♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 13, 2016

" လှောင်အိမ်ထဲက လူသားတွေကို အငမ်းမရ ကြည့်နေကြတဲ့ သားရဲတိရစ္ဆာန်ကြီးများနေထိုင်ရာ တလိပ်ဆံရုံ (တိရစ္ဆာန်ရုံ) "

 
တရုတ်နိုင်ငံ၊ ချုံကင်းမြို့က လီဟီလီဒူတောရိုင်းတိရစ္ဆာန်ဥယျာဉ်ဟာ လာရောက်လည်ပတ်သူတွေကို သံလှောင်အိမ်တပ်ထားတဲ့ကားနဲ့ တိရစ္ဆာန်ရုံအနှံ့လိုက်ပို့ပေးဖို့ ကြိုတင်မှာကြားမှုတွေ တော်တော်များများရရှိနေပါတယ်။

သံလှောင်အိမ်ထဲက လာရောက်လေ့လာသူတွေဟာ ကြက်အရှင်တွေကိုသုံးပြီး ဘင်္ဂလားကျားတွေ၊ ကျားဖြူတွေနဲ့ ၀က်ဝံတွေကို မြူဆွယ်နိုင်ပြီး အနီးကပ်ကြည့်ရှုနိုင်ပါတယ်။

သံလှောင်အိမ်ထဲကနေပြီးတော့လည်း သတ္တိရှိတဲ့ဧည့်သည်တွေက ခြင်္သေ့တွေ၊ ကျားတွေကို အပေါက်လေးတွေထဲကနေ
အစာကျွေးနိုင်ပါသေးတယ်။

ဒီတိရစ္ဆာန်ရုံကို ၂၀၁၅ ခုနှစ်က စဖွင့်ခဲ့တာဖြစ်ပြီး နောက် ၃ လအထိ လာရောက်လည်ပတ်ဖို့ ကြိုတင်မှာကြားထား
တာတွေအပြည့်ပဲလို့ သိရပါတယ်။










Ref: Daily Mail
ညီမင်းဟန်(ဆန္ဒကူး)

Credit : http://www.lwinpyin.com/2016/01/blog-post_34.html

No comments:

Subscribe

လာလည်သူများ

free counters