♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 12, 2016

" အဖေဖြစ်သူက သမီးကို ဆေးကုပုံဟာ ထူးဆန်းလွန်းတာကြောင့် အွန်လိုင်းမှာ နာမည်ကြီး"

 
တရုတ်နိုင်ငံ Hebei ပြည်နယ်က လူတစ်ဦးရဲ့ သမီးကို ဆေးကုပုံဟာ ထူးဆန်းလွန်းတာကြောင့် အွန်လိုင်းမှာ နာမည်ကြီးနေ
ပါတယ်။

NetEase ရဲ့ဖော်ပြချက်အရ Wang Jingshuai လို့ ခေါ်တဲ့ အသက် ၃၃ နှစ်အရွယ် ဒီလူဟာ အလွန်ဆင်းရဲပါတယ်။ သူ့ရဲ့ သမီးဟာ ရှားပါးရောဂါတစ်မျိုးကို ခံစားနေရပြီး ဆေးရုံလည်းမတင်နိုင်ပါဘူး။ သူရှိတဲ့ ပိုက်ဆံတွေအကုန်လုံးအပြင် ချေးဌားပြီး သမီးကို ကုခဲ့တာ အကြွေးတွေက တနင့်တပိုးဖြစ်နေပါတယ်။

ကြံရာမရဖြစ်နေတဲ့သူ့ကို သူငယ်ချင်းတစ်ယောက်က ရိုးရာဆေးနည်းတစ်ခုပေးခဲ့ပြီး ဒါကတော့ မြွေတစ်ကောင်ဝယ်ပြီး အကိုက်ခံခိုင်းတာဖြစ်ပါတယ်။ သူကလည်း သူငယ်ချင်းပြောတဲ့အတိုင်း မြွေတစ်ကောင်ဝယ်ပြီး သမီးကို အကိုက်ခံခိုင်းခဲ့

ပါတယ်။ ကိုက်ခံပြီး သိပ်မကြာခင်မှာပဲ သူ့သမီးဟာ မြွေဆိပ်တက်လာတာကြောင့် ဆေးရုံကို အပြေးအလွားပို့ခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။

Credit : http://www.lwinpyin.com/2016/01/blog-post_14.html

No comments:

Subscribe

လာလည်သူများ

free counters