♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 11, 2016

" ပယင်းကျောက် စစ်မစစ် စမ်းသပ်နည်း ၁၀ ချက် "

1.Floating Test or Salt water Test (ဆားရည်ဖြင့် စမ်းခြင်း)
စမ်းသပ် လိုသော ပယင်းကို .. (အထည်ဖြစ်ပါက အထည်မှ ဖြုတ်ပါ) ဆားရည်တွင် စိမ်ပါ..
ထိုအခါ ပယင်းသည် ဆားရည်ပေါ်တွင် ပေါလောပေါ်ရမည်..

ပြချက် ..
ပယင်းသည် ရေချိန်သိပ်သည်းဆ (Specific gravity) 1.04 ရှိတယ်
ရေချိန် သိပ်သည်းဆသည် 1 အတိ ရှိပါတယ်..
ရေ တစ်ဖန်ခွက်ကို ဆား tea spoon (လက်ဖက်ရည်ဇွန်း) ၇ ဇွန်း ဖြင့် ပြည့်ဝ ဆားပျော်ရည် ပြုလုပ်သော် .. သိပ်သည်း ဆသည် 1.1ဖြစ်လာ ပါသည်
ထို့ကြောင့် ဆားရည်ပေါ်တွင် ပယင်းမပေါ်နိုင်ပါ ..

မှတ်ချက် .. ယင်စမ်းသပ်မှုမှာ ၁၀၀ % မသေချာသေးပါ .. pressed amber သည်လည်း ဆားရည်တွင် ပေါ်ပါသည်။

Press amber ဆိုသည်မှာ ကွဲအက်နာ များဖြင့် (ရောင်းပန်းမလှ) ပယင်း အစစ်ကို ဓါတုဗေဒ နည်းဖြင့် ဖိသိပ်ပြီး သဘာဝ ပယင်းကဲ့သို့ ပြန်လည် ပြုပြင်ထားခြင်း
Press amber နဲ့ natural amber ကို ခွဲနိုင်ရန် အပ် (သို့) အခြား .. နီရဲအောင် မီးကင်ပြီး ပယင်းကို ထိုးကြည့်ပါ အစစ်ဆိုရင် ထင်းရှူးနံ့ (သို့) ချယ်ရီ (သို့) သစ်သားနံ ထွက်ပါမည်.. အတုဆိုရင် ပလစ်စတစ် ညော်နံ့ ၀ါယာ ညော်နံ့ ထွက်ပါမယ်။

ပျက်စီးမှု အနည်းအများ ရှိနိုင်သည့် အတွက် စမ်းသပ်ရန် မသင့်တော်ပါ ...




၂ . ရေနွေးပူဖြင့် စမ်းသပ်ခြင်း
ပယင်းကို ရေနွေးပူဖြင့် စိမ်ပီး အနံ့ခံကြည့်လျှင်
အစစ်ဆိုလျှင် = သစ်မွှေးနံ့ ရမယ်၊ ချယ်ရီသားနံ့ ထင်းရှူးနံ့
အတုဆိုလျှင် = ကာဘော်လစ်နံ့ ၊ ညော်နံ၊

မှတ်ချက် - ပယင်းသည် ရေနွေးစိမ် ခံပါတယ် ..
ပြချက် - ပယင်းသည် အပူချိန် 200°C to 300° C ရှိပြီး ရေနွေးသည် 100°C မျှသာ ရှိပါတယ် .. ဒီထက် များသွားရင် အငွေ့ပျံသွား ပါတယ်။



၃. လက်သည်း ဖျက်ဆေးကို ၀ါဂွမ်းမှာ တို့ပြီး ပယင်းကို ခပ်နာနာ ပွတ်ကြည့်ပါ ..
ပယင်း စစ်လျှင် မည်သို့မျှ မထူးခြားပါ ..
ပယင်းအတု ဆိုလျှင် (Copal . plastic) များဆိုလျှင် ၀ါဂွမ်းတွင် စေးကပ်ကပ် ဖြစ်ကာ အစေးများ ကပ်ပါလိမ့်မယ်

