♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 26, 2015

"နယူးရီးယားညမှာ ကိုယ်ချစ်ရသူ၊ သူငယ်ချင်းတွေနဲ့ အတူ ရှိုးကြည့်ချင်သူတွေအတွက် ဘယ်သူတွေ ဘယ်ရှိုးမှာ ရှိကြမလဲဆိုတာ"

 
လာမယ့် နယူးရီးယား နှစ်သစ်ကူးညမှာ အပေါင်းအသင်းတွေနဲ့ပဲဖြစ်ြဖစ်၊ ကိုယ့်ချစ်သူနဲ့ပဲဖြစ်ဖြစ် ဖျော်ဖြေပွဲတွေကြည့်ရင်း
 နှစ်သစ်ကို ကြိုဆိုချင်သူတွေအတွက် ဘယ်ဖျော်ဖြေပွဲမှာ ဘယ်အနုပညာရှင်တွေ ရှိမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

Ar – T
ကျွန်တော် ၃၀ ရက်နေ့ညကိုတော့ ချောင်းသာက New Year Countdown ပွဲမှာဖျော်ဖြေရင်းရှိပါမယ်။ ၃၁ ရက်နေ့ညကိုတော့ MRTV -4 က လုပ်မယ့် မိုင်ဒါကွင်းမှာ ပရိသတ်တွေကိုဖျော်ဖြေရင်း ရှိနေပါမယ်။

ပိုပို
ပိုပို New Year ညမှာ ပွဲနှစ်ပွဲဆိုဖို့လက်ခံထားပါတယ်။ Sedona hotel pool side မှာလုပ်မဲ့ပွဲမှာ ဖျော်ဖြေဖို့ရှိသလို Coca cola ကလုပ်မဲ့ Coca Cola Countdown Musicfest & Fireworks Show သုဝဏ မိုးလုံလေလုံ အားကစားကွင်းမှာလဲ ဖျော်ဖြေဖို့ရှိပါမယ်။

ရွှေထူး
ကျွန်တော် ၂၀၁၆ နှစ်သစ်ကိုကြိုဆိုမဲ့ New Year ညကို ကိုဘိုစန်းစီစဉ်ပြီး ရွှေထွဋ်တင် ကွင်းမှာလုပ်မဲ့ RED SQUARE Countdown party မှာရှိပါမယ်။

စိုင်းစိုင်းခမ်းလှိုင်
ကျွန်တော် New Year ညကို ထုံးစံအတိုင်းပဲ နှစ်စဉ်နှစ်တိုင်းဖြတ်သန်းနေကြ ကိုဘိုစန်းတို့လုပ်မဲ့ ရွှေထွဋ်တင်က RED SQUARE Countdown party မှာရှိပါမယ်။

မိစန္ဒီ
မိစန္ဒီ New Year Night ကို ပွဲနှစ်ပွဲမှာဖျော်ဖြေဖို့ရှိပါတယ်။ ဘိုဘိုအင်တာတိန်းမန့်ကရွှေထွဋ်တင်မှာ လုပ်မဲ့ RED SQUARE Countdown party နဲ့ သုဝဏ္ဏ မိုးလုံလေလုံကွင်းမှာလုပ်မဲ့ Coca Cola Countdown Musicfest &Fireworks Show မှာ ပရိသတ်တွေကို ဖျော်ဖြေရင်း တူတူရှိပါမယ်ရှင်။

ရွှေထွဋ်တင်ဖျော်ဖြေပွဲမှာ ဖျော်ဖြေမယ့် အနုပညာရှင်အပြည့်အစုံ
ဘိုဘို အင်တာတိန်းမန့်ကစီစဉ်ကျင်းပတဲ့ ရွှေထွဋ်တင်ကွင်းမှာပြုလုပ်မဲ့ RED SQUARE Countdown party မှာရှိမဲ့ အဆိုတော်တွေကတော့ ဟစ်ဟော့ဘက်ကဆိုရင် စိုင်းစိုင်းခမ်းလှိုင် ၊ Snare ၊ လွှမ်းပိုင် ၊ ဘန်နီဖြိုး ၊ ရဲရင့်အောင် ၊ ရွှေထူး ၊ ထက်ယံ ၊ Lil ‘ z ၊ G-Fatt ၊ မိစန္ဒီ ၊ bobby soxer ဖြစ်ပြီး ရော့ခ်အနေနဲ့ ဝေလ ၊ ဇွဲပြည့်၊ ၀န၊ သာဒီးလူတို့က ပါဝင်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ လက်မှတ်ခကတော့ ၈၀၀၀ လို့သိရပါတယ်။

ဆီဒိုးနား
ဆီဒိုးနား ဟိုတယ်က စီစဉ်ကျင်းပမဲ့ New Year eve party 2016 ကို Rဇာနည်၊ ၀ိုင်းစုခိုင်သိန်း၊ ပိုပို၊ ဇွဲပြည့်တို့နဲ့အတူ ည
၇ နာရီ Pool Side မှာကျင်းပမဲ့ လက်မှတ်ခဈေးနှုန်းများကတော့ VIP 140 ၊ ရိုးရိုး 120 ဖြစ်ပြီး Lobby Lounge မှာပြုလုပ်မှာကတော့ အထဲမှာ ၁၀၀ အပြင်မှာ ၁၂၀ ဖြစ်တယ်လို့သိရပါတယ်။

Credit : http://www.trend.com.mm/2015/12/24/music-8426

No comments:

Subscribe

လာလည်သူများ

free counters