♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 26, 2015

"ကိုယ်အနောက်တစ်ပိုင်းလုံး ပုပ်ဆွေးပြတ်ကျခဲ့ပေမယ့် အသက် ဆက်ရှင်နေနိုင်ခဲ့တဲ့ ငါးကလေး "

 
အင်္ဂတေအနားသတ်ကိုင်ထားတဲ့ ရေကန်ကနေ ခုန်ထွက်ဖို့ ကြိုးစားချိန်မှာ ဒဏ်ရာရပြီး အမြီးရော၊ကိုယ်ထည်တစ်
ဝက်လောက်ပါဆုံးရှုံးခဲ့ရတဲ့ ငါးလေးတစ်ကောင်ဟာ ထူးခြားစွာပဲ ဆက်လက်အသက်ရှင် နိုင်ခဲ့ပါတယ်။အဆိုပါ ငါးလေး
ကို ထိုင်းနိုင်ငံက၊ ဈေးဆိုင်တစ်ဆိုင်ရဲ့ကန်ထဲမှာ ထည့်ထားတာကို အမျိုးသားတစ်ယောက်က မြင်ကာ သနားစိတ်ဝင်ပြီး အိမ်ခေါ်မွေးခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ Ratchaburi ခရိုင်က Watchara Chote ဆိုသူအမျိုးသားဟာ သူ့ ရဲ့ငါးလေးကို I-Half လို့ အမည်ပေးခဲ့ပါတယ်။ ရွှေငါးအမျိုးအစား ငါးလေးဟာ ရေကန်ထဲက ခုန်ထွက်ရာမှာ အရိုးတွေ ကျိုးသွားခဲ့ပြီး ခန္ဓာကိုယ်အနောက်ပိုင်း ပုပ်ဆွေးကာ အမြှီးပိုင်း နဲ့ ကိုယ်တစ်ခြမ်းလောက် ပဲ့ကျခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Chote နဲ့ ငါးလေး I-Half တို့ ဟာ ခြောက်လလောက် တူတူနေထိုင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Chote ဟာ ရွာတွေအနှံ့  သူ့ ရဲ့ထူးဆန်းတဲ့ငါးလေးကို လိုက်ပြနေစဉ်မှာလည်း I-Half ဟာ သေဆုံးသွားခဲ့ပြီး စေတနာရှင်ရွာသားတွေက အခေါင်းလေးသေးသေးလေးဝယ်ဖို့ အတွက် Chote ကို ငွေကြေးတွေ ပေးအပ် ခဲ့ကြတယ်လို့ သိရပါတယ်။ Hypsibarbus wetmorei ငါးမျိုးတွေဟာ
သဘာဝပေါက်ပင်တွေပေါများတဲ့ ရေကန်မျိုးကို ပိုနှစ်သက်ပြီး ငါးကန်တွေထဲမှာ ပျော်လေ့မရှိပါဘူး။

Credit : http://www.trend.com.mm/2015/12/24/news-8430

No comments:

Subscribe

လာလည်သူများ

free counters