♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 20, 2015

"ဆောင်းရာသီ နှုတ်ခမ်းပျက်ဆီးမှုပြသနာ ဖြေရှင်းနည်း (၅) သွယ်"

 
ဆောင်းရာသီမှာ အဖြစ်များတဲ့ နှုတ်ခမ်းခြောက်သွေ့ခြင်း၊ အရေခွံလှန်ခြင်းတို့ကို ကောင်းမွန်စွာ ကိုင်တွယ်တတ်ဖို့ အရေးကြီးပါတယ်။ နှုးညံ့ပြီး စိုပြေတဲ့ နှုတ်ခမ်းသားများ ရရှိပိုင်ဆိုင်ဖို့ ဒီအချက် (၅) ချက်နဲ့ အညီ လိုက်နာဆောင်ရွက်ပါ။

(၁)  ဗီတာမင်အီး နဲ့ ပျားဖယောင်း ပါဝင်တဲ့ နှုတ်ခမ်းလိမ်းအဆီနဲ့ နှုတ်ခမ်းကို နှိပ်နယ်ပြီး စိုပြေအောင်လုပ်ပါ။ သာမန်ရိုးရိုးအလှဆီခရင်မ်လည်း အသုံးပြုနိုင်ပါတယ်။

(၂) နှုတ်ခမ်းရှိ အရေပြားဆဲလ်သေတွေ ဖယ်ရှားဖို့ နှုတ်ခမ်းကို အသာလေးပွတ်တိုက် ဖယ်ထုတ်ဖို့ လိုအပ်ပါတယ်။
 နှုတ်ခမ်းကို ရေနံဂျယ်လီနဲ့ သကြားရောပြီး သေချာပွတ်ပေးပါ။ နှုတ်ခမ်းပွတ်တိုက်ဖို့ အမွေးအမျှင်ပျော့ပျောင်းတဲ့ သွားတိုက်တံ၊ ဘရက်ရှ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ အရေပြားဆဲလ်သေတွေ ဖယ်ရှားပြီးတာနဲ့ နှုတ်ခမ်းကို ဆီလိမ်းပေးပါ။

(၃) နှုတ်ခမ်းဆိုးဆေးခြယ်တဲ့အခါ ဆီအရင်လိမ်းပြီး နှုတ်ခမ်းကို စုပ်ယူအောင်လုပ်ပါ။ ပိုမိုစိုစွတ်တဲ့ နှုတ်ခမ်းဆိုးဆေး
တစ်ခုခု ရွေးချယ် အသုံးပြုနိုင်ပါတယ်။

(၄) နှုတ်ခမ်းတွေ စိုပြေစေဖို့ လျှာနဲ့မရက်ပါနဲ့။ နှုတ်ခမ်းကို ပိုပြီးခြောက်သွေ့စေပါလိမ့်မယ်။ လှန်နေတဲ့အရေခွံတွေ ဘယ်တော့မှ မခွာလိုက်ပါနဲ့။ နှုတ်ခမ်းနာကျင်လာရုံတင်မက သွေးပါထွက်စေပါလာလိမ့်မယ်။

(၅) ဆောင်းရာသီအတွင်း အသားရေကို အန္တရာယ်ဖြစ်စေတဲ့ ညနေစောင်း ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ဖို့
လိုအပ်ပါတယ်။
Ref:timesofindia.indiatimes
Credit : http://www.trend.com.mm/2015/12/04/beauty-8267

No comments:

Subscribe

လာလည်သူများ

free counters