♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 13, 2016

" Facebook Video များ ဒေါင်းလုဒ် ရယူနည်း "

 
ဖေ့စ်ဘွတ်ခ်သုံးစွဲသူ အများစု ကိုယ်ကြိုက်နှစ်သက်တဲ့ video တွေကို ဖေ့စ်ဘွတ်ခ်ကနေ ဒေါင်းလုဒ်ဆွဲလို့ မရတဲ့အခါ စိတ်ပျက်ကြရပါတယ်။ ဒါပေမယ့် ကိုယ်နှစ်သက်သဘောကျတဲ့ video ကို ဒေါင်းလုဒ်ရယူပြီး သိမ်းဆည်းနိုင်တဲ့
နည်းလမ်းတွေ ရှိပါတယ်။

အရင် ကိုယ်တင်ခဲ့တဲ့ video ကို download ရယူနည်း
အရင်က ကိုယ် upload လုပ်ခဲ့တဲ့ ဗွီဒီယိုတွေ ဖေ့စ်ဘွတ်ခ်ကနေ download ဆွဲဖို့ဆိုရင် လွယ်ပါတယ်။
၁။ Facebook ကို ဖွင့်၊ Photos/ Albums ကို သွားပါ။
၂။ မိမိ download လုပ်ချင်တဲ့ video ကို select လုပ်ပြီး ဖွင့်ပါ။
၃။ Video ကို ဖွင့်ပြီးတာနဲ့ video ရဲ့အောက်က Options link ကို နှိပ်ပါ။
၎။ Options link ထဲမှာ Download HD နဲ့ Download SD စတဲ့ options လေးတွေရှိပါတယ်။
၅။ မိမိ download ချင်တဲ့ video quality ပေါ်မူတည်ပြီး လိုအပ်တဲ့ link ကို နှိပ်ရပါမယ်။

Friend တစ်ယောက်ယောက်မှ share/ post လုပ်ခဲ့တဲ့ video ကို download ရယူရန်
ကိုယ် upload လုပ်ခဲ့တဲ့ ဟာတွေနဲ့ မတူတဲ့ အချက်က Facebook ကနေနဲ့ friend တွေက share/ post လုပ်ထားတဲ့ video တွေ download ခွင့် ပေးမထားတာပါပဲ။ ဒါပေမယ့် ဒါကိုလည်း ဘာဆော့ဖ်ဝဲလ်မှ သုံးစရာမလိုဘဲ ဖေ့စ်ဘွတ်ခ်ပေါ်က ဘယ် video မဆို download ပြီး save လုပ်နိုင်တဲ့ လုပ်ဆောင်ချက်အဆင့်လေးတွေ ရှိပါတယ်။

၁။ Facebook ဖွင့်ပြီး download ဆွဲချင်တဲ့ video ကို ရှာပါ။
၂။ ဖွင့်ပြီး address bar မှာ link ကို select မှတ်ပါ။
၃။ နောက် Address bar ရှိ URL ကို အောက်ပါအတိုင်း ပြောင်းပါ။
'www' ကို 'm' ပြောင်း၊ URL ရဲ့ အစက https://m.facebook.com ဖြစ်သွားပါလိမ့်မယ်။
၎။ ပြောင်းပြီးတာနဲ့ ၄င်း page ရဲ့ mobile version ကို enter နှိပ်ဖွင့်ပါ။
၅။ ၄င်း mobile version page လေး ပွင့်လာတဲ့အခါ play လုပ်၊ video ကို right click နှိပ်ပြီး options ထဲမှ Save video as, Save target as သို့မဟုတ် Save link as စတဲ့တွေကို မိမိအသုံးပြုနေတဲ့ browser ပေါ်မူတည်ပြီး
select လုပ်ပါ။
၆။ နောက်ပြီး save ချင်တဲ့နေရာကို ရွေးချယ်ပေးရပါမယ်။
Ref: Indiatimes

လွယ်ကူမှုရှိအောင် ဒီဗီဒီယိုလေးကို ကြည့်ရှုနိုင်ပါတယ်..  မူရင်းဗီဒီယိုလင့်မှာ....
https://youtu.be/_10Qa1MOssk

ဗီဒီယို...


Credit : http://www.trend.com.mm/2016/01/12/tech-8558

No comments:

Subscribe

လာလည်သူများ

free counters