♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 22, 2015

"ဓနုဖြူ ဒေါ်စောရီရဲ့ ..ပီလောပီနံကိတ်..Cassava Cake လေးလုပ်စားကြရအောင်လားဟင် "

အဲဒီမုန့်ကို မိတ်ဆွေတယောက်အိမ်မှာစားဖူးတာပါ။ တခါမေး လုပ်ကြည့်မဖြစ်၊ နောက်တခေါက်ထပ်မေးတဲ့အခါ လန်ဒန်
အလည်ရောက်နေတဲ့အဖေက မအေတူသမီး မဟုတ်လိုက်တာ။ သမီးအမေဆို အစားအသောက် ကိုမြည်းကြည့်တာနဲ့ ဘာတွေပါလဲ၊ ဘယ်လိုလုပ်ရင်ဖြစ်မလဲ သိတယ် တဲ့။ အမေ့ကိုဘယ်လိုမှ ယှဉ်လို့မရမှန်သိပေမဲ့ အဖေမကမခံချင်အောင်
ေုပြာလိုက်တဲ့ဒဏ်ကိုတော်တော်မခံနိုင်ဖြစ်သွားတယ်။ အဲဒါနဲ့ ပီလောပီနံထုပ်သွားထပ်ဝယ်တော့ ဆိုင်ကဖိလစ်ပိုင်လူမျိုး အိသက်သားတွေသမီးတွေကသူတို့ Cartoonဇာတ်ကောင်Oso နဲ့တူလို့သူ့ကို Oso လို့နံမည်ပေးထားတယ်။ အဲဒီ Oso ကဘာလို့ဒီဟာကို တနေ့တည်း ခဏခဏလာဝယ်တာတုံးမေးတော့မှမုန့်လုပ်တာမဖြစ်လို့ဆိုတော့ သူကဒီနည်းလေးပေး
ပါတယ်။ လုပ်ရတာလွယ်ပြီး စားလို့ လဲကောင်းပါတယ်။ ကြိုက်လို့ ခဏခဏစားဖြစ်တာလေးပါ။

-ပါဝင်ပစ္စည်းများ
-ပီလောပီနံ 450 ဂရမ် ၂ထုပ်/ Grated Cassava
-နို့ဆီ ၁ဗူး
-ကြက်ဥ၂လုံး
-အုန်းနို့၁ဗူးခွဲ
-ဆား ဇွန်း၁ဝက်( အချိုပွဲဇွန်း)
-နွားနို့ ဆန်ချင်ခွက် ၁ခွက်




  


ပီလောပီနံ ခြစ်ပီသားများနဲ့နို့ဆီ ကိုဗူးရဲ့ သုံးပုံ နှစ်ပုံထဲ့ ကြက်ဥ နှစ်လုံးထဲ့ -နွားနို့ထဲ့  ဆား ထဲ့ အုန်းနို့ကို တဗူးကျော်ထဲ့
( အုန်းနို့နဲ့နို့ဆီချန်ခိုင်းတာနောက်ပြန်သုံးမှာမို့ပါ)။ အထက်ပါများကို သမအောင်ရောမွှေပြီး  ထောပတ်သုတ်ထားသော
မုန့်ဖုတ်မဲ့ပန်းကန်ထဲ ထဲ့ပြီး ၁၈၀ ဒီဂရီ နဲ့ ၃၅ မိနစ် အပေါ်မီး အောက်မီးနဲ့ဖုတ်ပါ။


 
ပြီးရင် Oven ထဲကပြန်ထုတ်ကာ ခုဏကကျန်သော အုန်းနို့နဲ့နို့ဆီကို ရောကာမုန့်သားပေါ်ဖြန့်ခင်းပေးပါ။ Oven ထဲ ပြန်ထဲ့ပြီးအပေါ်မီး ၁၅၀ နဲ့ ၁၀မိနစ်ခန့်ထားပေးရင်ရပါပြီ။


အအေးခံပြီးအနံ့မွှေးပြီ စိမ့်နေသော ပီလောပီနံမုန့်လေးလှီးစိတ်စားလို့ရပါပြီ။


အိုဗန်မရှိရင်တော့.. ဆနွင်းမကင်း ဖုတ်သလို မီးသွေးမီးနှင့် အိုးကို အပေါ်မီး အောက်မီးပေးပြီး ဖုတ်ပါ.....ဂလိုမျိုး..
(ရောရောသမမွှေ)
Oven with charcoal beneath and on top of it

Credit : http://htetfamily.com/2012/03/20/%E1%80%95%E1%80%AE%E1%80%B1%E1%80%9C%E1%80%AC%E1%80%95%E1%80%AE%E1%80%94%E1%80%B6%E1%80%80%E1%80%AD%E1%80%90%E1%80%B9cassava-cake/

No comments:

Subscribe

လာလည်သူများ

free counters