh များကိုပိတ်ထားခြင်းဖြင့်လည်း စက်အပူကို
 လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ အဲဒီ Background App တွေဟာ Battery ကိုအကုန်မြန်စေနိုင်တာမို့ မလိုအပ်ရင်
ပိတ်ထားသင့်ပါတယ်၊ အဲဒီ Background App များကိုပိတ်ထားရန်အတွက် Setting ကိုတစ်ချက်နှိပ်ပြီး
 General >Background App Refresh>Disable Background App Refresh ဆိုပြီး ပိတ်ထားလိုက်ပါ။

၃။ ဖုန်းကို Restart ချပေးပါ
ဒီတစ်ခါ စက်အပူကိုလျှော့ချနိုင်ရန်အတွက် ပြုလုပ်ပေးရမယ့် နည်းလမ်းတစ်ခုကတော့ သင့်ဖုန်းကို အသုံးနေတာကို ခန

ရပ်ပြီးဖုန်းကို Restart ချပေးရမှာဖြစ်ပါတယ်။
ဒီအတွက် ဖုန်းရဲ့ ပါဝါခလုပ် wake/sleep button နှိပ်လိုက်ပြီး slider to switch offဆိုတာကို ညာဘက်သို့ဆွဲ
လိုက်ပြီး ဖုန်းကို Restart ချပေးလိုက်ပါ။ ပြန်လည် ပါဝါခလုပ် wake/sleep button ကိုနှိပ်ပြီး ဖုန်းကိုဖွင့်လိုက်ပါ
ပြန်တက်လာတဲ့အခါ သင့်ဖုန်းရဲ့အပူချိတ် overheating ကိုသက်သာစေနိုင်ပါတယ်။

၎။ iTunes ကိုအသုံးပြုပြီး Device ကို Restore ပြုလုပ်ပေးပါ
ဒီတစ်ခါ သင့်ဖုန်းရဲ့ overheating စက်အပူချိန်ကို လျှော့ချပေးရန်အတွက် ကွန်ပျူတာကိုအသုံးပြုပြီး iTunes ဖြင့်
ဖုန်းရဲ့ Devices ကို Restore ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ Restore ပြုလုပ်ရန်အတွက် iPhone ကို ကွန်ပျူတာ
တွင် ချိတ်ဆက်လိုက်ပါကွန်ပျူတာတွင် iTunes ဆော့ဝဲကို install ပြုလုပ်ပေးထားမှာပဲဖြစ်ပါတယ်။iTunes က
iPhone ကိုသိပြီဆိုတာနဲ့ iTunes ဆော့ဝဲရဲ့ summary panel မှတစ်ဆင့် Restore ပြုလုပ်ပေးနိုင်ပါတယ်၊
Connection သာအဆင်ပြေနေရင်တော့ iOS Version ကိုManual အနေဖြင့် Update ပြုလုပ်ပေးခြင်းဖြင့် စက်အပူကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
 

၅။ All Settings and Content ကို Reset ပြုလုပ်ပေးပါ
iDevice တွေရဲ့ အသုံးပြုနေရင်း စက်ပူလာမှုပမာဏကို လျှော့ချပေးနိုင်မယ့်နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဖုန်းရဲ့
Setting တွေထဲမှာရှိတဲ့ All Settings and Content များကို Reset ချပေးရမှာဖြစ်ပါတယ်။
ဒီအတွက် Settings > General > Reset > select Erase all Settings and Contentဆိုပြီးတစ်ဆင့်ချင်း
 နှိပ်ပြီး Reset all ပြုလုပ်ပေးလိုက်ပါ။ အခုလို Reset or erase ပြုလုပ်ခြင်းဟာ Firmware ကိုအသစ်ပြန်ရေးသလို
Reset တစ်ခုပြုလုပ်ပြီးတဲ့အခါ iPhone အသုံးပြုရန်အတွက် Set up a new device အနေဖြင့်Activate ပြုလုပ်ပေး
ရမှာပဲဖြစ်ပါတယ်။

ref-မင်္ဂလာMobile
အဆင်ပြေပါစေ..
Credit : http://www.maungpauk.org/2015/12/iphone.html

No comments:

Subscribe

လာလည်သူများ

free counters