မှတ်ချက် - ဖန်ဖြင့် ပြုလုပ်ထားသော ပယင်း ဆိုလျှင် သည်နည်းဖြင့် မစမ်းနိုင်ပါ



၎ အပ် သို့မဟုတ် ဓါးဦးချွန် ဖြင့် အနည်းငယ်ခြစ်ကြည့်ပါ ..
ပယင်းစစ်လျှင် .. အမှုန့်များ လွယ်ကူစွာကျလာပါလိမ့်မယ် .. အစလေးတွေ ပဲ့ကျပါလိမ့်မယ် ..
ပလတ်စတစ် ဆိုလျှင်.. ငြိနေလိမ့်မယ် .. အစအန အမှုန့် များလည်း လျောလျော ရှုရှု မကျနိုင်ပါ
ဖန် ဆိုလျှင် အပ်.. ဓါးဦး မတိုးပါ။

မှတ်ချက် - Copel အား မစစ်နိုင်ပါ .. မပေါ်ပါ



၅. rubbing test. .
ပယင်း ကို ချည်ထည် သိုးမွှေး တို့ဖြင်နာနာပွတ်ပါ . .
electro meganetic field ( negative) ထွက်လို့ ပေါ့ပါးတဲ့ ဆံပင် ဌက်မွှေး စက္ကူ အပိုင်းအစ လေးများ
ကို ဆွဲငင် တယ် . .plastic . .ဖန် . .မဆွဲငင်ပါ.



၆. taste
ဒါကတော့ အတွေ့ အကြုံ ရှိမှပါ . .ပယင်းကို အနံ့ မပါသော ဆပ်ပြာဖြင့် ရေစင်အောင် ဆေးပါ . . လျှာဖျားလေးနဲ့တို့ကြည့် ချယ်ရီသား အရသာ . . ထင်းရှူး အရသာ ခံစားမိမယ် . .plastic . .ဖန် . .မရှိပါ . .

မှတ်ချက် - copal စမ်းမရပါ.. မပေါ်ပါ



၇. smell
ထိုနည်း၎င်း ပဲရှူကြည့် . . ချယ်ရီိ ထင်းရှူးနံ့ ရမယ်...



၈ touch !
ပယင်းဟာ နွေးတဲ့ အထိအတွေ့ ရှိပါတယ် . .plastic . .ဖန် မရှိပါ . .

မှတ်ချက် - copal စမ်းမရပါ



၉. Uv
ပယင်း ဟာ short wave ultraviolet ခရမ်းလွန် ရောင်ခြည် နဲ့ စမ်းရင် glow ခေါ် မီးစုန်း တောက်ပါတယ် ဖန် နဲ့ ပလပ်စတစ် ကတော့ မပြပါ . .

မှတ်ချက်
Ambriod နှင့် copal မှာလဲ ထိုနည်းလည်းကောင်း glow ပြပါတယ် . . . မပေါ်ပါ ..

10. ဆားပြည့်ဝ ပျော်ရည်မှာ စိမ်
အထက်၌ ဖော်ပြပြီး . . .

ရည်ရွယ်ချက် ။ ၊၊ မြန်မာ့ပယင်း အား အတုအစစ် ခွဲခြား တတ်စေရန် မျိုးဆက်သစ် လူငယ်များ အား လက်လမ်းမှီ သလောက် ပြန်လည် မျှဝေပေးခြင်း မျှသာ ဖြစ်ပါသည်..
အထက်ပါ အားလုံးနဲ့ ကိုက်ညီမှသာ တန်ဖိုးမြင့်မားသော .. ပယင်းရတနာကို ၀ယ်ယူရန် တိုက်တွန်းရင်း နိဂုံးချူပ်ပါသည်။

မူရင်း ရေးသားသူ ကိုညီညီနိုင်

Original link - https://www.facebook.com/groups/HPONEMOEEINT/permalink/734889989948660

No comments:

Subscribe

လာလည်သူများ

free counters