♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 25, 2015

"အချစ်ထက် အရေးကြီးတာ သစ္စာတရား... "

 
ယောက်ျားလေးတစ်ယောက်အတွက် အချစ်ထက်
အရေးကြီးတာဟာ ကိုယ်ကျင့်တရားရယ် သစ္စာတရားရယ်

မိန်းကလေးတစ်ယောက်အတွက် အချစ်ထက်
အရေးကြီးတာလည်း အရှက်နဲ့ သိက္ခာ •••

ချစ်ရင်ပိုင်ဆိုင် ချင်ကြတာမှန်ပေမဲ့ ကိုယ့်ချစ်သူရဲ့ 
တန်ဖိုး သိက္ခာတွေကို ထိန်းသိမ်းပေးဖို့ လည်း လိုသေးတယ်•••

အချစ်ဆိုတာ တကယ်တော့ ဥယျာဉ်မှုးကောင်းတစ်ယောက်
လိုပေါ့ အပင်တပင်ကိုအကောင်းဆုံးပြုစုပျိုးထောင်ပေးရတာ
အဲဒီအပင်ကို ချိုးပစ်ရတာမဟုတ်ဘူး •••

မြင့်မြတ်တဲ့ ချစ်ခြင်းတရားဆိုတာ ချစ်သူရဲ့ တန်ဖိုးကို
မြှင့်တင်ပေးတာ သူ့ ရဲ့ သိက္ခာတရားကို ထိန်းသိမ်းပေးတာ
ကိုယ့်ကြောင့်အပြောအဆိုမခံရစေတာ
သူ့ အရှက်ကို ကာကွယ်ပေးတာပါ •••

ချစ်တယ်ဆိုပီး သူ့ တန်ဖိုးကိုကျစေ သူ့ အရှက်ကိုလည်း
မဲ့စေရင် သင့်အချစ်ဟာ အပေါစားအချစ်ပဲဖြစ်မှာ •••

နှုတ်ခမ်းထက်က သတ်မက်မှု့ အနမ်းထက်
နဖူးထက်က အနမ်းဟာ မြင့်မြတ်တဲ့
ချစ်ခြင်းတရား တစ်ခုပါ

(ကောင်လေး)


Credit : http://www.lwinpyin.com/2015/12/blog-post_564.html

No comments:

Subscribe

လာလည်သူများ

free counters