♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 10, 2016

" သင့်ကောင်မလေး သင့်ကို စိတ်ကုန်သွားစေနိုင်သည့် အချက်များ "

အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဘယ်လိုဝတ်စားဆင်ယင်မှုမျိုးက သူတို့ကို ပိုပြီးဆွဲဆောင်မှုရှိစေမယ်၊ ဘယ်လိုပြင်ဆင်
မှုမျိုးကတော့ အမျိုးသားတွေကို စိတ်ကုန်သွားစေနိုင်တယ် စသဖြင့်ဘအကြံပြုလမ်းညွှန်ချက်တွေ အများအပြားရှိပါတယ်။ အမျိုးသမီးမဂ္ဂဇင်းတွေထဲမှာဆိုရင်လည်း ဒီလိုအကြံပြုချက်တွေက အများဆုံးပါနေတတ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေအတွက်လည်း အမျိုးသမီးတွေကို စိတ်ကုန်သွားစေနိုင်တဲ့ ရှောင်ရန် ဆောင်ရန်လေးတွေကို ဖော်ပြလိုက်ပါတယ်။
၁။ လက်သည်းတွေကို ဂရုစိုက်ပါ။
လက်သည်း ခြေသည်းတွေကို ဂရုစိုက်ဖို့ စိတ်ထဲမှအမြဲတမ်း သတိထားသင့်ပါဆယ်။ ဘာကြောင့်လဲဆိုတော့ ဂရုတစိုက် ညှပ်ထား သန့်ရှင်းထားခြင်းမရှိပဲ ညစ်ပတ်နေတဲ့ လက်သည်းတွေကို မိန်းကလေးတွေက ရွံတတ်ပြီး စိတ်ကုန်သွားစေနိုင်တာကြောင့်ဖြစ်ပါတယ်။
၂။ စားပွဲထိုးနဲ့ အခြားဝန်ဆောင်မှုပေးသူတွေကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံပါနဲ့။
ရိုင်းစိုင်းတာကို ဘယ်သူကမှ လက်မခံတတ်ကြပါဘူး။ လူတွေရဲ့ တကယ့်သရုပ်မှန်က အချိန်ခဏလေးအတွင်းမှာ ပေါ်လွင်လာလေ့ရှိပါတယ်။ သင့်အနေနဲ့ စားပွဲထိုးတွေ၊ အခြားဝန်ဆောင်မှုပေးတဲ့ အလုပ်သမားတွေကို ဆက်ဆံတဲ့ပုံစံကို အမျိုးသမီးတွေက စောင့်ကြည့်ပြီး သင်ဘယ်လိုလူမျိုးလဲ ဆ်ုတာကို အကဲဖြတ်အမှတ်ပေးလေ့ရှိပါတယ်။
၃။ ဖိနပ်ကိုလည်း ဂရုစိုက်ပါ။
သင်စီးတဲ့ဖိနပ်ကလည်း အရေးကြီးပါတယ်။ မိန်းကလေးတွေက အမျိုးသားတစ်ယောက်ရဲ့ဖိနပ်ကိုလည်း ဂရုတစိုက်ကြည့်တတ်ကြပါတယ်။ ဒါ့ကြောင့် အပေါ်ပိုင်းက အ၀တ်အစားတွေအားလုံး ဘယ်လောက်ပဲလန်းနေပါစေ၊ ဖိနပ်က ဟောင်းနွမ်းနေမယ်၊ မကောင်းတော့ဘူးဆိုရင် သင့်ကို စိတ်ပျက်သွားစေနိုင်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
၎။ သူမစကားပြောရင် အလေးထားနားထောင်ပါ။
တစ်စုံတစ်ယောက်က စကားပြောနေတာကို အရေးမစိုက်တာဟာ တစ်ဖက်လူကို အကြီးအကျယ်စော်ကားတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိန်းကလေးတစ်ယောက်နဲ့စကားပြောတဲ့အခါမှာ သူမရဲ့စကားတွေကိုလည်း ဂရုတစိုက် အလေးထားနားထောင်ပေးဖို့လိုအပ်ပါတယ်။
၅။ ချွေးနံ့ပျောက်ဆေးသုံးပါ။
ချွေးနံ့ပျောက်ဆေး သုံးတာ မသုံးတာက အရေးကြီးတဲ့ကိစ္စတစ်ခု မဖြစ်သင့်ပါဘူး။ ဒါပေမယ့် အမျိုးသမီးတွေက ဒီကိစ္စကို
တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိမရှိဆိုတာနဲ့တွဲပြီး သုံးသပ်လေ့ရှိပါတယ်။ ဒါ့ကြောင့် အပန်းမကြီးဘူးဆိုရင် ချွေးနံ့ပျောက်ဆေးတစ်ခုခု သုံးပါလို့ အကြံပြုချင်ပါတယ်။
၆။ တကိုယ်ကောင်းမဆန်ပါနဲ့။
အိပ်ရာထဲမှာပဲဖြစ်ဖြစ်၊ အပြင်လောကမှာပဲဖြစ်ဖြစ် တဖက်သားရဲ့ စိတ်ခံစားချက်နဲ့ လိုအပ်ချက်တွေကို အလေးမထားတတ်ပဲ ကိုယ့်ဖို့ပဲ ကြည့်တတ်သူတွေကို ဘယ်မိန်းကလေးကမှ နှစ်သက်မှာမဟုတ်ပါဘူး။
၇။ လိင်ဆက်ဆံရင် ခံစားမှုကို ထုတ်ပြောပါ။
လိင်ဆက်ဆံချိန်မှာ တဖက်လူအတွက် ကျေနပ်မှုရှိမရှိဆိုတာကို သူကိုယ်တိုင် ထုတ်ဖော်ပြသတာမျိုးမရှိပဲနဲ့ မသိနိုင်ပါဘူး။ ဒီကိစ္စဟာ အမျိုးသမီး တော်တော်များများအတွက် အရေးပါတဲ့ ကိစ္စဖြစ်ပြီး သူတို့ရဲ့အဖော်အတွက် ဘယ်လိုခံစားမှုမျိုးပေးနိုင်လဲဆိုတာကို သိချင်တတ်ကြပါတယ်။ ဒါ့ကြောင့် ကျေနပ်မှုရှိတယ်၊ ဘယ်လိုကောင်းတယ်ဆိုတာကို ထုတ်ဖော်ပြောကြားသင့်ပါတယ်။
၈။ မင်းက တခြားမိန်းကလေးတွေနဲ့ မတူဘူးလို့ မပြောပါနဲ့။
ဒီလိုပြောတာက မိန်းကလေးတွေကို ကျေနပ်နှစ်သက်စေလိမ့်မယ်လို့ အမျိုးသားတွေက ယူဆတတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုပြောတာက တခြားမိန်းကလေးတွေကို အထင်သေးပြီး မင်းတစ်ယောက်ကပဲ ထူးခြားနေတယ်ဆိုပြီး အလွန်အကျွံမြှောက်ပင့် နေသလိုမျိုးဖြစ်စေပါတယ်။ ပြီးတော့ မိန်းကလေးတွေက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် သဘောကျနှစ်သက်တဲ့ အချက်တွေရှိတတ်ပါတယ်။ ဒါ့ကြောင့် အခြားမိန်းကလေးတွေနဲ့ မတူဘူးလို့ မပြောမိပါစေနဲ့။
၉။ သူမကို ပြောဆိုခွင့်ပေးပါ။
အမျိုးသမီးတွေရဲ့ အတွေးတွေ စိတ်ကူးတွေကိုလည်း ဆုံးတဲ့အထိနားထောင်ပေးပြီး ပြောခွင့်ပေးထားဖို့လိုပါတယ်။
၁၀။ ကောင်မ လို့ မခေါ်ပါနဲ့။
အမျိုးသမီးတွေဟာလည်း လူသားတွေဖြစ်တဲ့အတွက် တိရိစ္ဆာန်နဲ့ နှိုင်းသလို ကောင်မလို့ ခေါ်တာမျိုးကို မကြိုက်ကြပါဘူး။
၁၁။ သင့်ရဲ့တယူသန်ကိစ္စတွေအတွက် စိတ်လျော့ဖို့မပြောပါနဲ့။
သင့်ကိုယ်တိုင်ကပဲဖြစ်ဖြစ် သင့်ရဲ့သူငယ်ချင်းတွေကပဲဖြစ်ဖြစ် အသားအရောင်၊ လူမျိုးရေးနဲ့ မိန်းမမုန်းတီးရေးတို့လို တစ်ယူသန်ကိစ္စတွေကို ပြောဆိုပြုမူပြီးတော့မှ စိတ်လျှော့ဖို့ စိတ်ထဲမထားဖို့ မပြောသင့်ပါဘူး။ ပြီးမှ စိတ်ပြေအောင်ချော့တာမျိုးထက် အစကတည်းက မပြောမိအောင် မလုပ်မိအောင် သတိထားသင့်ပါတယ်။
၁၂။ နောက်မကျပါစေနဲ့။
ဒါဟာ အရေးကြီးတဲ့ အခြေခံလိုအပ်ချက်တစ်ခုပါ။ တစ်နေရာရာကို ဘယ်အချိန်ရောက်မယ်လို့ ပြောထားရင် ပြောတဲ့အချိန်ကို ရောက်အောင်သွားပါ။ ထပ်ကာထပ်ကာနောက်ကျနေတာက သူမအပေါ်ဂရုမစိုက်ရာရောက်ပြီး စိတ်ပျက်သွားစေနိုင်ပါတယ်။
