♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 20, 2015

"မြို့ တော်ဝန်ရာထူးအတွက် ကြောင်တစ်ကောင်ကို မဲပေးရွေးချယ်ခဲ့ကြတဲ့ မြို့  "

 
 ဆိုက်ဘီးရီးယား နိုင်ငံ အတွင်းက မြို့  တစ်မြို့  မှာ နေထိုင်သူတွေဟာ တာဝန်ရှိသူတွေက သူတို့ရဲ့ ကိုယ်ကျိုးအတွက် ရာထူးနေရာ အသုံးချနေမှု ကို စိတ်ပျက်လာကြပါတယ်။

အဲဒါကြောင့် Barsik အမျိုးအစား ကြောင်တစ်ကြောင်ဟာ Barnaul ဆိုတဲ့ မြို့ ရဲ့  မြို့  တော်ဝန် ရာထူးအတွက် လူမှုကွန်ရက် စာမျက်နှာ ကတဆင့် တရားမ၀င် မဲပေးရွေးချယ်မှု မှာ အနိုင်ရသွားခဲ့ပါတယ်။

ဒီနေရာမှာ နည်းနည်းတော့ ရှုပ်သွားနိုင်ပါတယ်။ ဒီလိုပါ။ Barnaul ဆိုတဲ့ မြို့ ရဲ့  မြို့ တော်ဝန်ရာထူးအတွက် အစိုးရ က သတ်မှတ်တာမဟုတ်ပဲ ပြည်သူတွေကိုယ်တိုင် လူမှုကွန်ရက် စာမျက်နှာ ဖန်တီးပြီး မဲပေးရွေးချယ်မှု တစ်ခု ကို
လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ မြို့ တော်ဝန် ရာထူးအတွက် မဲပေးရွေးချယ်ခံကြသူတွေထဲမှာ ကြောင်တစ်ကောင်ပါ ပါဝင်လာတာပါ။



အသက် အားဖြင့် ၁၈ လသာရှိသေးတဲ့ ကြောင်လေးဟာ ရုရှားနိုင်ငံ အခြေစိုက် လူမှုမီဒီယာ ကွန်ရက်တစ်ခုဖြစ်တဲ့ Altai Online က တဆင့် မဲပေးရွေးချယ်မှု မှာ မဲအရေအတွက်ပေါင်း ၅၄၀၀ နဲ့ ၉၁ ရာခိုင်နှုန်း ထောက်ခံမဲ ရရှိပြီး အနိုင်ရခဲ့တာပါ။

ထို မြို့ မှာနေထိုင်သူ ပင်စင်စားတစ်ဦးဖြစ်တဲ့ Yevgeny Kuznetsov ကတော့ " လူတွေဟာ ဘယ်သူကို ထပ်ယုံကြည်ရမလဲမသိတေ့ပါဘူး။ သူတို့ဟာ အာဏာပိုင်တွေကို မယုံကြည်နိုင်တဲ့ သုံးသပ်ချက်တွေ ဖြစ်လာခဲ့ကြပါတယ်" လို့ ဆိုပါတယ်။

Barnaul မြို့  ဟာ ရုရှားနိုင်ငံ မော်စကို မြို့  ရဲ့  အရှေ့ ဘက် မိုင် ၂၀၀၀ ခန့်အကွာမှာတည်ရှိတဲ့ မြို့  တစ်မြို့  ဖြစ်ပြီး လူဦးရေ ၇၀၀,၀၀၀ ခန့် နေထိုင်တယ်လို့လည်း သိရပါတယ်။ အရင်မြို့ တော်ဝန် ဟောင်း Igor Savintsev ကတော့ အာဏာ အလွဲသုံးစားလုပ်မှု နဲ့ ရာထူးက နှုတ်ထွက်ဖို့ ဖိအားပေးခံရသူလည်း ဖြစ်ပါတယ်။

Credit : ဖိုးသူတော် (http://www.phothutaw.com/2015/12/blog-post_749.html)
Credit: ThitHtooLwin

No comments:

Subscribe

လာလည်သူများ

free counters