♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 16, 2016

" သင့်အချစ်ရေးမှာ ရင်ခုန်ကာစ ဖီလင်မျိုး တစ်ပတ်အတွင်း ပြန်ရစေဖို့ "

 
ရည်းစားဖြစ်ကာစ စုံတွဲလေးတွေကို ကြည့်ပြီး "ငါတို့ရော အဲဒီလို ရင်ခုန်ကာစ ဖီလင်လေးတွေ ပြန်ရနိုင်ပါဦးမလား" လို့ ကိုယ့်ကိုကိုယ်မေးခွန်း ထုတ်မိဖူးပါသလား။သေချာတာပေါ့။ သင်နောက်တစ်ကြိမ် ရနိုင်ပါသေးတယ်။ ချစ်ခြင်းဖွဲ့ ပုံရိပ် တွေကရတဲ့ ခံစားချက်တွေဟာ ပထမဆုံးချိန်တွေ့တဲ့နေ့ ၊ လက်ထပ်ခွင့်တောင်းတဲ့နေ့ ဒါမှမဟုတ် တစ်ခြား အမှတ်တရ တွေအားလုံးထက် တည်မြဲနေမှာပါ။ အဲဒါဆိုရင် သင်နဲ့ သင့်ချစ်သူရဲ့  လက်ရှိအချိန်တွေ မှာလည်း ရည်းစားဖြစ်ကာစလို ပြန်ဖြစ်လာဖို့အတွက် ချစ်ခြင်းဖွဲ့ ပုံရိပ်တွေ ဘယ်လိုဖန်တီးရမလဲ။ ချစ်ခြင်းဖွဲ့ ပုံရိပ်ဆိုတာဟာ စားပွဲဝိုင်းတစ်ခုမှာ ဟိုဘက် ဒီဘက်ထိုင်ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ညစာစားတာကို ဆိုလိုတာ မဟုတ်ပါဘူး။ အချိန် ၇ ရက်အတွင်းမှာတင် ကဗျာဆန်တဲ့ ချစ်ခြင်းဖွဲ့ ပုံရိပ်တွေ ဖန်တီးဖို့အတွက် အောက်ပါ
အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

ပထမနေ့ : အနှိပ်သည်လုပ်တမ်း ကစားပါ
အွန်လိုင်းကနေ နှိပ်နည်း(massage tips) တွေကို ရှာဖွေလေ့လာကြည့်ပါ။ ပြီးရင်တော့ ဖယောင်းတိုင်တွေ ထွန်းပြီး မှိန်ပြပြ အလင်းရောင်အောက်မှာ ငြိမ့်ငြောင်းတဲ့ ဂီတ သံစဉ် ကိုနားဆင်ရင်း တစ်ယောက်ကို တစ်ယောက် အကြောတွေ ပြေလျော့ဖို့ နှိပ်နယ်ပေးလိုက်ပါ။ 
ဒုတိယနေ့ : အချစ်ကိုဖော်ပြတဲ့ စာတစ်စောင်ရေးပါ
ဒီစာ ထဲမှာတော့ သင့်ချစ်သူကို သင် အသိအမှတ်ပြုခဲ့တဲ့ အကြောင်းအရင်း အတိအကျ ကိုထည့်သွင်းရေးသားလိုက်ပါ။ 

တတိယနေ့ : ရှေးဟောင်းနှောင်းဖြစ်
သင်တို့ ၂ ယောက်ရဲ့  ပထမအနမ်းကို ဘယ်လို ခြွေခဲ့ကြတယ်ဆိုတာကို မှတ်မိအောင် ကြိုးစားပါ။ အဲဒီတုန်းက
အနေအထားမျိုးကို ပြန်ရောက်လာအောင် ပြုလုပ်ဖို့အတွက် အချိန်ပေးပါ။ 

စတုထ္ထနေ့ : ချစ်သူအကြိုက်ဆုံး အစားအစာ ကို ချက်ပြုတ်ပေးပါ
တစ်ခါတစ်ရံမှာ လုပ်ရပ် တွေဟာ စကားလုံးတွေထက် အဓိပ္ပာယ်ရှိပါတယ်။ 

ပဉ္စမနေ့ : လက်ဆောင်တစ်ခုပေးပါ
ကြီးတာပဲ ဖြစ်ဖြစ် သေးတာပဲ ဖြစ်ဖြစ်သင့်ချစ်သူ တစ်ခါမှ မ၀ယ်ဖြစ်ခဲ့တဲ့ အရာကို လက်ဆောင်ပေးပါ။ တန်ဖိုးကြီး ဖယောင်းတိုင် လှလှပပ လေးပဲ ဖြစ်ဖြစ် ၊ ဖန်စီ ၀ိုင်ပုလင်းလေးပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ 

ဆဌမ နေ့ : အစွဲရှိတဲ့ နေရာ တစ်ခုကို ပြန်သွားပါ
သင်တို့ ၂ ယောက်ရဲ့ အချစ်ရေးကို အမှတ်တရ ဖြစ်စေခဲ့တဲ့ ဘားဖြစ်ဖြစ် စားသောက်ဆိုင် ဖြစ်ဖြစ် ပြန်သွားပြီး ရည်းစားဖြစ်ကာစ က အောက်မေ့ဖွယ် ဖြစ်ရပ်လေးတွေအကြောင်း ပြန်ပြောပါ။ 

သတ္တမနေ့ : ချစ်ခြင်းဖွဲ့ ပုံရိပ်တွေကို ဆက်လက်ထိန်းသိမ်းပါ
အခုကစပြီး မရှက်ပါနဲ့တော့။ ၆ ရက်တာ သင်နေထိုင်ခဲ့သလိုပဲ ကဗျာဆန်တဲ့ ချစ်ခြင်းဖွဲ့ ပုံရိပ်တွေထဲမှာပဲ ဆက်လက်နေထိုင်ပါ။ ဘယ်သွားသွား ချစ်သူကို လက်တွဲထားပါ။ တစ်ခါတစ်ရံ ခိုးနမ်းပါ။ မကြာမကြာ ပွေ့ဖက်ပေးပါ။  
Ref:popsugar

Credit : http://www.trend.com.mm/2016/01/15/relationships-8592

No comments:

Subscribe

လာလည်သူများ

free counters