၁၃။ သူမရဲ့ရယ်စရာဟာသတွေကို လစ်လျူမရှုပါနဲ့၊
အမျိုးသမီးတွေက သဘောကျတဲ့ ရယ်စရာဟာသတစ်ခုခုကို ပြောတဲ့အချိန်မှာ ဘာမှမဟုတ်တဲ့ ကိစ္စတစ်ခုလို လစ်လျူရှုမထားပါနဲ့။ ဒါကလည်း သင့်ကို စိတ်ကုန်သွားစေနိုင်တဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
၁၄။ မုတ်ဆိတ်မွှေးတွေ မထားပါနဲ့။
ဘာမှမဖြစ်ရင်တော့ မဖြစ်ပါဘူး။ ဒါပေမယ့် အမျိုးသားတိုင်းက မုတ်ဆိတ်မွှေးနဲ့ မလိုက်ဖက်ပါဘူး။ ဒါ့ကြောင့် နှမြောမနေပါနဲ့။
၁၅။ အကြိုက်ချင်းမတူတိုင်း မနှိမ်ပါနဲ့၊
မိန်းကလေးတစ်ယောက်ရဲ့ ၀ါသနာနဲ့ အကြိုက်က သင်နဲ့မတူညီတိုင်း သူမရဲ့အကြိုက်ကို မနှိမ်ပါနဲ့။ ဒီလိုလုပ်တာက သူမကို ၀မ်းနည်းစေပြီး သင့်ကို စိတ်ပျက်လာစေနိုင်ပါတယ်။
၁၆။ အိပ်ရာထဲမှာ သင့်ကိစ္စပြီးတိုင်း ပြီးတယ်မထင်ပါနဲ့။
သင့်အမျိုးသမီးဟာ အပြာဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်မိန်းကလေး သင့်ကို စ်တ်ကုန်မသွားစေချင်ရင် အိပ်ရာထဲမှာ တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ သင့်အလိုဆန္ဒပြည့်ဖို့ချည်းပဲ အာရုံစိုက်မနေသင့်ပါဘူး။
၁၇။ စကားနိုင်လုပြီး အနိုင်မယူပါနဲ့။
ဒီအချက်က မိန်းကလေးတွေ လုံးဝမကြိုက်တဲ့ အချက်ဖြစ်ပါတယ်။ သင့်ကောင်မလေးနဲ့ အငြင်းပွားစရာကိစ္စတစ်ခုခုကြုံတိုင်း သူမကို အနိုင်ရဖို့ချည်းပဲ ဖိပြောမနေပါနဲ့။
၁၈။ အလွန်အကျွံသ၀န်မတိုပါနဲ့
မိန်းကလေးတွေက ကိုယ့်ချစ်သူ အမျိုးသားက အခြားမိန်းကလေးကိုကြည့်ရင် မကြိုက်ကြသလိုပဲ အမျိုးသားတွေကလည်း လုပ်တတ်ကြပါတယ်။ ဒီလိုမျိုး သ၀န်တိုတာအရမ်းများလာပြီဆိုရင် နှစ်ဦးသားဆက်ဆံရေးမှာ ဖိအားတွေများလာနိုင်ပြီး စိတ်ပျက်စရာတွေ ဖြစ်လာနိုင်ပါတယ်။
၁၉။ အ၀တ်အစားတွေ မညစ်ပတ်နေပါစေနဲ့
ဒါလည်း အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ မိန်းကလေးတွေ စိတ်ကုန်သွားအောင် ညစ်ပတ်ပြီး မတော်မတည့်အ၀တ်အစာတွေ မ၀တ်မိပါစေနဲ့။
၂၀။ သူမပစ္စည်းကို ပေါက်တတ်ကရနာမည်တွေ မခေါ်ပါနဲ့။
အချစ်လှိုဏ်ခေါင်းလေး၊ ကွတ်ကီးလေး စသဖြင့် သူမရဲ့မိန်းမကိုယ်ကို လျှောက်မခေါ်ပါနဲ့။ ဒါမျိုးကို မိန်းကလေးတွေက မနှစ်မျို့တတ်ကြပါဘူး။
သေချာသတိထားဖတ်ကြည့်ရင် ဒီအချက်တွေထဲက တော်တော်များများကို လုပ်ပြီးတတ်ကြတာကို တွေ့ရမှာပါ။ ဒါ့ကြောင့် နောက်တစ်ခါ ဒီလိုမျိုးတွေ မလုပ်မိစေပဲ မိန်းကလေးတွေကို စိတ်ပါလာအောင်ဆွဲဆောင်နိုင်တဲ့ အမျိုးသားတွေ ဖြစ်အောင်ဆင်ခြင်နိုင်မှာဖြစ်ပါတယ်။

No comments:

Subscribe

လာလည်သူများ

free counters