♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 14, 2016

" ကိုယ့်အသားအနာခံ ကိုယ့်အဆီကိုသုံးပြီး ဆပ်ပြာလုပ်ကာ ရည်းစားဟောင်းကို ကလဲ့စားချေတဲ့ မိန်းကလေး "

 
ခန္ဓာကိုယ်ထဲက အဆီတွေစုပ်ထုတ်ပြီး ကိုယ်အလေးချိန်လျှော့ချခဲ့တဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ရဲ့အဆီတွေနဲ့ ဆပ်ပြာတုံးလုပ်ကာ ချစ်သူဟောင်းဆီ ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆပ်ပြာတုံးနဲ့အတူ သူ့ရဲ့ကိုယ်ဟန်အသစ်ကိုလည်း ဓာတ်ပုံရိုက်တွဲပို့ခဲ့တဲ့အပြင် သူဘယ်သူလဲဆိုတာကို ဒီမိန်းကလေးက တရုတ် Weibo လူမှုကွန်ရက်မှာ Xiaoxiao ဆိုပြီး အတိအကျဖော်ပြခဲ့ကာ ချစ်သူဟောင်းကိုလှလှပပကလဲ့စားချေခဲ့
ပါတယ်။

ဒီမိန်းကလေးက သူ့အဆီတွေနဲ့ ဆပ်ပြာတောင့်တွေလုပ်ခဲ့ပြီး သူ့ချစ်သူဟောင်းရဲ့မိသားစုကို တရုတ်နှစ်သစ်ကူး
လက်ဆောင်ပေးချင်တဲ့အတွက် အခုလိုလုပ်ခဲ့တာလို့ပြောသလို သူ့ရဲ့ထူးခြားတဲ့စိတ်ကူးနဲ့ ကလဲ့စားချေမှုကလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ကင်ပွန်းတပ်ခြင်းအမျိုးမျိုးနဲ့ နာမည်ကြီးနေပါတယ်။

Xiaoxiao က သူအခုလို ဆပ်ပြာတုန်းပို့ပေးရတာကတော့ သူ့ချစ်သူဟောင်းဟာ သူတို့လမ်းမခွဲခင်းမှာ သူ့ခန္ဓာကိုယ်အချိုး
အစားကို ပျစ်ပျစ်နှစ်နှစ်မခံသာအောင် ပြောခဲ့တာကြောင့် သူပို့လိုက်တဲ့ဆပ်ပြာတုံးနဲ့ ပါးစပ်ဆေးစေချင်တာကြောင့်လို့
ဆိုပါတယ်။

အင်တာနက်အသုံးပြုသူတွေက လူအဆီကနေ ဆပ်ပြာလုပ်တာကတော့ ရွံစရာကောင်းပေမယ့် ဒီမိန်းကလေးရဲ့
ကလဲ့စားချေပုံက သင်းလှတာကြောင့် သူ့ချစ်သူဟောင်းအပေါ် အောင်ပွဲပြန်ရတာကို သြဘာပေးသံများခဲ့ပါတယ်။


Ref: Metro
ညီမင်းဟန်(ဆန္ဒကူး)

Credit :  http://www.lwinpyin.com/2016/01/blog-post_19.html

No comments:

Subscribe

လာလည်သူများ

free counters