♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 25, 2015

"'မင်းကို တကယ်ချစ်တဲ့သူဆိုရင်'"

သူမင်းကိုတကယ်ချစ်တယ်ဆိုရင် မင်းအပေါ်၃ရက်ထက်ပိုပြီး သူစိမ်းမဆန်ဘူး။ ဘာလို့လဲဆိုတော့မင်းကိုသတိရတဲ့အချိန်မှာ ဝမ်းနည်းရလို့ပါ
သူမင်းကိုတကယ်ချစ်တယ်ဆိုရင် မင်းကိုကလေးလိုပဲစိုးရိမ်စိတ်နဲ့ ပြောဆိုဆက်ဆံတက်တယ်။ ဒါပေမယ့်ဘယ်တော့မှတခြားလူရှေ့မှာ မဆူပူတက်ဘူး။
သူမင်းကိုတကယ်ချစ်တယ်ဆိုရင် မင်းကိုစိတ်ချမ်းသာအောင် ထားတက်တယ်။ သူ့ကြောင့်မျက်ရည်ကျစေမှာမဟုတ်ဘူး။
သူမင်းကိုတကယ်ချစ်တယ်ဆိုရင် မင်းအတွက်သူ့ရဲ့ဟန်းဖုန်းကို၂၄နာရီဖွင့်ထားတက်တယ်။ ဘယ်အချိန်မဆိုအဆင်သင့် သူ့ကိုဆက်သွယ်နိုင်တယ်။
သူမင်းကိုတကယ်ချစ်တယ်ဆိုရင် မင်းသာအကောင်းဆုံးလို့သူ့စိတ်ထဲမှာ သတ်မှတ်ထားတယ်။ တကယ်လို့မင်းအနေနဲ့ အကောင်းဆုံးမဖြစ်ခဲ့ရင်တောင်မှ မင်းကိုသူတပါးနဲ့ဘယ်တော့မှ နိုင်းယှဉ်အပြစ်မမြင်တက်ဘူး။
သူမင်းကိုတကယ်ချစ်တယ်ဆိုရင် အချိန်ပေးပြီးမင်းကိုအဖော်ပြုပေးတက်တယ်။ သူ့ဘက်ကအလုပ်များနေသည့်တိုင် မင်းကိုတစ်ယောက်တည်း အထီးကျန်စေမှာမဟုတ်ဘူး။
သူမင်းကိုတကယ်ချစ်တယ်ဆိုရင် မင်းကိုသူ့ရင်ခွင်ထဲ တယုတယပွေ့ဖက်လေ့ရှိတယ်။ သူ့ရဲ့ရင်ခုန်သံကိုမင်းကိုကြားစေချင်လို့ပါ။
သူမင်းကိုတကယ်ချစ်တယ်ဆိုရင် မအိပ်ခင်မင်းကိုနှုတ်ဆက်လေ့ရှိတယ်။ မင်းကသူ့ရဲ့မိုးကောင်းကင်ဖြစ်နေလို့ပါ
သူမင်းကိုတကယ်ချစ်တယ်ဆိုရင် မင်းရဲ့မိသားစုသူငယ်ချင်းတွေနဲ့ သင့်မြတ်အောင်နေတက်တယ်။ သူတို့နဲ့အဆင်ပြေအောင်ဆက်ဆံတက်တယ်။ သူတို့ကမင်းနဲ့ပတ်သက်နေလို့ပါ။
သူမင်းကိုတကယ်ချစ်တယ်ဆိုရင် သူ့ရည်းစားဟောင်းကိုဘယ်တော့မှ ရင်းနှီးစွာမဆက်ဆံတက်ဘူး။ ယုတ်စွအဆုံးလမ်းခွဲပြီးနောက် သူငယ်ချင်းမိတ်ဆွေဖြစ်သည့်တိုင် အခက်ခဲရှိတဲ့အခါကူညီကောင်းကူညီပေမဲ့ သူငယ်ချင်းအဆင့်ထက်မပိုတက်ဘူး။
်သူမင်းကိုတကယ်ချစ်တယ်ဆိုရင် နည်းနည်းစီပေးဆပ်တက်တယ်။ ဒါပေမယ့်သူ့ဘက်ကပေးဆပ်ပြီး ချစ်တယ်ဆိုတာမင်းကိုပွင့်ပွင့်လင်းလင်း အသိပေးမှာမဟုတ်ဘူး။
သူမင်းကိုတကယ်ချစ်တယ်ဆိုရင် မင်းပြောသမျှမှတ်သားထားတက်တယ်။ မင်းအနေနဲ့ရယ်စရာပြောသည့်တိုင်စိတ်ထဲမှာ မှတ်ထားတက်တယ်။ မင်းကိုသဟဇာတဖြစ်မဲ့အပြုအမူမျိုးကို သူ့ဘဝထဲမှာမွေးမြူတက်တယ်။
သူမင်းကိုတကယ်ချစ်တယ်ဆိုရင် သူ့ဖုန်းထဲမှာမင်းနဲ့ပတ်သက်တဲ့အရာတွေကိုပဲအများအားဖြင့်တွေ့ရတက်တယ်။ မင်းကိုသတိရတဲ့အခါဖုန်းကိုထုတ်ကြည့်တက်တယ်။ ဘာလို့လဲဆိုတော့မင်းက သူ့ရဲ့ကံကောင်းခြင်းဖြစ်နေလို့ပါ။
သူမင်းကိုတကယ်ချစ်တယ်ဆိုရင် အကွာဝေးဆိုတာ သူ့အတွက်ပြသာနာမဟုတ်ဘူး။ အချစ်ကိုတည်တံ့စေတဲ့ ခွန့်အားတွေလို
့မြင်တက်တယ်။
သူမင်းကိုတကယ်ချစ်တယ်ဆိုရင် ဘယ်တော့မှမင်းကိုထားခဲ့မှာမဟုတ်ဘူး။ အခြေနေဘယ်လောက်ဆိုးဆိုးပေါ့။
 
Credit :  ချစ်သူအတွက်ခံစားချက်လေးတွေ ရင်ဖွင့်မယ်

စာဖတ်ကြရအောင်

No comments:

Subscribe

လာလည်သူများ

free counters